နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ချင်း ချွတ်စွတ်တူလွန်းတဲ့ စတန့်သမားများ

အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ရုပ်ချင်းခွဲမရအောင်တူလွန်းတဲ့ သရုပ်ဆောင်တွေနဲ့ သူတို့ရဲ့ စတန့်သမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ကယ်ပြောတဲ့ အတိုင်း တူရဲ့ လားဆိုတာကတော့ အောက်ကပုံ တစ်ပုံချင်းစီကို သေချာကြည့်ပြီး အကဲဖြတ်ကြည့်ပါဦးနော်…. shwekhitonlinetv.com

၁ ။ Keanu Reeves and Mack Kuhr (John Wick: Chapter 2 )

၂ ။ Arnold Schwarzenegger and Peter Kent ( Predator )

၃ ။ Dwayne ’The Rock’ Johnson and Tanoai Reed ( Jumanji )

၄။ Mark Ruffalo and Anthony Molinari ( Now You See Me )

ရုပ်ရှင်ကား တစ်ကားရိုက်တော့မယ်ဆိုရင် တစ်ချို့သော အခန်းတွေ အတွက် မင်းသား ၊ မင်းသမီးတွေရဲ့ နေရာမှာ အစားဝင်ပြီး ခဏတာ သရုပ်ဆောင်ပေးရတဲ့ သူတွေ ရှိပါတယ် ။ သူတို့တွေကို စတန့်သမားတွေလို ခေါ်ကြပြီး အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းတွေမှာ အစားထိုး သရုပ်ဆောင်ကြရပါတယ်။ ဒါပေမယ့် စတန့်သမားဖြစ်ဖို့အတွက် အရမ်းတော့ လွယ်ကူမနေပါဘူး ။ အကြောင်းကတော့ ကိုယ် အစားထိုးရမယ့် သရုပ်ဆောင်နဲ့ ရုပ်ချင်းဆင်တူရမယ့် အပြင် ကိုယ်ခန္တာ အချိုးအစားနဲ့ အန္တရာယ်များတဲ့ စတန့်တွေကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်ဖို့လည်း လိုပါသေးတယ်။ shwekhitonlinetv.com

၅ ။ Tom Hardy and Jacob Tomuri ( Mad Max )Hide or report this

 ၆ ။ Lynda Carter and Jeannie Epper ( Wonder Woman )

၇ ။ Alexander Skarsgård and Mark Slaughter ( The Legend of Tarzan )

၈ ။ Mark Wahlberg and Dan Mast (Transformers: Age of Extinction )

ဒါ့ကြောင့် နိုင်ငံတကာက ရုပ်ရှင်တွေမှာဆိုရင် စတန့်သမားတွေကို ရွေးချယ်တဲ့အခါမှာ အဘက်ဘက်ကနေ စီစစ်ပြီး သေချာ ရွေးချယ်ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်လို့လည်း သူတို့ရိုက်တဲ့ ဇာတ်ကားတွေမှာဆိုရင် စတန့်သမားကို အစားထိုးပြီး သရုပ်ဆောင်ခိုင်းထားတယ်ဆိုတာ မသိရလောက်အောင် ပီပြင်နေတာပါ ။ ထူးခြားတာက ဒီလို စတန့်သရုပ်ဆောင်တွေမှာ အမျိုးသားတွေ အပြင် အမျိုးသမီး စတန့်သမားတွေလည်း ရှိပါတယ် ။ သူတို့ဟာ မူလသရုပ်ဆောင်တွေ နဲ့ ခေါင်း အစခြေအဆုံး အတော်လေး တူညီနေတာကို တွေ့ရမှာ ဖြစ်ပြီး ဆံပင် ပုံစံက အစ အသေးစိတ် ပြုပြင် ထားကြတာကိုလည်း သတိထားမိထားမိကြမယ် ထင်ပါတယ်။ shwekhitonlinetv.com

၉ ။ Chris Pratt and Tony McFarr ( Jurassic World )

၁၀ ။ Jean-Claude Van Damme and Mark Stefanich (Street Fighter )

ဒါပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားတိုင်းမှာ အစားထိုး စတန့်သမားတွေကို ထည့်သွင်းထားတာတော့ မဟုတ်ပါဘူး ။ တစ်ချို့သော မင်းသား ၊ မင်းသမီးတွေဟာဆိုရင် စတန့်ပါတဲ့ အခန်းတွေကို ကိုယ်တိုင်အရဲစွန့်ပြီး သရုပ်ဆောင်ကြတာလည်း ရှိပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ရှင်ကားတစ်ကားအတွက် စတန့်သမားတွေကို ရွေးချယ်တဲ့အခါ သရုပ်ဆောင်တွေရဲ့ မျက်နှာနဲ့ တူအောင် သေချာရွေးချယ်ထားတယ်ဆိုတာကို အခုပုံတွေမှာ တွေ့ရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၁၁ ။ Gaten Matarazzo and Chris Nado ( Stranger Things )

၁၂ ။ Andrew Lincoln and Felipe Savahge — (The Walking Dead )

အခုဖော်ပြပေးထားတာတွေကတော့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ မျက်နှာ ချွတ်စွပ်ဆင်တူလွန်းတဲ့ စတန့်သမားတွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply