ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း ဆုကြေးဘယ်လောက်ရခဲ့သလဲ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အားကစားပြိုင်ပွဲတွေအနက် အကြီးကျယ်ဆုံးနဲ့အခမ်းနားဆုံး ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ မိမိတို့ကိုယ်စားပြုတဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားကြတဲ့ပြိုင်ပွဲဆိုရင်လည်းမမှားပါဘူး။ shwekhitonlinetv.com

ဒါဆိုရင် ဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့အသင်းအနေနဲ့ နိုင်ငံအတွက်အမြင့်ဆုံးဂုဏ်သိက္ခာအပြင် ဆုကြေးငွေကရော ဘယ်လောက်အထိတောင် ရရှိကြမလဲ ? အားကစားပရိသတ်အများစုကတော့ ဒီအကြောင်းအရာကို သိရှိပြီးဖြစ်နိုင်ပေမယ့် မသိသေးတဲ့သူတွေအတွက် ဗဟုသုတအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင့်အလိုက်ချီးမြှင့်တဲ့ ဆုကြေးငွေတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာသန်း (၄၄၀) ပေးအပ်ချီးမြှင့်သွားဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က သတ်မှတ်ထားပါတယ်။ ဒီဆုကြေးတွေကိုတော့ ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံအနေနဲ့ မိမိတို့ရောက်ရှိတဲ့ ပြိုင်ပွဲအဆင့်အလိုက် မတူညီတဲ့ဆုကြေးငွေတွေကိုရရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ကယ်တော့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုကြေးငွေတွေကို တိုးမြှင့်ပြီးချီးမြှင့်ထားတာဖြစ်ပါတယ်။ထပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံအသင်းအနေနဲ့ ဒေါ်လာ ၃၈ သန်းသာရရှိခဲ့ပေမယ့် လက်ရှိပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားအသင်းကတော့ ဆုကြေး ဒေါ်လာ (၄၂) သန်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒုတိယရရှိခဲ့တဲ့ပြင်သစ်အသင်းကတော့ ဆုကြေးဒေါ်လာသန်း (၃၀) ၊ တတိယရရှိခဲ့တဲ့ ခရိုအေးရှားအသင်းက ဆုကြေး ဒေါ်လာ (၂၇) သန်း နဲ့ စတုတ္ထရရှိခဲ့တဲ့ မော်ရိုကိုအသင်းကတော့ ဆုကြေး ဒေါ်လာ (၂၅) သန်း အသီးသီးရရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

ကွာတားဖိုင်နယ်အဆင့်မှာ ကျန်ရစ်ခဲ့တဲ့ ဘရာဇီးလ်၊ အင်္ဂလန်၊ နယ်သာလန် နဲ့ ပေါ်တူဂီ အသင်းတွေတော့ ဆုကြေး ဒေါ် လာ (၁၇) သန်းစီရရှိခဲ့ကြပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာ ကျန်ရစ်ခဲ့တဲ့ အသင်းရှစ်သင်းကတော့ ဆုကြေး ဒေါ်လာ (၁၃) သန်းစီ ရရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

အုပ်စုအဆင့်မှာ ကျန်ရစ်ခဲ့တဲ့အသင်း ၁၆ သင်းကတော့ ဆုကြေးအဖြစ် ဒေါ်လာ (၉) သန်းစီရရှိခဲ့ကြပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေ အနေနဲ့ကတော့ ခြေစစ်ပွဲအောင်ကတည်းက ဒေါ်လာ ၁ ဒသမ ၅ သန်းစီ အသီးသီးလက်ခံရရှိပြီးဖြစ်ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။