လူတော်တော်များများ မှားယွင်းပြီး သိထားတဲ့ အကြောင်းအရာများ

အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးအတွက် ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ မသိပဲနဲ့ လုပ်မိနေတတ်တဲ့ အလွဲလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို အလွဲလေးတွေ ဖြစ်မလဲဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါနော်…. shwekhitonlinetv.com

၁။ အရွယ်ရောက်နေပြီဖြစ်တဲ့ ကြောင်တွေကို နွားနို့မတိုက်သင့်ပါဘူး ။

ကြောင်ချစ်သူတွေ ထင်ထားကြတာက နွားနို့ဟာ ကြောင်လေးအတွက် သင့်တော်တဲ့ သောက်စရာတစ်ခုလို့ ထင်ကြမှာပါ။ တစ်ကယ်တမ်းမှာတော့ နွားနို့ကို မွေးကာစ ကြောင်လေးတွေကိုသာ တိုက်သင့်ပြီး အရွယ်ရောက်တဲ့ ကြောင်တွေကိုတော့ မတိုက်သင့်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ ကြောင်တွေရဲ့ အစာအိမ်ဟာ သကြားဓာတ်ပါဝင်တဲ့ နွားနို့ကို လက်မခံနိုင်ကြတော့ပါဘူး။ အတိုချုပ်ရှင်းပြရမယ်ဆိုရင် မွေးကာစ ကြောင်လေးတွေရဲ့ အစောချေဖျက်စနစ်ကို ထုတ်လုပ်ပေးတဲ့ ဓာတ်တွေဟာ အားကောင်းလွန်းလို့ နွားနို့သောက်တဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် အရွယ်ရောက် ကြောင်တွေကတော့ အသက်ကြီးလာလေ အစာချေဖျက် စနစ်က အားနည်းလာလေ ဖြစ်တာကြောင့် နွားနို့သောက်မိတဲ့ အခါ ဝမ်းလျော ၊ ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com

၂။ ငါးတွေကို ဖန်ကန် အလုံးထဲမှာ မမွေးသင့်ပါဘူး။

ငါးကန်လုံးလုံးတွေထဲမှာ အလှမွေးငါးတွေကို မွေးမြူတာဟာ အိမ်ရဲ့ အပြင်အဆင်ကို ကြည့်လို့ လှစေတယ်လို့ ထင်ကြတာပေမယ့် ဒါဟာ မှားယွင်းနေတဲ့ အချက်ပါ။ လုံးဝန်းတဲ့ ကန်တွေဟာ ငါးလေးတွေအတွက် အန္တရာယ်များတဲ့ အပြင် ရေစစ်ထည့်ဖို့လည်း နေရာအလုံအလောက်မရှိတာကြောင့် ရေရှည်ကျရင် ငါးကန် ညစ်ပတ်လွယ်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကန်ရဲ့ မျက်နှာပြင်က သေးငယ်လေ အောက်စီဂျင်ရနိုင်ခြေ နည်းနိုင်တာကြောင့် ကန်အလုံးတွေနဲ့ မွေးတာမျိုးကို မလုပ်သင့်ပါဘူးနော်.. နောက်သတိထားသင့်တဲ့ အချက်ကတော့ ကန်ကို နေ့စဉ်ရေလဲပေးတာမျိုးတွေက ငါးတွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်တဲ့….. shwekhitonlinetv.com

၃။ Frankenstein ဆိုတာ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ နာမည်ပါ ။

တော်တော်များများအမှတ်မှားနေကြတာက ဖရကန်စတိုင်း လို့ ပြောလိုက်တာနဲ့ Monster တစ်ကောင်ကို ခေါ်ကြတာလို့ပဲ သိကြတာပါ ။ တစ်ကယ်တမ်းမှာတော့ ဖရကန်စတိုင်းဆိုတဲ့ ၀တ္ထုထဲမှာ ဇာတ်ဆောင်ဖြစ်တဲ့ ဗစ်တာ ဖရကန်စတိုင်းဟာ ကျောင်းသားတစ်ယောက်ဖြစ်ပြီး ခန္ဓာဗေဒကို လေ့လာနေတဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဖန်တီးထားတဲ့ အကောင်တစ်ကောင်ဟာ Monster အဖြစ်ပြောင်းလဲသွားခဲ့ပြီး လူတွေက နောက်ပိုင်းမှာ ဖရကန်စတိုင်းလို့ ပြောတာနဲ့ Monster လို့ပဲ အမှတ်မှားသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ပုတ်သင်ညိုတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အရောင်ပြောင်းတာ မဟုတ်ပါဘူး။

