ကမ္ဘာတလွှားက လှပတင့်တယ်တဲ့ ရိုးရာ မင်္ဂလာပွဲဝတ်စုံများ

၁၉ ရာစုနှစ် Queen Victoria ( ဗစ်တိုးရီးယား ဘုရင်မ ) ရဲ့ မင်္ဂလာပွဲအပြီးမှာတော့ အဖြူရောင်ဂါဝန်ဖြစ်တဲ့ မင်္ဂလာပွဲဝတ်စုံဟာ လူသိများထင်ရှားလာခဲ့ပါတယ်။ ဒါ့ကြောင့် ရိုးရာမင်္ဂလာဝတ်စုံများအပြင် အဖြူရောင်ဂါဝန်များဟာလည်း သတို့သမီးလေးတွေရဲ့ ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အာရှနဲ့ အာဖရိက တလွှားမှာတော့ ရိုးရာဝတ်စုံများကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ပြီး မင်္ဂလာဆောင်ကြတဲ့ ဓလေ့က ရှိနေတုန်းပါပဲ။ ဒါ့ကြောင့် ကမ္ဘာတလွှားက ခမ်းနားလှပတဲ့ ရိုးရာဝတ်စုံများထဲက တချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ဂျပန်

ဂျပန်နိုင်ငံရဲ့ ရိုးရာမင်္ဂလာဆောင်မှာတော့ သတို့သမီးဟာ အခမ်းအနားကျင်းပနေတဲ့ တလျှောက် ဝတ်စုံ ၂ စုံနဲ့ အထက် လဲလှယ်ဝတ်ဆင်တတ်ကြပါတယ်။ မင်္ဂလာပွဲဝတ်စုံတွေအရောင်တွေ ကတော့ အဖြူရောင်နဲ့ အနီရောင်ကို သုံးကြတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၂။ ဂါနာ

ဂါနာရဲ့ ရိုးရာမင်္ဂလာဝတ်စုံကိုတော့ အရောင်စုံဝတ်ဆင်လေ့ရှိကြပါတယ်။ သူတို့ရဲ့ ရိုးရာဝတ်စုံတွေဟာ အရောင်အသွေးစုံလင်ပြီး အကွက်ပုံစံ ဒီဇိုင်းစုံနဲ့ ပုံဖော်ဝတ်ဆင်ကြပါတယ်။ မိသားစု တစုချင်းဆီမှာ ကိုယ်ပိုင် အင်္ကျီအကွက်ပုံစံတွေ ရှိကြပါတယ်။ shwekhitonlinetv.com

၃။ ရိုမေးနီးယား

ဒီနေ့ခေတ်မှာတော့ ရိုမေးနီးယားနိုင်ငံရဲ့ မင်္ဂလာပွဲတွေဟာ ခေတ်နဲ့လျော်ညီစွာ ကျင်းပလာကြပါတယ်။ ဒါပေမဲ့ အလှမ်းဝေးကွာလှတဲ့ နယ်မြေတွေမှာတော့ ရိုးရာယဥ်ကျေးမှုအတိုင်း ကျင်းပကြတဲ့ ရိုးရာမင်္ဂလာပွဲတွေ ရှိနေပါသေးတယ်။ ရိုမေနီးယားနိုင်ငံဟာ မကျယ်လွန်းလှပေမယ့် ဒေသတခုချင်းအလိုက် ရိုးရာမင်္ဂလာပွဲဝတ်စုံ အမျိုးမျိုးရှိကြပါတယ်။ shwekhitonlinetv.com

၄။ အိန္ဒိယ

အိန္ဒိယ ရိုးရာယဥ်ကျေးမှုအလိုက် သတို့သမီးလေးတွေ ရွေးချယ်ဝတ်ဆင်နိုင်တဲ့ မင်္ဂလာပွဲဝတ်စုံအရောင်ကတော့ အနီနဲ့ ပန်းရောင်ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ စကော့တလန်

စကော့တလန်နိုင်ငံမှာတော့ သတို့သားဟာ သူ့မျိုးနွယ်စုရဲ့ ရိုးရာအလိုက် ဝတ်ဆင်ရပါတယ်။ မင်္ဂလာပွဲအပြီးမှာတော့ သတို့သားဟာ သူ့မျိုးနွယ်စုရိုးရာအလိုက် ချုပ်လုပ်ထားတဲ့ ခြုံစောင်ကို သတို့သမီးအပေါ် လွှမ်းခြုံပေးရပါတယ်။ အဓိပ္ပာယ်ကတော့ သူမဟာ မိသားစုဝင်အသစ်ဖြစ်သွားပြီဖြစ်ကြောင်း ပြသတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အီသီယိုးပီးယား

အီသီယိုးပီးယားနိုင်ငံဟာ အာဖရိကတိုက်ရဲ့ တခုတည်းသော ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ တရားဝင်နိုင်ငံ တခုဖြစ်ပါတယ်။ အီသီယိုးပီးယားလူမျိုးတွေရဲ့ အဓိက ဘုရားကျောင်းကတော့ Ethiopian Orthodox Church လို့အမည်ရပြီး အကြီးမားဆုံး ဘုရားကျောင်းတခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အီသီယိုးပီးယားလူမျိုးတွေရဲ့ မင်္ဂလာအခမ်းအနားများဟာ ဂရိ ဒါမှမဟုတ် ရုရှားတွေနဲ့ ပုံစံဆင်တူဖြစ်နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ တရုတ်

