ရုပ်ရှင်သမိုင်းထဲမှ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးသွေးစုပ်ဖုတ်ကောင်များ

ရုပ်ရှင်သမိုင်းမှာတော့ Vampire တွေ Dracula တွေနဲ့ပတ်သက်တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဇာတ်ကားတွေအများအပြားရိုက်ကူးထွက်ရှိခဲ့ဖူးပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ဒီလိုသွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေမှာ သွေးစုပ်ဖုတ်ကောင်တစ်ဦးနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီး သရုပ်ဆောင်တွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Ingrid Pitt – The Vampire Lovers (1970)

ဗြိတိန်သရုပ်ဆောင် Ingrid Pitt ကတော့ ၁၉၇၀ ခုနှစ်တုန်းကထွက်ရှိတဲ့ The Vampire Lovers ဆိုတဲ့ဇာတ်ကားမှာ Carmilla Karnstein ဆိုတဲ့ ဗန်ပိုင်းယားမလေးအဖြစ်သရုပ်ဆောင်ထားပြီး နုံအရိုးသားတဲ့ အမျိုးသမီးလေးတွေကို ဖြားယောင်းပြီးသွေးစုပ်တဲ့ လိင်တူချစ်သူဗန်ပိုင်းယားအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးခြားတာကသူမဟာ တစ်ခြားဗန်ပိုင်းယားတွေလို လည်ပင်းကိုပဲကိုက်ပြီး သွေးစုပ်တာမဟုတ်ဘဲ ရင်အုံတွေကိုကိုက်ပြီးသွေးစုပ်တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Sharon Tate – The Fearless Vampire Killers (1967)

The Fearless Vampire Killers ကတော့ ဟာသနဲ့ထိတ်လန့်သည်းဖိုရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုမှာအဓိကကျခဲ့တာကတော့ Vampire မလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် Sharon Tate ပဲဖြစ်ပါတယ်။ ဒီကားကြောင့်သူမအနေနဲ့လည်း ပိုမိုနာမည်ကျော်ကြားလာခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီကားထွက်ရှိပြီး (၂) နှစ်အကြာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ Monica Bellucci – Bram Stoker’s Dracula (1992)

နာမည်ကျော်စာရေးဆရာ Bram Stoker ရဲ့ Dracula ဝတ္ထုကိုပြန်လည်ဆန်းသစ်ပုံဖော်ပြီး ရိုက်ကူးထားတဲ့ Bram Stoker’s Dracula ဇာတ်ကားမှာတော့ အီတလီနာမည်ကျော်မင်းသမီး Monica Bellucci က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Nude ဆန်ဆန်ဇာတ်ကားတွေရိုက်ကူးလေ့ရှိပြီး ခန္ဓာကိုယ်အချိုးအစားကျလှပလွန်းတဲ့ Monica Bellucci ရဲ့ မိမွေးတိုင်း၊ ဖမွေးတိုင်း အလှတရားတွေကို ဒီကားမှာမြင်တွေ့ကြရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Zoey Deutch – Vampire Academy (2014)

အမေရိကန်ဆယ်ကျော်သက် သရုပ်ဆောင်မလေး Zoey Deutch ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Vampire Academy ဆိုတဲ့ဇာတ်ကားမှာလှပချောမောပြီး သွေးဆာနေတဲ့ သွေးစုပ်ဖုတ်ကောင်မလေး Rose Hathaway အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကားရိုက်ကူးနေချိန်မှာ အသက် (၁၈) နှစ်သာရှိသေးပေမယ့် လှပချောမောသလို ပီပီပြင်ပြင်လည်း သရုပ်ဆောင်နိုင်ခဲ့တာကြောင့် သရုပ်ဆောင်လောကမှာ ပိုမိုထင်ရှားလာခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Gemma Arterto – Byzantium (2012)

၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Byzantium ဆိုတဲ့ဇာတ်ကားမှာတော့ ယူကေမင်းသမီး Femma Arteto ကအဓိကဇာတ်ဆောင်တစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ သူမအနေနဲ့ သူမနဲ့ သူမရဲ့သမီးကို အခြားသွေးစုပ်ဖုတ်ကောင်တွေရဲ့ရန်ကနေကာကွယ်ဖို့ ကြိုးစားနေတဲ့ သွေးစုပ်ဖုတ်ကောင်မ Clara နေရာကနေသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။