ကမ္ဘာတဝှမ်း နာမည်ကြီး လူကြိုက်များခဲ့တဲ့ ကြောက်စရာ ထူးထူးဆန်းဆန်း ဖက်ရှင်များ

ခေတ်ရေစီးကြောင်းအလိုက် အလှအပစံနှုန်းတွေဟာလည်း အမြဲမပြတ်ပြောင်းလဲနေတတ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ခေတ်စနစ်အလိုက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အလှအပစံနှုန်းတွေကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်နော်။ shwekhitonlinetv.com

၁။ ရှေးခေတ်တရုတ်လူမျိုးတွေရဲ့ ထူးဆန်းတဲ့ မျက်ခုံးမွှေးဖက်ရှင်

ပုံမှာ တွေ့မြင်ရတဲ့ ထူးထူးဆန်းဆန်း မျက်ခုံးမွှေးဖက်ရှင်တွေကတော့ ၇ရာစုနဲ့ ၉ရာစုကြားကာလတွေမှာ လူကြိုက်များခဲ့တဲ့ တရုတ်တွေရဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ရှေးခေတ်တရုတ်လူမျိုးတွေကြားမှာတော့ မျက်ခုံးမွှေးနှုတ်တာ မျက်ခုံးမွှေးဆွဲပြီး ပုံဖော်တာတွေဟာ သမားရိုးကျ လုပ်ရိုးလုပ်စဥ်တွေပါ။ မျက်ခုံးမွှေး ဒီဇိုင်းတွေဟာ တဖြောင့်တည်း ဖြစ်နေတာ ဒါမှမဟုတ် လုံးဝန်းတဲ့ ပုံသဏ္ဍာန် ရှိတာကြောင့် တော်တော်ကို ထူးဆန်းတဲ့ မျက်ခုံးမွှေးဖက်ရှင်လို့ ဆိုနိုင်ပါတယ်။ ပညာရှင်တွေကတော့ အဆိုပါ ဖက်ရှင်တွေကို ဝေးလံနေတဲ့ တောင်တန်းများ၊ ပိုးဖလံရဲ့နှာမောင်းများ ၊ မိုးမခပင်ရဲ့ အရွက်များဆိုပြီး နာမည်ပေးထားကြပါတယ်။ ယနေ့ခေတ်လိုပဲ ရှေးခေတ်တွေမှာလည်း မတူညီတဲ့ မျက်ခုံးမွှေးပုံစံတွေဟာ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲနေခဲ့ပါတယ်။ shwekhitonlinetv.com

၂။ အိုက်နူ ( Ainu ) လူမျိုးတွေရဲ့ အပြုံးတက်တူးဖက်ရှင်

လျှို့ဝှက်ဆန်းကြယ်တဲ့ အိုက်နူ ( Ainu ) လူမျိုးတွေဟာ ဂျပန်နိုင်ငံရဲ့ ကျွန်းများနဲ့ ရုရှားရဲ့ အချို့နေရာများမှာ နေထိုင်ကျက်စားခဲ့ကြပါတယ်။​ အမျိုးသမီးတွေဟာ ပြုံးနေတဲ့ ပုံစံရှိတဲ့ တက်တူးကို နှုတ်ခမ်းတဝိုက်မှာ ရေးထိုးထားကြပါတယ်။ အဆိုပါ အပြုံးတက်တူးဟာ သူမတို့ကို လက်ထပ်ထိမ်းမြားတဲ့ နေရာမှာ အထောက်အကူပေးနိုင်မယ်လို့ ယူဆကြပါတယ်။ ဒါ့အပြင် သေလွန်ပြီးနောက် မြေအောက်ကမ္ဘာရောက်တဲ့အခါမှာလည်း ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိစေနိုင်တဲ့ တက်တူးတွေလို့ သတ်မှတ်ထားကြပါတယ်။ အပြုံးတက်တူးကို ၇ နှစ်အရွယ်မှ စတင်ပြီး အဆင့်အမျိုးမျိုးသတ်မှတ်ကာ ထိုးနှံလေ့ရှိကြပါတယ်။ shwekhitonlinetv.com

