လူတွေသိပ်မသိတဲ့ စစ်အာဏာရှင် ဟစ်တလာရဲ့ လျို့ဝှက်ချက်များ

ဂျာမန်စစ်အာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) ဆိုတာကတော့ ဒီနေ့ခေတ် လူကြီးလူငယ် မရွေးသိထားပြီးဖြစ်တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သမိုင်းကိုပြန်လှန်ကြည့်မယ်ဆိုရင်တော့ ဟစ်တလာ ဟာနာမည်ဆိုးနဲ့ ကမ္ဘာကျော်ခဲ့သူတစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးကလူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြသလို စက်ဆုပ်မုန်းတီးကြတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းအတော်များများကို ရွှေခေတ်ပရိသတ်တွေအနေနဲ့လည်းဖတ်ဖူး၊ ကြားဖူးကြမှာဖြစ်ပေမယ့် အခုဖော်ပြပေးမယ့်အချက်တွေကိုတော့ သိရှိမယ့်သူနည်းမယ်လို့ထင်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေများဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့် ကြပါဦးနော် shwekhitonlinetv.com

၁။ အချိုကြိုက်တဲ့ ဟစ်တလာ

နာဇီပါတီရဲ့ အဓိပတိကြီးဟာ ကလေးငယ်တွေထက်တောင်ပိုပြီး အချိုကြိုက်တဲ့သူဖြစ်ပါတယ်။ ဟစ်တလာဟာ သကြားလုံးနဲ့ချောကလက်တွေကို အထူးနှစ်သက်တဲ့သူဖြစ်ပြီး တစ်နေ့ကို ချောကလက် (၂) ပေါင်လောက်စားသုံးလေ့ရှိသူလို့ သိရပါတယ်။ shwekhitonlinetv.com

၂။ ခေတ်ရှေ့ပြေးတဲ့ အိုင်ဒီယာ

ဟစ်တလာဟာ သူ့ရဲ့စစ်သားတွေကို ဆစ်ဖလစ် (ကာလသားရောဂါ) မဖြစ်အောင် ကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီနေ့ခေတ် စီလီကွန် အရုပ်တွေလိုမျိုး လိင်ဖျော်ဖြေရေးအရုပ်တွေကို ထုတ်လုပ်စေပြီး သူ့ရဲ့စစ်သားတွေကို ပြင်သစ် ပြည့်တန်ဆာတွေထံမှ ရောဂါမကူးစက်အောင် ကာကွယ်ဖို့ စီစဉ်ခဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကာတွန်းကြိုက်သူ

ရက်စက်တဲ့ နေရာမှာနှစ်ယောက်မရှိတဲ့ ဟစ်တလာဟာ Disney က ရိုက်ကူးထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့သူတစ်ဦးလို့သိရပါတယ်။ အထူးသဖြင့်တော့ စနိုးဝှိုက်နဲ့ လူပုလေး (၇) ယောက်လိုကာတွန်းမျိုးကို အလွန်ကြိုက်နှစ်သက်တဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ မူးယစ်ဆေးစွဲခဲ့သူ

တစ်ခါမှာတော့ ဆရာဝန်ကသူ့ကို မူးယစ်ဆေးပါဝင် ဆေးဝါးတွေသုံးစွဲဖို့ညွှန်ကြားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီကတစ်ဆင့်တစ်စ တစ်စ ဟစ်တလာ ဟာမူးယစ်ဆေးစွဲခဲ့ပြီး နောက်ပိုင်းမှာ တစ်နေ့ကို (၂) ကြိမ်လောက် ကိုကင်းပုံမှန် ရှုခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ ဂျူးအမျိုးသမီးလေးကို မျက်စိကျခဲ့သူ

ရက်စက်မှုအပေါင်းသဖူဆောင်းခဲ့တဲ့ စစ်အာဏာရှင်ကြီးဟာလည်း နှလုံးသားရှိတာမို့ အချစ်နဲ့မကင်းခဲ့ပါဘူး။ သူ့မှာ ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့တဲ့ ဂျူးအမျိုးသမီးလေးတစ်ယောက်ရှိခဲ့ပြီး သူမသေဆုံးသွားတဲ့ အချိန်ထိအောင် သူမကိုချစ်ကြောင်း ဖွင့်ဟမပြောရဲခဲ့ပါဘူးတဲ့ ပရိသတ်ကြီးရေ …။ shwekhitonlinetv.com

