ကာတာဘုရင် ကိုယ်တိုင်မက်ဆီကို ဆင်မြန်းပေးခဲ့တဲ့ ဝတ်ရုံက ဘာအဓိပ္ပါယ်ဆောင်သလဲ

ကမ္ဘာ့ဖလားဆုချီးမြှင့်ပွဲမှာ ကာတာဘုရင် မက်ဆီကို ဆင်မြန်းပေးခဲ့တဲ့ အနက်ရောင် ဝတ်ရုံက Bisht (The Robe) လို့ ခေါ်ပါတယ်။ အာရေဗျစစ်သည်တော်တွေဟာ အောင်ပွဲရရှိပြီးချိန်မှာ ဒီဝတ်ရုံကို ဝတ်ဆင့်လေ့ရှိပြီး တော်ဝင်မိသားစုကလည်း တန်ဖိုးထားဝတ်ဆင်ကြပါတယ်။ shwekhitonlinetv.com

ကာတာနိုင်ငံမှာ အလွန်ချမ်းသာတဲ့ဘီလျံနာတစ်ယောက်ဖြစ်နေပါစေအုံးတော့ ဒီဝတ်ရုံဝတ်ခွင့်ရဖို့ အခွင့်အရေးမရှိပါဘူး။ ဒီဝတ်ရုံကို ကာတာတော်ဝင်မိသားစုအပြင် ဝတ်ဆင်ခွင့်ရကောင်းရနိုင်တာက အောင်ပွဲရပြီးပြန်လာတဲ့စစ်သူကြီးတွေသာရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီဝတ်ရုံဝတ်ခွင့်ရရင် ကာတာတော်ဝင်မိသားစုဝင်အဖြစ် အသိအမှတ်ပြုခံရပြီ။ ဒီဝတ်ရုံကို ကာတာဘုရင်ကိုယ်တိုင်က မက်ဆီကို ခြုံပေးခဲ့တယ်။ ဒါဟာ မက်ဆီကို ဘောလုံးဘုရင်တပါးအဖြစ် အသိအမှတ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

ကာတာဘုရင်က လီယွန်နယ်မက်ဆီကို လေးစားမှုပြသတဲ့ သင်္ကေတအဖြစ်နဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး မက်ဆီကို အာဂျင်တီးနားနိုင်ငံအတွက် အောင်ပွဲရအောင် ရယူပေးခဲ့တဲ့ စစ်သည်တော်အဖြစ် အသိအမှတ်ပြုခဲ့တာပါ။ မက်ဆီက သူ့ရဲ့ အာဂျင်တီးနားဂျာစီမှာလည်း ဘောလုံးဘုရင်အဖြစ်နဲ့ တော်ဝင်မိသားစုဆီကနေ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။