၃။ ကမ္ဘာအနှံအပြားမှာ တွေ့ရှိခဲ့တဲ့ ရှည်မျောမျောဦးခေါင်းခွံများ

ပုံမှာတွေ့မြင်ရတဲ့ ရှည်မျောမျောဦးခေါင်းခွံ ဖက်ရှင်ဟာ ကမ္ဘာ့နေရာ အနှံ့အပြားက မတူညီတဲ့ လူမျိုးစုတွေရဲ့ မတူညီတဲ့ ခေတ်ကာလအပိုင်းအခြားတွေမှာ ခေတ်စားခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ အဆိုပါ လူမျိုးတွေကတော့ ဟန်းလူမျိုးများ ( the Huns ) ၊ အီတလီလူမျိုးများ ( the Italians ) ၊ ဆာမေးရှင်းလူမျိုးများ ( the Sarmatians ) ၊ မာယာလူမျိုးများ ( the Maya peoples ) နဲ့ အာဖရိကတချို့ မျိုးနွယ်စု ( some African peoples ) တို့ပဲ ဖြစ်ပါတယ်။​ ၂၀ ရာစုမှာတော့ ခေါင်းရှည်ဖက်ရှင်ဟာ ပြင်သစ်လူမျိုးများကြားမှာပါ အသုံးများတွင်ကျယ်ခဲ့ပါတယ်။ ရှည်မျောမျော ဦးခေါင်းခွံပုံစံ ဖြစ်ဖို့ရန်အတွက် မွေးကင်းစအချိန်မှာ ကလေးရဲ့ ဦးခေါင်းကို ဖဲကြိုးနဲ့ ချည်နှောင်တာ ဒါမှမဟုတ် အထူးပြုလုပ်ထားတဲ့ ကုတင်နဲ့ ကလေးကို အိပ်စေကာ ပုံစံသွင်းကြပါတယ်။ shwekhitonlinetv.com

၄။ ရှေးဟောင်းဂျပန်တွေရဲ့ သွားမည်းဖက်ရှင်

အိုဟာဂူရို ( Ohaguro ) လို့ အမည်ရတဲ့ သွားတွေကိုအမည်းရောင်ဆိုးတဲ့ဖက်ရှင်ဟာ ၁၉ရာစု နှောင်းပိုင်းကာလများအထိ ဂျပန်နိုင်ငံမှာ ခေတ်စားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အဆိုပါ သွားအမည်းဖက်ရှင်ကို ပြဇာတ်ကပြချိန်မှသာ တွေ့မြင်ရတော့မှာပါ။ အဆိုပါ ဖက်ရှင်ဟာ အလှအပတခုတည်းအတွက်သာ မဟုတ်ခဲ့ပါဘူး။ သွားများကို ကြံ့ခိုင်စေပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ သံဓာတ်ကိုပါ ပေးစွမ်းနိုင်ဖို့အတွက် ရည်ရွယ်ကြပါတယ်။ အမည်းရောင်ဆိုးဆေးတွေမှာ သံဓာတ်နဲ့ အက်စီးတစ် အက်စစ် ( acetic acid ) ထဲမှာ ရောမွှေထားတဲ့ စူးမက် ( Sumac ) ဂေါ်စေ့တွေ ပါဝင်ပါတယ်။ shwekhitonlinetv.com

၅။ အလယ်ခေတ်ဥရောပရဲ့ မျက်နှာပြောင်ဖက်ရှင်

ဥရောပမှာတော့ အမွှေးအမျှင်ထူထပ်ခြင်းဟာ ဆွဲဆောင်မှုမရှိဘူးလို့ လက်ခံထားကြပါတယ်။ ဒါ့ကြောင့် အဆိုပါ ခေတ်ကာလမှာ အမျိုးသမီးတွေဟာ အလှအပအတွက် နဖူးပြင်ကို အပြောင်သိမ်းပြီး မျက်ခုံးမွှေး မျက်တောင်မွှေးတွေကိုပါ ရိတ်ထားလေ့ရှိကြပါတယ်။ shwekhitonlinetv.com

တကယ်ကတော့ အရိုးပျော့နာလို့ခေါ်တဲ့ ရောဂါတမျိုးကြောင့် ဆံပင်တွေကျွတ်လာပြီးတဲ့နောက်မှာ အပြောင်ရိတ်တဲ့ ဖက်ရှင်ဟာ ရိုးရာယဥ်ကျေးမှုလို ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အထက်တန်းလွှာအသိုင်းအဝိုင်းတချို့က အဆိုပါဖက်ရှင်ကို ကျင့်သုံးလာခဲ့တဲ့ နောက်မှာတော့ အားလုံးက လိုက်ပါ ကျင့်သုံးလာခဲ့ကြပါတယ်။ shwekhitonlinetv.com

