ရုရှားနိင်ငံက ငါးဖမ်းသမားတစ်ယောက် ဖမ်းမိခဲ့တဲ့ ကြောက်မက်ဖွယ် ငါးကြီးများ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးအတွက် ဗဟသုတရစေရန်နဲ့ အပျင်းလေး ပြေစေဖို့အတွက် အကြောင်းအရာလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒါကတော့ ရုရှားနိုင်ငံက ငါးဖမ်းသမားတစ်ယောက် ဖမ်းဆီးရမိခဲ့တဲ့ ကြောက်မက်ဖွယ် ငါးကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို အကောင်မျိုးတွေလဲဆိုတာကတော့ အောက်ကပုံတစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

Roman Fedortsov’s လို့ခေါ်တဲ့ ငါးဖမ်းသမားတစ်ယောက်ဟာ သူဖမ်းမိခဲ့တဲ့ ထူးထူးဆန်းဆန်း ငါးတွေရဲ့ ပုံကို Twitter မှာ မျှဝေပေးခဲ့ပါတယ်။ ဒီပုံတွေဟာဆိုရင် သူငါးဖမ်းခဲ့တဲ့ သက်တမ်းတစ်လျှောက် ဖမ်းဆီးရမိခဲ့တဲ့ ကြေက်က်စရာငါးကြီးတွေပဲ ဖြစ်ပါတယ်။ ပုံတွေထဲက တစ်ချို့အကောင်တွေဟာဆိုရင် လူတော်တော်များများ သိနေတဲ့ အကောင်တွေပါပေမယ့်လည်း တစ်ချို့သော အကောင်ကြီးတွေကတော့ တစ်ခါမှ မမြင်ဖူးလောက်အောင် ထူးဆန်းတဲ့ ငါးကြီး တွေလည်း ပါဝင်လို့နေပါတယ်။ shwekhitonlinetv.com

ဒီအထဲမှာပါတဲ့ အကောင်အများစုဟာဆိုရင် ရေနက်တဲ့ နေရာတွေမှာ ရှင်သန်ကျက်စားနေကြတဲ့ အကောင်တွေ ဖြစ်ပြီး တွေ့မြင်ရဖို့အတွက်လည်း အတော်လေးကို ခဲယဉ်းလွန်းလှပါတယ်။ တစ်ချို့အကောင်ကြီးတွေဟာဆိုရင် စာရင်းပြုစုထားတဲ့ အကောင်စာရင်းတွေထဲမှာတောင် မပါဝင်ထားကြသေးပါဘူး ။ shwekhitonlinetv.com

များသောအားဖြင့်ကတော့ မူလအကောင်မျိုးစိတ်တွေ ဖြစ်ပြီး အခြားသော အကောင်တွေကတော့ မျိုးရိုးဗီဇ ပြောင်းလဲသွားတဲ့ သက်ရှိတွေလည်း ပါဝင်လို့နေပါတယ်။ ထူးဆန်းတာက သူဖမ်းမိခဲ့တဲ့ ဒီလိုမျိုး ကြောက်စရာ ငါးတွေဟာဆိုရင် ရေမျက်နှာ ပြင် အပေါ်ယံကို ရောက်ရှိသွားတာနဲ့ တပြိုင်နက် လေထု ဖိအားဒဏ်ကြောင့် သေဆုံးကုန်ကြပါတယ်တဲ့…. shwekhitonlinetv.com

အခုဖော်ပြပေးထာတာတွေကတော့ ပင်လယ်ရေအောက် ထူးဆန်းတဲ့ Sea Monster တွေရဲ့ ပုံတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။