ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးပင်လယ်ကြီး (၁၀) ခု

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်မှာတည်ရှိတဲ့အကြီးမားဆုံးပင်လယ်ကြီး (၁၀) ခုရဲ့အကြောင်းကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁၀။ အက်ဒမန်ပင်လယ် – (Andaman Sea)

ကမ္ဘာပေါ်မှာရှိတဲ့ပင်လယ်တွေထဲမှာ (၁၀) ခုမြောက်အကြီးမားဆုံးကတော့ အက်ဒမန်ပင်လယ် ဖြစ်ပါတယ်။ အက်ဒမန်ပင်လယ်ဆိုရင် ဧရိယာစတုရန်းမိုင်ပေါင်း (၃၀၈,၀၀၀) ကျယ်ပြန့်ပြီး ပျမ်းမျှရေအနက်က (၂,၈၅၄) ပေနက်ပါတယ်။ ထူးခြားတာက ဒီပင်လယ်ထဲမှာရှိတဲ့ရေတွေရဲ့ ငန်နှုန်းဖြစ်ပြီး ဆောင်းရာသီမှာဆို နွေရာသီထက်ပိုငန်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၉။ ဂျပန်ပင်လယ် – (The Sea of Japan)

ဂျပန်ပင်လယ်ကတော့ ဂျပန်နိုင်ငံရဲ့ ပိုင်နက်ကာကွယ်မှု၊ ငါးနှင့်ပင်လယ်သတ္တဝါထုတ်လုပ်မှု၊ ဓာတ်သတ္တုထုတ်လုပ်မှုတွေအတွက်အရေးပါတဲ့ပင်လယ်တစ်ခုဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၂၈၉,၁၀၀) ကျယ်ဝန်းတဲ့ ဂျပန်ပင်လယ်ရဲ့ ပျမ်းမျှရေအနက်ကတော့ (၄,၄၂၉) ပေဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဟတ်ဒ်ဆန်ပင်လယ်အော် – (Hudson Bay)

ကနေဒါနိုင်ငံမှာရှိတဲ့ ဟတ်ဒ်ဆန်ပင်လယ်အော်ကိုတော့ (၁၆၁၀) ခုနှစ်မှာ အနောက်မြောက်လမ်းကြောင်းရှာဖွေသူ ဟင်နရီဟတ်ဒ်ဆန်ကရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဟတ်ဒ်ဆန်ပင်လယ်အော်လို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ ဒီပင်လယ်အော်ကြီးရဲ့ အကျယ်ကတော့ ဧရိယာစတုရန်းမိုင်ပေါင်း (၄၇၅,၈၀၀) ကျယ်ဝန်းပါတယ်။ ရေအနက်ကတော့ ပျမ်းမျှအားဖြင့် (၄၂၀) ပေရှိပါတယ်။ shwekhitonlinetv.com

၇။ အရှေ့တရုတ်ပင်လယ် – (East China Sea)

တိုင်းဖွန်းမုန်တိုင်းတွေမကြာခဏဆိုသလိုဖြစ်ပေါ်တက်တဲ့ အရှေ့တရုတ်ပင်လယ်ကြီးကတော့ (၄၈၂,၃၀၀) စတုရန်းမိုင်ကျယ်ဝန်းပြီး ပျမ်းမျှရေအနက် (၆၁၇) ပေရှိလို့ ဒီစာရင်းမှာအဆင့် (၇) နေရာကနေရပ်တည်နေပါတယ်။ shwekhitonlinetv.com

၆။ အော်ခေါ့စ်ပင်လယ် – (The Sea of Okhotsk)

ရုရှား၊ ဂျပန် စတဲ့နိုင်ငံတွေနဲ့ထိစပ်နေတဲ့ အော်ခေါ့စ်ပင်လယ်ကတော့ ပစိဖိတ်သမုဒ္ဒရာထဲကိုစီးဝင်တဲ့ ပင်လယ်ကြီးတစ်ခုဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၆၁၃,၈၀၀) ကျယ်ဝန်းပြီး ပျမ်းမျှရေအနက်က (၂,၇၄၉) ပေရှိပါတယ်။ ပင်လယ်ရဲ့နေရာတော်တော်များများကတော့ အေးခဲနေပါတယ်။ shwekhitonlinetv.com

