သမိုင်းတလျှောက် ဒီဇိုင်းအလန်းဆုံးနဲ့ တန်ဖိုးအကြီးမားဆုံး ဖြစ်ခဲ့တဲ့ ဇိမ်ခံကား (၁၀) စီး

ကမ္ဘာပေါ်မှာကားအမျိုးအစားပေါင်းများစွာရှိတဲ့ အနက် ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် ဒီဇိုင်းအလန်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး ဇိမ်ခံကား (၁၀) စီးအကြောင်းတင်ဆက်ပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁၀။ Bugatti Chiron – $ (၂.၉) သန်း

Bugatti Chiron ကတော့ Bugatti ရဲ့ဂန္ဒဝင်ကားမော်ဒယ်အမျိုးအစားဖြစ်တဲ့ Bugatti Veyron ကိုအဆင့်မြှင့်ထားတာဖြစ်ပါတယ်။ စျေးနှုန်း အမေရိကန်ဒေါ်လာ (၃) သန်းနီးပါးတန်ကြေးရှိတဲ့ Chironမှာတော့ ကြီးမားတဲ့ 16-ဆလင်ဒါအင်ဂျင်ပါရှိပြီး ကားကို တစ်နာရီ မိုင် (၃၀၀) အထက်သို့ရောက်အောင် တွန်းပို့နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၉။ Aston Martin Valkyrie – $ (၃) သန်း

Aston Martin Valkyrie ဟာ Aston Martin၊ Red Bull Racing Advanced Technologies တို့ ပူးပေါင်းဖန်တီးထားတဲ့ Limited Edition Hybird ပြိုင်ကားတစ်မျိုးဖြစ်ပါတယ်။ ဒီကားမှာ V12 အင်ဂျင်ပါရှိပြီး ရပ်တန့်နေရာကနေ (၂.၆) စက္ကန့်အတွင်း တစ်နာရီ မိုင် (၆၀) အထိ အရှိန်မြှင့်နိုင်ပါတယ်။ Limited Edition ဖြစ်တာကြောင့်စုစုပေါင်း အစီးရေ (၁၅၀) သာထုတ်လုပ်ခဲ့ပြီး အကုန်လုံးရောင်းချပြီးဖြစ်ကြောင်းလည်းသိရပါတယ်။ shwekhitonlinetv.com

၈။ Ferrari Pininfarina Sergio – $ (၃) သန်း

Ferrari Pininfarina Sergio ကတော့ Ferrari ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သူနှင့် မော်တော်ကား ဒီဇိုင်နာ Sergio Pininfarina ကိုဂုဏ်ပြုတဲ့ အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီကားဟာ နာမည်ကြီး Ferrari 458 Spider ရဲ့ စက်ပိုင်းဆိုင်ရာ ကျောထောက်နောက်ခံကို အခြေခံ ထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။ ခြောက်စီးသာ ထုတ်လုပ်ခဲ့တဲ့ Ferrari Pininfarina Sergio ကိုတော့ ၎င်းတို့ ရွေးချယ်ထားတဲ့ ဖောက်သည်တွေကိုသာ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Lamborghini Veneno Roadster – $ (၄.၅) သန်း

Lamborghini ကုမ္ပဏီရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ စွမ်းဆောင်ရည်မြင့်ကားတစ်စီးဖြစ်ပါတယ်။ ဒီကားက သင့်ကို Formula 1 ပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိင်သလိုမျိုး ခံစားချက်ကို ပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။ ၎င်းရဲ့ 6.5 litre – ဆလင်ဒါ 12 အင်ဂျင်က မြင်းကောင်ရေ (၇၅၀) အားထုတ်ပေးပြီး (၂.၉) စက္ကန့်အတွင်း တစ်နာရီ (၆၂) မိုင်နှုန်းသို့ ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်။ ဒီကားရဲ့ ကနဦးတန်ဖိုးက ကန်ဒေါ်လာ (၄.၅) သန်းဖြစ်ပေမယ့် လေလံပွဲမှာ ကန်ဒေါ်လာ (၈.၃) သန်းနီးနဲ့ ရောင်းချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Bugatti Divo – $ (၈) သန်း

