ထူးဆန်းလှတဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေကို ပြန်လည်ပြောပြနေတဲ့ ရှားပါးဓာတ်ပုံများ

သမိုင်းကြောင်းတွေဟာ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ အဆိုပါနှောင်းခေတ်ကာလအဖြစ်အပျက်တွေကို ပြန်လည်လေ့လာနိုင်ဖို့အတွက် ဓာတ်ပုံများစွာရှိလို့နေပါတယ်။ ယခုဖော်ပြပေးမယ့် ရှားပါးဓာတ်ပုံတွေထဲမှာတော့ လွန်ခဲ့တဲ့အတိတ်တချိန်က ထူးဆန်းအံ့သြဖွယ်ရာတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်။ shwekhitonlinetv.com

၁။ မိကျောင်းကန်ထဲက ဆက်ကပ်သမား

၁၉၃၃ ခုနှစ် ဘာလင်မှာ ရိုက်ကူးထားတဲ့ ဆပ်ကပ်သမားနဲ့ မိကျောင်းတွေပဲ ဖြစ်ပါတယ်။ ရွေ့လျားနိုင်တဲ့ ဘီးလုံးတပ်မှန်ကန်ထဲမှာ ကြောက်စရာမိကျောင်းတွေနဲ့အတူ စတန့်ပြကွက်ကို ပြသနေတဲ့ ဆပ်ကပ်သမားကို တွေ့ရမှာပါ။ shwekhitonlinetv.com

၂။ ၁၉၀၇ ခုနှစ်က ရေငုတ်ဝတ်စုံ

ပုံထဲမှာတွေ့မြင်ရတဲ့ ရေငုတ်ဝတ်စုံထဲက လူကိုတော့ Iron Man လို့ခေါ်ကြပြီး သူဝင်ရောက်ထားတဲ့ ရေငုတ်ဝတ်စုံရဲ့ နာမည်ကလည်း Iron Man ပဲ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရေငုတ်ဝတ်စုံကို လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ ချိတ်ဆက်ထားပြီး ရေအောက်ဖိအားဒဏ်ကို ခံနိုင်စေဖို့အတွက်လည်း ဖန်တီးပြုလုပ်ထားပါတယ်။ shwekhitonlinetv.com

၃။ အရိုးခေါင်းများနဲ့ မိန်းမချောလေး

၁၉၃၅ ခုနှစ်မှာ ရိုက်ကူးထားခဲ့တဲ့ ပဲရစ်မြို့ မြေအောက်သင်္ချိုင်းထဲက ဓာတ်ပုံဖြစ်ပါတယ်။ ပုံထဲမှာတော့ မိန်းမပျိုလေးဟာ ဖယောင်းတိုင်ကို ကိုင်ဆောင်ထားပြီး သင်္ချိုင်းထဲက အရိုးစုများကို လေ့လာနေတာ တွေ့ရမှာပါ။ shwekhitonlinetv.com

၄။ ရုပ်ရှင်ဇာတ်ကားအတွက် ဓာတ်ပုံရိုက်ကူးပေးနေတဲ့ မင်းသား

ပုံမှာတွေ့မြင်ရတဲ့သူကတော့ သရုပ်ဆောင် Johnny Eck လို့ခေါ်ပြီး မွေးဖွားလာစဥ်ကတည်းက အောက်ပိုင်းမပါလာသူတယောက်ပါ။ ၁၉၃၂ ခုနှစ်ကဓာတ်ပုံဖြစ်ပြီး Freaks ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပိုစတာအတွက် ရိုက်ကူးပေးနေတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၅။​ မက်ဆီကန်တော်လှန်ရေး

၁၉၁၃ ခုနှစ် မက်ဆီကန်တော်လှန်ရေးအတွင်းမှာ မြင်းရဲ့ ဝမ်းဗိုက်အောက်ကနေပြီး ပုန်းကွယ်ပြစ်ခတ်နေတဲ့ တပ်သားကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၆။ မျက်နှာမဖော်လိုသူ ဆိုဗီယက် cryptographer

၁၉၄၅ ခုနှစ်မှာရိုက်ကူးထားတဲ့ ဆိုဗီယက် cryptographer Igor Guzenko နဲ့ Associated Press ရဲ့ အင်တာဗျူးတခုဖြစ်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ မျက်နှာကို ဖုံးအုပ်ထားသူဟာ ဆိုဗီယက် cryptographer Igor Guzenko ဖြစ်ပြီး ဆိုဗီယက်သံရုံးမှာ အလုပ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ ကနေဒါမှာရှိတဲ့ ဆိုဗီယက်လျှို့ဝှက်စုံစမ်းထောက်လှမ်းသူများရဲ့ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး သူ့ကြောင့် လျှို့ဝှက်စုံစမ်းထောက်လှမ်းသူ ၂၉ ယောက်ကို ဖမ်းမိခဲ့ပြီး စီရင်ချက်ချနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Igor Guzenko ဟာ အထင်ကြီးလောက်စရာဆုတံဆိပ် ၊ နေထိုင်စရာအိမ်နဲ့ နိုင်ငံရေးခိုလှုံခွင့်တို့ကို ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၇။ ဗြိတိသျှတော်ဝင်မြင်းတပ်ရဲ့ မြင်းလိမ္မာများ

၁၉၁၅ ခုနှစ်က ဗြိတိသျှတော်ဝင်မြင်းတပ်ရဲ့ စစ်သားတွေ လေ့ကျင့်ရေးဆင်းနေတာကို တွေ့ရမှာပါ။ မြင်းလိမ္မာတွေရဲ့ နာခံမှုကို စမ်းသပ်တဲ့အနေနဲ့ စစ်သားတွေဟာ မြင်းတွေရဲ့ကျောပေါ်မှာ လှဲလျောင်းတဲ့ အနေအထားနဲ့ မြင်းစီးခဲ့ကြပါတယ်။ မြင်းလိမ္မာတွေကတော့ သူတို့ရဲ့ကျောပေါ်က စစ်သားတွေကို ခါချခြင်း ကဆုန်ပေါက်ခြင်းမရှိပဲ သာမန်အတိုင်း ဆက်လက်သွားလာနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၈။ ဆုတံဆိပ်များနဲ့ကလေးငယ်

ပုံမှာတွေ့မြင်ရတဲ့ကလေးလေးကတော့ Marcia Pinkenfield လို့ခေါ်ပြီး ၆ လသားအရွယ်သာ ရှိပါသေးတယ်။ ၁၉၂၇ ခုနှစ်က အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ထူးဆန်းပြီး အဓိပ္ပာယ်မရှိတဲ့ ပြိုင်ပွဲမှာ အဆိုပါကလေးငယ်ဟာ အမေရိကန်နိုင်ငံမှာ အချောအလှဆုံးကလေးငယ်အဖြစ် အနိုင်ရရှိသွားတဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ၁၉၃၀ ခုနှစ်က ဂေါ်ရီလာ

၁၉၃၀ ခုနှစ်က Belgian Congo မှာ ဖမ်းမိခဲ့တဲ့ ဂေါ်ရီလာကြီးနဲ့အတူ အီတလီခရီးသွား Attilio Gatti နဲ့ ဒေသခံလို့ယူဆရတဲ့ အမဲလိုက်ရာမှာ ကူညီပေးသူနှစ်ဦးတို့ကိုတွေ့မြင်ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ပထမကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှု စားပွဲဝိုင်း

ပုံထဲကို သေချာကြည့်မယ်ဆိုရင်တော့ ဓာတ်ပုံထဲက ယောကျ်ားကြီးတွေရဲ့ မျက်နှာဟာ တမျိုးတဖုံ ထူးဆန်းလို့ နေမှာပါ။ တချို့က ပတ်တီးစီးထားသလို တချို့ရဲ့ မျက်နှာတွေကတော့ မသေမသပ်ဖြစ်နေကြပါတယ်။ သူတို့ဟာ ပထမကမ္ဘာစစ်မှာ ဒဏ်ရာရရှိခဲ့ပြီး သေကံမရောက်ခဲ့တဲ့ ပြင်သစ်စစ်သားတွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်ပုံကိုတော့ ၁၉၂၅ ခုနှစ်မှာ ရိုက်ကူးထားပါတယ်။ shwekhitonlinetv.com

၁၁။ တိရစ္ဆာန်ရုံက ဆင်ကြီးရဲ့ နိဂုံး

ပြစ်ခတ်ခံနေရတဲ့ ဆင်ကြီးကတော့ လော့စ်အိန်ဂျယ်လိစ် တိရစ္ဆာန်ရုံက Billy လို့အမည်ရတဲ့ ဆင်ကြီးဖြစ်ပါတယ်။ ဆင်အိုကြီးဟာ တဖြေးဖြေးနဲ့ ထိန်းသိမ်းမရဖြစ်လာတာကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ တိရစ္ဆာန်ရုံဝန်ထမ်းဟာ ဆင်ကြီးကို ပြစ်ခတ်နေခဲ့တဲ့ ၁၉၃၉ ခုနှစ်ကဓာတ်ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ယုန်ရဲ့အရည်နဲ့ နုပျိုမှုကို ဖန်တီးနေသူ

၁၉၂၅ ခုနှစ် ဘာလင်မှာ ရိုက်ကူးခဲ့တဲ့ ဆေးကုသနေတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ပုံထဲမှာ တွေ့မြင်ရတဲ့ ဆရာဝန် ဒေါက်တာHeinz ဟာ သက်ရှိတောယုန်ကြီးဆီက အရည်ကို အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲကို ထိုးသွင်းနေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအရည်ဟာ နုပျိုမှုကို ပေးစွမ်းနိုင်မယ်လို့ ထိုခေတ်က ယုံကြည်ထားကြပါတယ်။ shwekhitonlinetv.com

