မူလနာမည်ကနေ နာမည် အသစ် တစ်ခု ပြောင်းလဲ မှည့်ခေါ်ခဲ့ကြတဲ့ နိုင်ငံများ

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ ဗဟုသုတရစရာအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ မူလ နာမည်ကို အသစ် နာမည်တစ်ခု ပြောင်းလဲခဲ့တဲ့ နိုင်ငံတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေ ပါမလဲဆိုတာကတော့ အောက်က ပုံ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ နယ်သာလန် နိုင်ငံ

နယ်သာလန်နိုင်ငံရဲ့ နယ်မြေတစ်ခုဖြစ်ကာ ဟော်လန်နိုင်ငံလို့ မှည့်ခေါ်ခဲ့ကြတာဖြစ်ပီး တောင် ဟော်လန်နဲ့ မြောက်ဟော်လန် ဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ်။ နောက်ပိုင်းမှတော့ အစိုးရတာဝန်ရှိသူတွေက ဟော်လန် နာမည်ကနေ နယ်သာလန်အဖြစ် ပြောင်းလဲခဲ့ကြပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလမှာတော့ တရားဝင် သတ်မှတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲခြင်းမှာ တစ်ခြားသော အဖွဲ့အစည်းတွေအပြင် လက်ရွေးစင်ဘောလုံးကို နယ်သာလန်အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။ shwekhitonlinetv.com

၂။ သီရိင်္လကာနိုင်ငံ

သီရိင်္လကာနိုင်ငံရဲ့ မူလနာမည်ကတော့ ဆီလီယွန် ( Ceylon ) ပဲ ဖြစ်ပါတယ်။ ဆီလီယွန်ဆိုပြီး အမည်ပေးဖြစ်ခဲ့တာကတော့ ပေါ်တူဂီလူမျိုးတွေကြောင့် ဖြစ်ပြီး ၁၅၀၅ ခုနှစ်မှာ ဒီနယ်မြေကို ရှာဖွေတွေ့ရှိလာရာကနေ နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဗြိတိသျှနိုင်ငံရဲ့ ကိုလိုနီနယ်မြေဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှတော့ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ်အတော်ကြာတဲ့ အချိန်မှာတော့ အစိုးရက ဆီလီယွန်ဆိုတဲ့ နာမည်ကနေ သီရိလိင်္ကာ အဖြစ်ပြောင်းလဲခေါ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

၃။ မြန်မာနိုင်ငံ

၁၉၈၉ ခုနှစ်မှာ အစိုးရအသစ် တက်လှမ်းလာခဲ့ပြီး နောက်ပိုင်းမှာတော့ ဗမာနိုင်ငံကနေ မြန်မာနိုင်ငံအဖြစ် ပြောင်းလဲ ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ဟာ ဒီဆုံးဖြတ်ချက်ကို လက်မခံခဲ့ကြပါဘူး ။ ဒီလို အကြောင်းရင်းတွေကြောင့်ပဲ ကမ္ဘာကနိုင်ငံအချို့ဟာ ယနေ့အချိန်အထိ ဗမာနိုင်ငံလို့ပဲ သိထားကြပါတယ်။ shwekhitonlinetv.com

၄။ ထိုင်းနိုင်ငံ

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင်လည်း ဆိုင်းယမ်ဆိုတဲ့ အမည်ကနေ ပြောင်းလဲ ခေါ်ဆိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ ဆိုင်းယမ်ဆိုတဲ့ အမည်ကို အချိန်အတော်ကြာကတည်းက ပြောင်းလဲခဲ့တာဖြစ်ပြီး 1939 ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ဘုရင်မင်းမြတ်က ပြောင်းလဲပေးခဲ့တာပဲ ဖြစ်ပါတယ်။ Thailand နိုင်ငံကို ထိုင်းဘာသာစကားအရ Prathet Thai လို့ ခေါ်ကြပြီး အဓိပ္ပါယ်ကတော့ လွတ်လပ်သော လူတွေလို့ ခေါ်ကြပါတယ်။ shwekhitonlinetv.com

