သင့်ကို သေချာပေါက် ပြုံးမိစေမယ့် ကြံကြံဖန်ဖန် တက်တူး ဒီဇိုင်းများ

အတိတ်တချိန်ကတည်းက တက်တူးတွေကို ရိုးရာယှဥ်ကျေးမှု နဲ့ အလှအပ စံနှုန်းတွေပေါ်မူတည်ကာ တက်တူးအမျိုးမျိုးကို ထိုးလေ့ရှိကြပါတယ်။ ဒီနေ့ခေတ်မှာတော့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ပိုမိုလှပပြီး ရုပ်လုံးကြွနေတဲ့ တက်တူးတွေဟာလည်း ခေတ်စားလာခဲ့ပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် လူတွေကတော့ ဘဝကို ပျော်ပျော်နေတတ်ပြီး ပြန်ဖျက်လို့အဆင်မပြေမယ့် တက်တူးဒီိဇိုင်းတွေကိုတောင် ဟာသပုံစံဖြစ်အောင် ထိုးခဲ့ကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကြည့်လိုက်တဲ့ခဏမှာ မပြုံးမိပဲ မနေနိုင်အောင်ဖြစ်စေတဲ့ တက်တူးဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။​ မျက်နှာပုံစံတက်တူး

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ လူတယောက်က ကိုယ့်ကို မျက်လုံးပြူးနဲ့ ကြည့်နေသလိုပါပဲနော်။ တကယ်ကတော့ ဦးခေါင်းမှာ လူရဲ့ မျက်နှာပုံစံပုံဖော်ထားတဲ့ တက်တူးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပီဇာထဲက ကြောင်လေး

ဒီတက်တူးပိုင်ရှင်ကတော့ ပီဇာကိုလည်း ချစ်သလို ကြောင်လေးတွေကိုလည်း ချစ်တဲ့သူ ဖြစ်မယ်ထင်ပါတယ်။ ပီဇာထဲက ထွက်နေတဲ့ ကြောင်ပုံလေးကို မြင်ရတဲ့သူတွေအားလုံး ခဏတော့ ပြုံးမိကြမယ်ထင်ပါတယ်။ shwekhitonlinetv.com

၃။ ဗိုက်ဖောင်းဖောင်းနဲ့ ဖား

ဒူးခေါင်းမှာ ဖားပုံစံတက်တူးထိုးထားတဲ့ ခပ်ဆန်းဆန်းအိုင်ဒီယာအပြည့်နဲ့ တက်တူးပဲ ဖြစ်ပါတယ်။ ဖားရဲ့ ဗိုက်ဖောင်းဖောင်းလေးလို့ ထင်ရစေဖို့ ဒူးခေါင်းကို အသုံးချထားတာကတော့ တကယ့်ကို ရယ်စရာကောင်းပါတယ်နော်။ shwekhitonlinetv.com

၄။ နေကြာစေ့တက်တူး

နေကြာစေ့စားရင်း ရရှိလာတဲ့ အိုင်ဒီယာဖြစ်မယ်ထင်ပါတယ်။ လက်ထဲမှာ ထည့်ထားတဲ့ နေကြာစေ့ပုံစံ တက်တူးကတော့ ဘယ်သူမှ လိုက်မမှီနိုင်တဲ့ အတွေးပါပဲနော်။ shwekhitonlinetv.com

၅။ ကာတွန်းတက်တူး

နာမည်ကျော် ကာတွန်းဇာတ်ကောင်ကို အရူးအမူးကြိုက်တဲ့ ပရိတ်သတ်တယောက်ရဲ့ တက်တူးဖြစ်မယ် ထင်ပါတယ် ။ သူ့ရဲ့ ရူးသွပ်မှုကတော့ တက်တူးတွေကို ကြည့်ရုံနဲ့တင် သိသာနေမှာပါ။ shwekhitonlinetv.com

၆။ စက်ဘီးစီးနေတဲ့ ဖား

ခြေချင်းဝတ်မှာ ထိုးထားတဲ့ စက်ဘီးစီးနေတဲ့ ဖားလေးပုံစံ တက်တူးပဲ ဖြစ်ပါတယ်။ ဘယ်လိုတွေးပြီး ဒီတက်တူးကို ထိုးဖို့ စိတ်ကူးရသွားလည်း မသိနိုင်ပေမဲ့ တကယ့်ကို ကြံကြံဖန်ဖန် အတွေးပါပဲနော်။ shwekhitonlinetv.com

၇။ ပါးရိုးပေါ်က ကင်းခြေများတက်တူး

မျက်နှာပေါ်မှာ တက်တူးထိုးတယ်ဆိုတာ တော်တော်ကို စဥ်းစားပြီးမှ ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ပုံထဲက အမျိုးသားကတော့ သူ့ရဲ့ ပါးရိုးပေါ်မှာ တွယ်တက်နေတဲ့ ကင်းခြေများပုံစံ တက်တူးကို ထိုးထားပါတယ်။ shwekhitonlinetv.com

၈။ ပါးပါးပစ်တက်တူး

ကလေးငယ်လေးတွေကြိုက်တဲ့ ကာတွန်းဇာတ်ကောင် ပါးပါးပစ်ပုံစံ ထိုးထားတဲ့ တက်တူးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့ မျက်လုံးပုံစံနဲ့ ပါးပါးပစ်တက်တူးကတော့ ကလေးငယ်လေးတွေအတွက် သေချာပေါက် ကြောက်လန့်စေမိမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၉။ ကလေးဝံပုလွေတက်တူး

ကလေးကိုယ်ခန္ဓာနဲ့ ဝံပုလွေခေါင်းပုံစံ တက်တူးဒီဇိုင်းပဲ​ ဖြစ်ပါတယ်။ အရမ်းမိုက်တယ်လို့ ချီးကျူးရမလား တော်တော်ကို ကြောင်တောင်တောင်နိုင်တာပဲဆိုပြီး ဝေဖန်ရမလား ဇဝေဇဝါဖြစ်စေတဲ့ တက်တူးလို့ပဲ ဆိုချင်ပါတယ်။ shwekhitonlinetv.com

၁၀။ လက်ရာမကောင်းတဲ့ တက်တူး

ဘယ်ဘက်က ပုံထဲကလို တက်တူးထိုးခိုင်းပေမဲ့ မကျွမ်းကျင်တဲ့ တက်တူးဆရာကြောင့် ညာဘက်ကပုံ ထွက်လာတာပဲ ဖြစ်ပါတယ်။ တက်တူးထိုးတဲ့အခါ ဆရာအရွေးမှန်ဖို့ကလည်း အဓိကကျပါတယ်ဆိုတာ သက်သေပြနေတဲ့ပုံပါပဲနော်။ shwekhitonlinetv.com

၁၁။ ခြင်္သေ့မဟုတ်တဲ့ ခြင်္သေ့

အားမာန်အပြည့်နဲ့ ရှိတဲ့ ခြင်္သေ့ပုံစံကို တက်တူးထိုးခိုင်းပေမဲ့လည်း တလွဲထွက်လာခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တော့ ခြင်္သေ့ပုံစံမပေါ်တဲ့ ဒီတက်တူးကတော့ အရမ်းကို ဆိုးဝါးလွန်းပါတယ်။ shwekhitonlinetv.com

၁၂။ အစက်အပြောက်တက်တူး

တကယ်ကတော့ ကောင်းကင်မှာ အစက်အပျောက်သေးသေးလေးတွေ အပြည့်နဲ့ လင်းလက်နေတဲ့ ကြယ်ပုံစံလေးတွေကို တက်တူးထိုးခိုင်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုပုံထဲမှာတော့ အကောင်သေးသေးလေးတွေ ဒါမှမဟုတ် အနာသေးသေးလေးတွေ ဖြစ်နေတဲ့ပုံစံ ဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၁၃။ ခွေးဟောင်နေတဲ့ပုံတက်တူး

ခွေးဟောင်ပြီး မာန်ဖီနေတဲ့ ပုံစံ ထိုးခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ အဆင်မပြေဖြစ်ခဲ့ရတဲ့ တက်တူးဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ ပုံစံတူတက်တူး

ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ရဲ့ ပုံစံတူ တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်း တက်တူးထိုးလိုက်တဲ့အခါမှာတော့ ဆိုးဝါးလွန်းတဲ့ ပုံစံထွက်လာခဲ့ပါတယ်။ shwekhitonlinetv.com

၁၅။ လရောင်အောက်မှာ အူနေတဲ့ ဝံပုလွေ

လရောင်အောက်မှာ အူနေတဲ့အနေအထားနဲ့ လှပတဲ့ ဝံပုလွေပုံစံကို တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း တက်တူးထိုးပြီးတဲ့အခါမှာတော့ လရောင်ဟာ ကွတ်ကီးပုံစံ ဖြစ်နေတဲ့အပြင် ဝံပုလွေရဲ့ မျက်လုံးအိတ်ကလည်း ကြီးမားနေတာကြောင့် လူရယ်စရာဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။