အဝတ်အစားမပါဘဲ မိုးပျံရထားစီးလို့ရမယ့် အပန်းဖြေ ဥယျာဥ်

ဘရာဇီးလ်နိုင်ငံ မှာရှိတဲ့ Erotika Land ဆိုတဲ့အပန်းဖြေဥယျာဉ်တစ်ခုဟာ ကမ္ဘာပေါ်ကတခြား ဘယ်အပန်းဖြေဥယျာဥ်တွေနဲ့မှမတူညီတဲ့ အပန်းဖြေဥယျာဥ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပန်းဖြေဥယျာဥ်ထဲကို လာရောက်လည်ပတ်သူတွေအားလုံးဟာလည်း ထူးခြားတဲ့စည်းမျဥ်းတွေကိုလိုက်နာရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအပန်းဖြေဥယျာဥ်ထဲမှာရှိတဲ့ ဆင်ယင်ထားတဲ့အရာအားလုံးဟာ S3x နဲ့ပက်သက်တဲ့ အရာတွေချည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီဥယျာဉ်ကြီးထဲမှာ S3x နဲ့ပက်သက်တဲ့ သမိုင်းကြောင်းတွေကိုပြသဖို့ ပြတိုက်တစ်ခုလည်း ထားရှိထားပါတယ်။ shwekhitonlinetv.com

ဒီဥယျာဉ်ကြီးထဲမှာ တားမြစ်ထားတာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ လိင်ဆက်ဆံခြင်းပါ။ “ဒီဥယျာဥ်အတွင်းမှာ လိင်ဆက်ဆံခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ သာမန်ပွေ့ဖက်နမ်းရှုံ့တာမျိုးကို ခွင့်ပြုထားပေမယ့် နောက်တစ်ဆင့်တက်ချင်သူတွေ အတွက်တော့ အနီးနားမှာရှိတဲ့ ဟိုတယ်တွေဆီကိုသွားဖို့ အကြံပြုပါရစေ” လို့ ဒီပန်းခြံကို အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော်အကုန်ခံပြီးတည်ဆောက်ထားတဲ့ ပိုင်ရှင်က ဆိုပါတယ်။ shwekhitonlinetv.com

နောက်ပြီး ဒီဥယျာဉ်ကြီးထဲမှာ 7D ရုပ်ရှင်ရုံကြီး ရှိပြီး ထိုင်ရမယ့်ခုံတွေက Massage Chair တွေလိုမျိုး Vibrate ဖြစ်နေမှာဖြစ်ပါတယ်။ ဒီပန်းခြံထဲမှုလိင်ကိစ္စတွေကိုတားမြစ်ထားပေမယ့် လိင်နဲ့ဆက်စပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ ရောင်းချပေးတဲ့ဆိုင်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

အထူးခြားဆုံးကတော့မိုးပျံရထားပဲဖြစ်ပြီး စီးမယ့်သူတွေအနေနဲ့ အဝတ်အစားမပါရှိဘဲ စီးနင်းခွင့်ပြုမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအပန်းဖြေဥယျာဉ်ကြီးဟာ Sao Paulo မြို့ကနေ (၂) နာရီလောက်ကားမောင်းသွားရတဲ့ Piracicaba မြို့ အနီးမှာတည်ရှိပါတယ်။ ဒီပန်းခြံအနေနဲ့ နိုင်ငံခြားခရီးသွားလာမှုလုပ်ငန်းကို တိုးတက်စေနိုင်ပေမယ့် ဒေသခံအများစုကတော့ သဘောကျနှစ်သက်ခြင်း မရှိဘူးလို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။