အများစု သိထားကြတာက ပုတ်သင်ညိုတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အရောင်ပြောင်းနိုင်တယ်ဆိုတာပါ. တစ်ကယ်တော့ ဒီအချက်ဟာ အမှန်မဟုတ်ပါဘူး။ တစ်ကယ်တမ်းမှာတော့ ပုတ်သင်ညိုတွေရဲ့ အရေပြားက အရောင်းပြောင်းတယ်ဆိုတာ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ဇီ၀ကမ္မဖြစ်စဉ်တွေကြောင့်သာ အရောင်ပြောင်းကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဘော်ဒီစပရေး နဲ့ ချိုင်းလိမ်းတဲ့ အဆီ နှစ်မျိုးက အမျိုးအစားမတူသလို လုပ်ဆောင်ပုံလည်း မတူပါဘူး။

စတိုးဆိုင်တွေမှာ ချွေးနံ့ပျောက်ဆေးဝယ်တဲ့ အခါ ဘော်ဒီစပရေး နဲ့ ချိုင်းလိမ်းအဆီကို အတူတူပဲ ထင်ပြီး ဝယ်မိကြမှာပါ။ တစ်ကယ်တော့ ဒီနှစ်ခုက အမျိုးအစား မတူသလို လုပ်ဆောင်ပုံလည်း မတူကြပါဘူး ။ ဘယ်လိုမတူလဲဆိုတာ နားလည် လွယ်အောင် ရှင်းပြရမယ်ဆိုရင် ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေဟာ ကိုယ်ပိုင်ရနံ့မရှိပါဘူး။ အနံ့ထွက်ရတဲ့ အကြောင်းရင်းက ခန္ဓာကိုယ်မှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဘော်ဒီစပရေးတွေဟာ ချွေးထွက်ခြင်းကြောင့် ဖြစ်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပြီး ချိုင်းလိမ်းအဆီကတော့ အနံ့ပျောက်စေဖို့အတွက်သာ လုပ်ဆောင်နိုင်ပါတယ်။ shwekhitonlinetv.com

၆။ လူတိုင်းမှာ six pack ဆိုတာ ရှိပါတယ်။

Six Pack ဆိုတာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်နိုင်မှသာ ထွက်မယ်လို့ ထင်ထားကြပေမယ့် တစ်ကယ်က မဟုတ်ပါဘူး ။ လူတိုင်းရဲ့ ခန္ဓာကိုယ် အတွင်းမှာ Six Packs ရှိပြီး အဆီတွေများနေပြီး ဖုံးထားသလို ဖြစ်တာကြောင့်သာ မတွေ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Six Packs ထွက်ချင်ရင် အိပ်ထမတင် လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်စရာမလိုပဲ ဝိတ်လျော့တာနဲ့ Cardio ဆော့ရုံနဲ့တင် ထွက်နိုင်ပါတယ်။ shwekhitonlinetv.com

၇။ ပျားအချင်းချင်းတိုက်ခိုက်တဲ့အခါမှာလည်း သူတို့အစွယ်ကိုသုံးပြီး တုပ်တတ်ကြပါတယ်။

နောက်ထပ်အထင်မှားနေတာ တစ်ခုက ပျားတွေဟာ လူတွေနဲ့ တစ်ခြား တိရစ္ဆာန်တွေကိုသာ တုပ်တတ်ကြတဲ့ အချက်ပါပဲ။ တစ်ကယ်တော့ ပျားတွေဟာ အချင်းချင်း တိုက်ခိုက်တဲ့ အခါမှာလည်း သူတို့ရဲ့ အစွယ်ကို သုံးပြီး တိုက်ခိုက်တတ်ကြပါတယ်။ ပျားဘုရင်မရဲ့ အစွယ်ဟာဆိုရင် တစ်ခြားပျားဘုရင်မကို တိုက်ခိုက်တဲ့အခါ သေစေနိုင်တဲ့အထိ အဆိပ်ပြင်းလှပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ လူတော်တော်များများ အသိမှားနေတဲ့ အချက်တွေကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။