၆။ ရှေးဟောင်းတရုတ်လူမျိုးတွေရဲ့ လက်သည်းရှည်ဖက်ရှင်

တရုတ်နိုင်ငံမှာတော့ အဆမတန်ရှည်လျားတဲ့ လက်သည်းဖက်ရှင်ဟာ ခေတ်စားခဲ့ပါတယ်။ လက်သည်းရှည်တွေဟာ ချမ်းသာကြွယ်ဝခြင်းနဲ့ အလုပ်လုပ်စရာမလိုပဲ အငြိမ်းစားနေနိုင်တဲ့ လက္ခဏာတရပ်လို့ အားလုံးက မှတ်ယူကြပါတယ်။ နောက်ပြီး နတ်ဘုရားတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာလည်း အထောက်အကူပေးနိုင်တယ်လို့ ယူဆကြပါတယ်။ တရုတ်လူမျိုးတွေဟာ ကျောက်သံပတ္တမြားများတွေနဲ့ တန်ဆာဆင်ထားတဲ့ ရွှေ လက်သည်းအစွပ် တွေကိုလည်း တီထွင်ဖန်တီးခဲ့ကြပါသေးတယ်။ shwekhitonlinetv.com

၇။ မော်ရီ ( Maori ) လူမျိုးတွေရဲ့ မျက်နှာတက်တူးဖက်ရှင်

အိုးရှင်းရန်းနီးယား ( Oceania )​ ရဲ့ လူမျိုးတွေဖြစ်တဲ့ မော်ရီလူမျိုးတွေဟာ တက်တူးကို ချစ်မြတ်နိုးသူများအဖြစ် လူသိများကြပါတယ်။ အမျိုးသားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်မှာသာမက မျက်နှာပြင်မှာပါ တက်တူးထိုးနှံကြပါတယ်။ အမျိုးသမီးတွေကတော့ မေးစေ့ ၊ လည်ပင်းအထက်နေရာများနဲ့ နှုတ်ခမ်းများမှာ တက်တူးထိုးလေ့ရှိကြပါတယ်။ တက်တူးထိုးရာမှာ သုံးတဲ့ အပ်တွေအစား အထူးပြုလုပ်ထားတဲ့ ဆောက်သွားတွေနဲ့ တက်တူးထိုးကြပါတယ်။ shwekhitonlinetv.com

၈။ ဥရောပအမျိုးသားတွေရဲ့ ခြေသလုံးဖက်ရှင်

အလယ်ခေတ် နဲ့ ၁၈ ရာစုကြားကာလတွေမှာ ဥရောပ အမျိုးသမီးတွေဟာ ၄င်းတို့ခြေသလုံးကို ဖုံးကွယ်ဖို့အတွက် ဂါဝန်ရှည်ကြီးများ ဝတ်ဆင်ရပါတယ်။ ဒါပေမဲ့ ဥရောပ အမျိုးသားတွေကတော့ ၄င်းတို့ရဲ့ ခြေသလုံးကြွက်သားအလှကို ပြသဖို့အတွက် အပြိုင်အဆိုင် ဝတ်ဆင်လေ့ရှိကြပါတယ်။ အမျိုးသားတွေဟာ အသားကပ်ဘောင်းဘီရှည်တွေကို ဝတ်ဆင်ပြီး ခြေသလုံးအလှကို ပြသကြပါတယ်။ shwekhitonlinetv.com

၉ ။ အိန္ဒိယလူမျိုးတွေရဲ့ နှာခေါင်းအလှဆင်ခြင်း ဖက်ရှင်

နှာခေါင်းကို နားရွက်လိုမျိုးဖောက်ပြီး အလှဆင်တဲ့ ဖက်ရှင်ဟာ အိန္ဒိယမှာတော့ အခုထိ တွင်ကျယ်နေဆဲပဲ ဖြစ်ပါတယ်။ တော်တော်များများကတော့ အပေါက်တပေါက်ထပ်ပိုပြီး ဖောက်ကာ အလှဆင်လေ့ရှိကြပါတယ်။ တခါတလေမှာဆိုရင် နှာခေါင်းနဲ့ နားရွက်ကို ကြိုးလေးနဲ့ ချိတ်ဆက်ပြီးလည်း အလှဆင်ကြပါသေးတယ်။ စည်းမျဥ်းစည်းကမ်းအရတော့ နှာခေါင်းဖောက်ခြင်းကို မင်္ဂလာမဆောင်ခင်အထိပဲ လုပ်လို့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀ ။ နိုင်ဂျီးရီးယား အမျိုးသားများရဲ့ မျက်နှာဆေးဆိုးဖက်ရှင်

နိုင်ဂျီးရီးယား ဝက်ဒါဘီ ( Wodaabe ) မျိုးနွယ်စုတော့ အရာအားလုံးဟာ ပြင်ပကမ္ဘာနဲ့ ပြောင်းပြန်ပဲ ဖြစ်ပါတယ်။ဝက်ဒါဘီ အမျိုးသားတွေဟာ လှပချောမောပြီး ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ကြပါတယ်။ ဝက်ဒါဘီမျိုးနွယ်စုတွေဟာ ဂဲလ်ရို ( Gerewol ) လို့ခေါ်တဲ့ အမျိုးသားအလှအပယှဥ်ပြိုင်ပွဲကို ကျင်းပလေ့ရှိကြပါတယ်။ ၄င်းပွဲတော်မှာဆိုရင်တော့ အမျိုးသမီးတွေဟာချောမောလှပတဲ့ အမျိုးသားတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ကြပါတယ်။ shwekhitonlinetv.com