တရုတ်လူမျိုးတွေရဲ့ ရိုးရာမင်္ဂလာပွဲဝတ်စုံကတော့ အနီရောင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အဖြူရောင်ဟာ ဝမ်းနည်းစရာ အထိမ်းအမှတ်များ အသုဘအခမ်းအနားများမှာသာ အသုံးပြုတဲ့ အရောင်အဖြစ် သတ်မှတ်ကြပါတယ် ။ မင်္ဂလာအခမ်းအနားပြီးဆုံးပြီဆိုရင်တော့ သတို့သမီးရဲ့ အနီရောင်ခေါင်းဆောင်းပုဝါကို သတို့သားက ဖယ်ပေးရပါတယ်။ shwekhitonlinetv.com

၈။ ဟာဝိုင်အီ

ဟာဝိုင်အီရဲ့ ရိုးရာမင်္ဂလာပွဲဝတ်စုံမှာတော့ သတို့သားက အဖြူရောင်စွတ်စွတ် ဝတ်စုံကို ဝတ်ဆင်ရတာ ဖြစ်ပါတယ်။ ဟာဝိုင်အီမှာ မင်္ဂလာဆောင်တဲ့သူအများစုအတွက်တော့ ပန်းကုံးတွေဟာ မင်္ဂလာပွဲရဲ့ အစိတ်အပိုင်းတခုလို့ သတ်မှတ်ကြပါတယ်။ ပန်းပွင့်တွေကို သီပြီး သတို့သမီးရဲ့ ဦးခေါင်းထက်မှာ အလှဆင်လေ့လည်း ရှိကြပါတယ်။ shwekhitonlinetv.com

၉။ မလေးရှား

မလေးရှားနိုင်ငံရဲ့ ရိုးရာမင်္ဂလာပွဲကတော့ မူဆလင်ရိုးရာယဥ်ကျေးမှုအတိုင်း ကျင်းပကြပါတယ်။ သတို့သမီးရဲ့ မင်္ဂလာဝတ်စုံကိုတော့ ခရမ်းရောင် ဒါမှမဟုတ် ခရင်မ်အရောင်တွေကို သုံးကြပါတယ်။ shwekhitonlinetv.com

၁၀။ ယီမင် ဂျူး

ဂျူးလူမျိုးအများစုအတွက်တော့ မင်္ဂလာပွဲကို အထူးတလည် တခမ်းတနား ကျင်းပလေ့မရှိကြပါဘူး။ ဒါပေမဲ့ ယီမင် ဂျူးလူမျိူးများကတော့ သတ်မှတ်ချက်တွေရဲ့ ခြွင်းချက်အဖြစ် မင်္ဂလာပွဲကို တခမ်းတနားကျင်းပကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးအများစုကတော့ ဘိုးဘေးတွေဆီကနေ အမွေဆက်ခံရရှိတဲ့ ခမ်းနားလှပလှတဲ့ အဝတ်အစားတွေကို မင်္ဂလာဝတ်စုံအဖြစ် ဝတ်ဆင်လေ့ရှိကြပါတယ်။ shwekhitonlinetv.com

၁၁။ ကိုရီးယား

ကိုရီးယားနိုင်ငံမှာတော့ ရိုးရာမင်္ဂလာပွဲများဟာ အရင်ကထက် လူသိများထင်ရှားလာပါတယ်။ ရိုးရာဓလေ့အရ သတို့သားဟာ သတို့သမီးကို သူ့ရဲ့ ကျောမှာပိုးရတယ်လို့ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ သတို့သမီးဟာ သတို့သားအပေါ် မှီခိုနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ဘာလီ အင်ဒိုနီးရှား

ဘာလီကျွန်းပေါ်က ရိုးရာမင်္ဂလာပွဲများကတော့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြနေပါတယ်။ ရိုးရာမင်္ဂလာဝတ်စုံများကိုလည်း အနုစိတ်ခြယ်မှုန်းကာ ပြင်ဆင်လေ့ရှိကြပါတယ်။ ဒါ့အပြင် မင်္ဂလာပွဲအခမ်းအနားမှာ သတို့သားနဲ့ သတို့သမီးဟာ ရွှေနဲ့ပြုလုပ်ထားတဲ့ ရွှေသရဖူတွေကို ဆင်မြန်းထားတတ်ကြပါတယ်။ shwekhitonlinetv.com

၁၃။ နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယားနိုင်ငံရဲ့ ရိုးရာမင်္ဂလာဆောင်များမှာတော့ သတို့သမီးဟာ တောက်ပတဲ့ ဝတ်စုံကို ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒါ့အပြင် Gele ( ဂဲလ် ) လို့ခေါ်တဲ့ နိုင်ဂျီးရီးယား ခေါင်းစည်းပုဝါကိုလည်း ဦးခေါင်းထက်မှာ ဆင်းမြန်းထားကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။