၅။ မက္ကဆီကိုပင်လယ်ကွေ့ – (Gulf of Mexico)

မက္ကဆီကိုပင်လယ်ကွေ့ကတော့ အမေရိကန်၊ မက္ကဆီကို၊ ကျူးဘားနိုင်ငံတွေရဲ့ကြားမှာတည်ရှိပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့ထိစပ်နေပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၆၁၅,၀၀၀) ကျယ်ဝန်းပြီး ပျမ်းမျှရေအနက်ကတော့ (၄,၈၇၄) ပေရှိပါတယ်။ shwekhitonlinetv.com

၄။ ဘာရင်ပင်လယ် – (Bering Sea)

ရုရှားနိုင်ငံအရှေ့ပိုင်း နဲ့ အမေရိကန်နိုင်ငံအနောက်ပိုင်း ကြားမှာရှိတဲ့ ဘာရင်ပင်လယ်ကြီးကတော့ နေရာအတော်များများမှာ ရေအနက်က (၁၆၅) ပေလောက်ပဲရှိတယ်ဆိုပေမယ့် ပင်လယ်တစ်ခုလုံးအတွက် ပျမ်းမျှတွက်ကြည့်လိုက်ရင်တော့ ရေအနက်က (၅,၀၇၅) ပေရှိပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၈၈၄,၉၀၀) ရှိပြီး ပင်လယ်ရဲ့နေရာအများစုက ရေခဲနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ တောင်တရုတ်ပင်လယ် – (The South China Sea)

တောင်တရုတ်ပင်လယ်ကတော့ တရုတ်နိုင်ငံတောင်ပိုင်းမှာရှိပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ စတဲ့ အရှေ့တောင်အာရှိနိုင်ငံတွေအထိပါပေါက်ရောက်ပါတယ်။ သူ့ရဲ့အကျယ်အဝန်းကိုဖော်ပြရမယ်ဆိုရင်တော့ ဧရိယာစတုရန်းမိုင်ပေါင်း (၈၉၅,၄၀၀) ကျယ်ပြန့်ပြီး ပျမ်းမျှရေအနက်ကတော့ (၅,၄၁၉) ပေရှိပါတယ်။ မီးတောင်ချော်ရည်တွေ ပြာမှုန့်တွေ အများဆုံးအနည်ကျနေတဲ့ပင်လယ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကာရေဘီယံပင်လယ် – (Caribbean Sea)

တစ်နှစ်ကိုပျမ်းမျှ ဟာရီကိန်းမုန်တိုင်းရှစ်ကြိမ်လောက်တိုက်ခတ်တဲ့ ကာရေဘီယံပင်လယ်ကတော့ တောင်အမေရိကတိုက်နဲ့ မြောက်အမေရိကတိုက်ရဲ့ ကြားမှာတည်ရှိပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁,၀၄၉,၅၀၀) ကျယ်ဝန်းပြီးတော့ ပျမ်းမျှရေအနက်က (၈,၆၈၅) ပေရှိပါတယ်။ shwekhitonlinetv.com

၁။ မြေထဲပင်လယ် – (Mediterranean Sea)

မြေထဲပင်လယ်ကတော့ သူ့ရဲ့ရေတွေကိုရေငွေ့ပျံခြင်းကြောင်းအများဆုံးဆုံးရှုံးနေတဲ့ပင်လယ်ကြီးဖြစ်ပါတယ်။ ဥရောပတိုက်နဲ့ အာဖရိကတိုက်ကြားမှာတည်ရှိပြီး နိုင်ငံအတော်များများနဲ့ ထိစပ်နေတဲ့ပင်လယ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ အကျယ်အဝန်းကတော့ ဧရိယာစတုရန်းမိုင်ပေါင်း (၁,၁၄၄,၈၀၀) ရှိပြီး ပျမ်းမျှရေအနက်ကတော့ (၄,၆၈၈) ပေရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။