၆။ ပန်းချီဆရာဖြစ်ချင်ခဲ့တဲ့ ဟစ်တလာ

အမှန်တကယ်တော့ ဟစ်တလာ ဟာ အနုပညာဓာတ်ခံရှိသူတစ်ဦးဖြစ်ပါတယ်။ သြစတြီးယား နိုင်ငံ ဗီယင်နာ အနုပညာအကယ်ဒမီမှာ တက်ရောက်ခွင့်ရဖို့ ဟစ်တလာအနေနဲ့ (၂) ကြိမ်တိုင်လျောက်ထားခဲ့ဖူးပြီး (၂) ကြိမ်စလုံးငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ တကယ်လို့ သူသာ အဲ့ဒီအနုပညာကျောင်းမှာတက်ရောက်ခွင့် ရခဲ့ရင် သူ့ရဲ့ သမိုင်းကြောင်းကလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမလားပဲနော် …. shwekhitonlinetv.com

၇။ အယူသီးတဲ့ဟစ်တလာ

ဟစ်တလာဟာ ရှေးရိုးစွဲတစ်ယောက်ဖြစ်နိုင်ပြီး ကိစ္စအတော်များများမှာလည်း အယူသီးတဲ့သူတစ်ယောက်ဖြစ် ပါတယ်။ သူ့အတွက်တော့ နံပါတ် (၇) ဂဏန်းဟာ အလွန်အစွမ်းထက်တယ်လို့ ယူဆထားသူလည်းဖြစ်ပါတယ်။ နာဇီပါတီရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ (Swastika) ဆိုတဲ့ သင်္ကေတဟာလည်း မှော်ဝင်နေတယ်လို့ ယုံကြည်ပြီး နေရာအနှံ့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ တူမဖြစ်သူကို အလွန်အမင်းကာကွယ်ပေးသူ

ဟစ်တလာဟာ အခြားသူတွေအပေါ်ရက်စက်သလောက် သူ့တူမကိုတော့ အတော်လေးကိုချစ်ပုံရပါတယ်။ သူ့တူမနဲ့ပတ်သတ်ရင် လုံးဝအထိမခံသူဖြစ်ပြီး အပြင်ထွက်မိတ်ဆွေဖွဲ့ခွင့် မရှိအောင်အရိပ်တကြည့်ကြည့်နဲ့ ချုပ်ခြယ်ခဲ့သူပါ။ ကောလဟလ တွေအရတော့ သူ့တူမနဲ့လိင်ကိစ္စဆက်ဆံမှုမျိုးတွေရှိခဲ့တယ်လို့ လည်းသိရပါတယ်။ ဘယ်လိုအကြောင်းကြောင့်လဲ သေချာမသိပေမယ့် ကလေးမကတော့ အသက် (၂၃) နှစ်အရွယ်မှာပဲ သူ့ကိုသူသတ်သေသွားခဲ့ပါတယ်။ shwekhitonlinetv.com

၉။ သွားဆရာဝန်တွေကို မုန်းတီးသူ

သွားကိုက်သွားနာတဲ့သူတွေအတော်များများက သွားဆရာဝန်တွေဆီသွားရမှာတော့ ကြောက်ရွံတက်ကြပါတယ်။ ဒီအထဲမှာ ဟစ်တလာလည်းအပါအဝင်ဖြစ်ပါတယ်။ အချိုတွေအလွန်အမင်းစားသုံးတဲ့ အပြင် သွားဆရာဝန်တွေနဲ့ပြရမှာလည်း ကြောက်တဲ့သူမို့လို့ သူ့ရဲ့ ခံတွင်းသန့်ရှင်းမှုကတော့ အတော်လေးကို ဆိုးဝါးမယ်လို့ထင်ရပါတယ်။ shwekhitonlinetv.com

၁၀။ အိပ်မပျော်တဲ့ ဝေဒနာခံစားနေရသူ

ဒီဝေဒနာကိုတော့ သူ့ရဲ့ရက်စက်တဲ့ စီမံကိန်းတွေရေးဆွဲခဲ့တဲ့ အချိန်မှာ စတင်ခံစားခဲ့ရတာဖြစ်နိုင်ပါတယ်။ ညဘက်တွေမှာအလုပ်အရမ်းလုပ်တဲ့ ဟစ်တလာဟာ အိပ်မပျော်တဲ့ ဝေဒနာစွဲကပ်လာပြီး အလွန်နောက်ကျမှ အိပ်ပျော်သလို အလွန်နောက်ကျမှလည်း အိပ်ယာထလေ့ရှိသူဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးတဲ့ အကြောင်းအရာလေးကတော့ စာအုပ်တွေ အင်တာနက်စာမျက်နှာတွေမှာ သိပ်ပြီးဖော်ပြလေ့မရှိတဲ့ ဂျာမန်စစ်အာဏာရှင်ကြီး ဟစ်တလာရဲ့ လျို့ဝှက်ချက်လေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။