အလှအပပြင်ဆင်ရာမှာ အမျိုးသားတွေဟာ မျက်လုံးနဲ့ သွားတွေရဲ့ အဖြူရောင်ကို ပိုမိုပေါ်လွင်စေဖို့အတွက် မျက်လုံးနဲ့ နှုတ်ခမ်းတွေကို အမည်းရောင်ခြယ်သကြပါတယ်။ ပြီးနောက်မှာတော့ အနုစိတ်ဖန်တီးထားတဲ့ ဦးထုပ်ကို ဝတ်ဆင်ပြီး မျက်နှာတွေကို ဆေးရောင်ခြယ်သကြပါတယ်။ တချိန်တည်းမှာပဲ အမျိုးသမီးတွေကတော့ သန်မာပြီး ထူးချွန်ကြပါတယ်။ သူတို့ဟာ အာဖရိကမှာ အလှဆုံးလို့ ယူဆခြင်းခံရပါတယ်။ shwekhitonlinetv.com

၁၁ ။ အက်ပါထာနီ ( Apatani ) လူမျိုးတွေရဲ့ နှာခေါင်းအပေါက်ဖောက်ခြင်းဖက်ရှင်

အပေါ်မှာ ဖော်ပြခဲ့တဲ့ အမျိုးစုံသော ဖန်တီးမှုတွေဟာ အလှအပအတွက်ပြင်ဆင်ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အက်ပါထာနီ အမျိုးသမီးတွေအတွက်ကတော့ အလှအပအတွက် ပြင်ဆင်ခြင်း မဟုတ်ခဲ့ကြပါဘူး။ shwekhitonlinetv.com

ဒီမျိုးနွယ်စုက မျိုးသုဥ်းခြင်းဖြစ်စဥ်နဲ့ ရင်ဆိုင်ခဲ့ကြရဖူးပါတယ်။ အက်ပါထာနီ အမျိုးသမီးတွေဟာ သူတို့ရဲ့ အလှအပကြောင့် တခြားမျိုးနွယ်စုက အမျိုးသားတွေရဲ့ ခိုးယူခြင်းကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ အလှအပကို ပယ်ဖျက်ဖို့အတွက် သူမတို့ရဲ့ နှာခေါင်းမှာ အပေါက်ကြီး ဖောက်ခဲ့တဲ့အပြင် မျက်နှာကိုလည်း တက်တူးတွေနဲ့ ဖုံးကွယ်ခဲ့ကြရပါတယ်။ ဒီလိုမျိုးလုပ်ခဲ့တာကြောင့် ကောင်းမွန်တဲ့ ရလဒ်အနေနဲ့ အားလုံးအသက်ချမ်းသာရာရခဲ့ပါတယ်။ shwekhitonlinetv.com

၁၂။ တရုတ်လူမျိုးတွေရဲ့ ဆံပင်ရှည်ဖက်ရှင်

တရုတ်နိုင်ငံ ဝါလောင်ရွာ ( Huangluo ) မှာနေထိုင်တဲ့ အမျိုးသမီးတွေမှာတော့ အံ့မခန်းရှည်လျားလှတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ကြပါတယ်။ သူတို့ရဲ့ ဆံပင်တွေကို ၁၆နှစ်ပြည့်အခမ်းအနား ကျင်းပတဲ့အချိန်တခုတည်းမှသာ ဆံပင်ဖြတ်ဖို့အတွက် အခွင့်အရေးရရှိပါတယ်။ shwekhitonlinetv.com

ရှေးခေတ်အယူအဆတခုကတော့ အမျိုးသမီးတွေရဲ့ ဆံထုံးပြေလျော့နေတဲ့အချိန်ကို ယောကျ်ားတယောက်က မြင်သွားမယ်ဆိုရင် အဆိုပါ ယောက်ျားနဲ့ လက်ထပ်ထိမ်းမြားခြင်း ပြုလုပ်ရပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ စည်းကမ်းကို ရုတ်သိမ်းလိုက်ပြီဖြစ်ပြီး အမျိုးသမီးတွေဟာ လွတ်လွတ်လပ်လပ် သူမတို့ရဲ့ ဆံပင်ကို ပြသခွင့်ရပြီဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာတဝှမ်းက လူမျိုးတွေရဲ့ ဆန်းကြယ်လှတဲ့ ဖက်ရှင်အလှအပတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။​ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။