Bugatti Automobiles S.A.S က ဒီပြိုင်ကားကို ​တီထွင်ခဲ့ပြီး ပြင်သစ်ပြိုင်ကားမောင်းသမား Albert Divo (ကုမ္ပဏီအတွက် 1920 ခုနှစ်တွင် Targa Florio ပြိုင်ပွဲ၌ နှစ်ကြိမ်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ) ရဲ့အမည်ကို ပေးထားပါတယ်။ ၎င်းရဲ့ အမြင့်ဆုံးမြန်နှုန်းကတစ်နာရီကို (၂၃၆) မိုင်နှုန်း ဖြစ်ပြီး ကုမ္ပဏီက အစီးရေ (၄၀) သာ ကန့်သတ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးရောင်းချတဲ့ နေ့မှာပဲ အစီးရေအားလုံး ရောင်းထွက်သွားခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Maybach Exelero – $ (၈) သန်း

Maybach Exelero ဟာ Mercede Benz က၀တည်ဆောက်ဖူးသမျှ ကားတွေထဲမှာ အထူးခြားဆုံးကားလို့ဆိုနိုင်ပါတယ်။ မြင်းကောင်ရေ (၇၀၀) အား၊ 6-litre twin-turbo V12 အင်ဂျင်တပ်ဆင်ထားတဲ့ ဒီကားဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် (၂၁၈) မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး (၄.၄) စက္ကန့်အတွင်း တစ်နာရီ မိုင် (၆၀) အထိ အရှိန်မြှင့်တင်နိုင်ပါတယ်။ shwekhitonlinetv.com

၄။ Bugatti Centodieci – $ (၉) သန်း

Bugatti Centodieci မော်ဒယ်ဟာ Bugatti ရဲ့နှစ် 110 ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ဖြစ်ပါတယ်။ သူ့မှာတော့ (8,000cc quad-turbocharged W16) အင်ဂျင်ပါရှိပြီး မြင်းကောင်ရေ (၁,၅၇၈) ကောင်အားထုတ်လုပ်နိုင်ပါတယ်။ ကုမ္ပဏီက ဒီကားကို (၁၀)စီးသာ ကန့်သတ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Rolls Royce Sweptail – $ (၁၃) သန်း

ဒီဇိမ်ခံကားကို (၂၀၁၇) ခုနှစ် Concorso d’Eleganza Villa d’Este ပွဲမှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ Rolls-Royce ကထုတ်ဖူးသမျှ ကားတွေထဲမှာတော့ အကောင်းဆုံးဇိမ်ခံကားတစ်စီးလို့သတ်မှတ်နိုင်တဲ့ Rolls Royce Sweptail ဟာ လက်ရှိပေါက်စျေး အနေနဲ့ အမေရိကန်ဒေါ်လာ (၁၃) သန်းဝန်းကျင်ရှိပါတယ်။ (၂၀၁၇) ခုနှစ်တွင် Concorso d’Eleganza Villa d’Este ပွဲမှာတော့ ကမ္ဘာ့စျေးအကြီးဆုံးကားဖြစ်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၂။ Pagani Zonda HP Barchetta – $ (၁၇) သန်း

ကားနဲ့ပတ်သက်တဲ့ Review တွေရေးသားရာမှာ နာမည်ကျော်ဝက်ဘ်ဆိုဒ်တစ်ခုအဖြစ်လူသိများလှတဲ့ Top Gear ရဲ့ အဆိုအရ Pagani Zonda HP Barchetta ဟာ (၂၀၁၉) ခုနှစ်ရဲ့ ကမ္ဘာ့စျေးအကြီးဆုံးကားဖြစ်ခဲ့ပတယ်။ ဒီကားကိုတော့ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ (၂၂၁) မိုင်ဖြင့် မောင်းနှင်နိုင်ပါတယ်။ ထုတ်လုပ်ဖူးသမျှ Zonda မော်ဒယ်တွေထဲမှာတော့ အစွမ်းထက်ဆုံးနှင့် အမြန်ဆုံးကား ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Bugatti La Voiture Noire – $ (၁၈.၇) သန်း

Bugatti La Voiture Noire ကတော့ ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ကားဖြစ်ပါတယ်။ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ (၂၆၁) မိုင်ထိမောင်းနှင်နိုင်ပြီး (၂.၅) စက္ကန့်အတွင်းမှာ (0-60 mph) အထိ အရှိန်မြှင့်တင်နိုင်ပါတယ်။ အခွန်မဆောင်ရသေးခင် တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၄) သန်းဝန်းကျင် ရှိတဲ့ ဒီကားကို အမည်မသိဝယ်သူတစ်ဦးက ဒီကားကို ဒေါ်လာ (၁၈.၇) သန်းပေးပြီးဝယ်ယူခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးအားလုံးပဲကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အမြဲဖတ်ရှုချင်တယ်ဆိုရင်တော့ Shwe Khit Online TV Page လေးကို Like & Follow လုပ်ထားဖို့တော့လိုမယ်နော် ….. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။