၁၃။ ဗြိတိသျှစစ်တပ်ရဲ့ လက်နက်သယ်ဆောင်ယာဥ်များ

ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန် အိန္ဒိယမှာတွေ့ရတဲ့ ဗြိတိသျှစစ်တပ်ရဲ့ လက်နက်သယ်ဆောင်တဲ့ ယာဥ်တွေပဲဖြစ်ပါတယ်။ လက်နက်သယ်ဆောင်တဲ့ယာဥ်တွေအဖြစ် မရိပ်မိစေဖို့အတွက် ဆင်ပုံစံပြင်ဆင်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၄။ နေကာဝတ်စုံနဲ့ ကောင်လေး

အသက် ၈ နှစ်ရှိပြီဖြစ်တဲ့ Freddie McIntosh ဆိုတဲ့ ကောင်လေးကို နေရောင်ခြည်ကာဝတ်စုံနဲ့ တွေ့မြင်ရတာ ဖြစ်ပါတယ်။ အဖျားရောဂါတခုကြောင့် ကောင်လေးရဲ့ အသားအရည်ဟာ နေရောင်ခြည်ဒဏ်မခံနိုင်အောင် ဖြစ်ခဲ့ရတဲ့အတွက် အဆိုပါ ခပ်ဆန်းဆန်းဝတ်စုံကို ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ လက်ဖက်ရည်စားပွဲကို ခုံပျံကျော်လွှားနေတဲ့ မြင်း

အမေရိကန်စစ်သားတွေဟာ ပုံမှန်အတိုင်း လက်ဖက်ရည်စားပွဲမှာ ဝိုင်းဖွဲ့ပြီး စကားပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ထိုအချိန်မှာပဲ မြင်းအကြီးကြီးတကောင်ဟာ စားပွဲဝိုင်းက စားသောက်စရာတွေအပါအဝင် လူတဦးတယောက်ကိုမှ မထိခိုက်စေပဲ ခုန်ပျံကျော်လွှားသွားခဲ့တာကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၁၆။ လေယာဥ်ပေါ်က တင်းနစ်ကစားပွဲ

လေထဲမှာ ပျံသန်းနေတဲ့ လေယာဥ်ရဲ့ တောင်ပံတွေပေါ်မှာ အသက်နဲ့ရင်းပြီး တင်းနစ်ကစားနေတဲ့ ကစားသမားနှစ်ဦးကို တွေ့မြင်ရမှာပါ။ ဓာတ်ပုံသာရိုက်ကူးမထားဘူးဆိုရင်တော့ ဒီအကြောင်းအရာဟာ အတိတ်ရဲ့ယုံတမ်းပုံပြင်တွေထဲက တခုဖြစ်သွားနိုင်ပါတယ်။ shwekhitonlinetv.com

၁၇။ ထူးဆန်းတဲ့စက်ဘီး

၁၈၈၂ ခုနှစ်က တီထွင်ဖန်တီးထားတဲ့ စက်ဘီးဖြစ်ပါတယ်။ ကျကျနနထိုင်ခုံမှာ စီးနင်းနိုင်တဲ့ ဒီလိုစက်ဘီးဟာ ယနေ့ခေတ်မှာတော့ လုံးဝပျောက်ကွယ်ခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၁၈။ သမင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတဲ့မိန်းကလေး

Beth Pitt လို့ခေါ်တဲ့ အမျိုးသမီးငယ်ဟာ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ Star Messageလို့အမည်ရတဲ့ သမင်လေးကို နယူးယောက်မြို့လယ်ခေါင်မှာ ခေါ်ဆောင်လာတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံကို ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒီရက်မတိုင်ခင်မှာ Beth Pitt ဟာ သူမရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို Central Park မှာ လွှတ်ပေးထားပြီး ကစားခဲ့တဲ့အတွက် တရားရုံးကို ဒဏ်ငွေဆောင်ခဲ့ရပါသေးတယ်။ shwekhitonlinetv.com

၁၉။ လက်ဖက်ရည်စားပွဲဝိုင်းက ခြင်္သေ့

လက်ဖက်ရည်စားပွဲဝိုင်းမှာ ကျကျနန ထိုင်နေတဲ့ ခြင်္သေ့တကောင်ကို တွေ့ရမှာပါ။ သူတချက်ခုန်အုပ်လိုက်မယ်ဆိုရင် မျက်နှာချင်းဆိုင်ကလူရဲ့ဘဝက မတွေးဝံ့စရာပါပဲနော်။ shwekhitonlinetv.com

၂၀။ မစ်ကီးမောက်မျက်နှာဖုံးများ

၁၉၃၀ ခုနှစ်ခန့်က ကယ်လီဖိုးနီးယား Ocean Park မှာ ပြုလုပ်တဲ့ မစ်ကီးမောက်ကလပ်ဖန်များရဲ့ အစောပိုင်းတွေ့ဆုံမှု ဖြစ်ပါတယ်။ တက်ရောက်ကြသူအားလုံးဟာ ပြုံးရွှင်နေတဲ့ ကြွက်မျက်နှာဖုံးကိုယ်စီ ဝတ်ဆင်ထားပေမယ့် ထွက်ပေါ်လာတဲ့ဓာတ်ပုံကတော့ ထိတ်လန့်ကြောက်ရွံ့ဖွယ် ဖြစ်ပေါ်နေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။