၅။ ဘာကီနာဖာဆိုနိုင်ငံ

နိုင်ငံရဲ့ နှစ် (၂၀) ပြည့် လွတ်လပ်ရေးအထိမ်းအမှတ်နေ့မှာ အလ်တိုဗိုတာ ပြည်သူ့သမ္မတနိုင်ငံ (Republic of Alto Voto ) ကနေ ဘာကီနာဖာဆို နိုင်ငံအဖြစ် ပြောင်းလဲ မှည့်ခေါ်ခဲ့ကြပါတယ်။ ၁၉၈၄ ခုနှစ်မှာ စတင်ပြောင်းလဲခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ နာမည်ကိုသာမက နိုင်ငံကိုယ်စားပြု အလံနဲ့ နိုင်ငံတော်သီချင်းတွေကိုပါ အကုန်လုံး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ပြည်သူ့သမ္မတ မက်ဆီဒိုးနီးယား မြောက်ပိုင်းနိုင်ငံ

မူလ မက်ဆီဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ပိုင်းကနေစပြီး ပြည်သူ့ သမ္မတ မက်ဆီဒိုးနီးယား မြောက်ပိုင်း နိုင်ငံဆိုပြီး ပြောင်းလဲ မှည့်ခေါ်ခဲ့ကြပါတယ်။ ပြောင်းလဲခဲ့ရတဲ့ အကြောင်းရင်းကတော့ နိုင်ငံဟာ NATO အဖွဲ့ဝင် ဖြစ်လာပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂရိနိုင်ငံရဲ့ အမည်ကလည်း မက်ဆီဒိုးနီး ဖြစ်နေတာကြောင့် ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အက်စ်ဝါတီနီနိုင်ငံ ( Eswatini )

2018 ခုနှစ် ဧပြီလမှာတော့ အာဖရိတိုက်အတွင်းမှာရှိတဲ့ ဆွာဇီလန် ဘုရင့်နိုင်ငံဟာ နိုင်ငံရဲ့ အမည်ကို အက်စ်ဝါတီနီနိုင်ငံ အဖြစ်ပြောင်းလဲ ခေါ်ဆိုခဲ့ကြပါတယ်။ ဒီအပြောင်းအလဲဟာ ပြည်သူတွေအတွက် သိပ်အပြောင်းအလဲဖြစ်ခဲ့တာမျိုးမရှိပဲ ယခင်တည်းက ခေါ်ဆိုသုံးနှုန်းနေကြတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အက်စ်ဝါတီနီဆိုတာ ဆွာဇီလန်ဆိုတဲ့ အမည်ကို မိခင်ဘာသာစကားနဲ့ ဘာသာပြန်ထားလို့ပဲ ဖြစ်ပါတယ်။ နောက်ထပ်ပြောင်းလဲခဲ့ရတဲ့ အကြောင်းရင်းတစ်ခုက ဆွစ်ဇာလန်နိုင်ငံနဲ့ အသံထွက် အနည်းငယ်ဆင်တူနေလို့ပဲ ဖြစ်ပါတယ်တဲ့…. shwekhitonlinetv.com

နိုင်ငံအမည်ပြောင်းလဲတာနဲ့ ပတ်သတ်ပြီး ကုန်ကျစရိတ်တွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး ။ အခုဖော်ပြထားတဲ့ စာရင်းထဲမှာပါတဲ့ နိုင်ငံအများစုဟာဆိုရင် တစ်ချိန်က နိုင်ငံနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ချို့ကို ဖျက်ပစ်ဖို့နဲ့ လက်ရှိကာလမှာ ဘယ်လိုမျိုးရပ်တည်လဲဆိုတာ ကမ္ဘာ့နိုင်ငံတွေကို သိစေချင်တဲ့အတွက် ပြောင်းလဲ ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံ နာမည်ပြောင်းလဲခြင်းဟာ မလွယ်သလို ကုန်ကျစရိတ်ဟာလည်း ဒေါ်လာ သိန်းချီပြီး ကုန်ကျနိုင်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတွေကတော့ မူလနာမည်ကနေ နာမည်အသစ်အဖြစ်ပြောင်းလဲမှည့်ခေါ်ခဲ့ကြတဲ့ နိုင်ငံတွေ အကြောင်းကို ဗဟုသုတအဖြစ် စုစည်းတင်ပြပေးထားပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။