ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး မြန်မာနိုင်ငံထဲက နေရာ (၁၀) ခု

ရွှေခေတ်ပရိသတ်ကြီးကို ဒီတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာအနှံ့က စိတ်ဝင်စားဖွယ် ကြောင်းအရာတွေမဟုတ်ဘဲ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင််းအရာလေးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖော်ပြပေးဖို့တောင်းဆို ကြတဲ့ ပရိသတ်တွေအတွက်ဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုဖော်ပြပေးချင်တာကတော့ …
ခရီးသွားလာရေးနဲ့ပတ်သက်တဲ့ စစ်တမ်းတွေကို ပြုစု ဖော်ပြလေ့ရှိတဲ့ Touropia ဆိုတဲ့ Website လေးမှာဖော်ပြထားတဲ့ ကမ္ဘာလှည့်ခရီးသွာတွေကို အဆွဲဆောင်နိုင်ဆုံး မြန်မာနိုင်ငံက အရပ်ဒေသ (၁၀) ခုအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသတွေဖြစ်မလဲဆိုတာ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုကြည့်ပေးပါဦးနော် … shwekhitonlinetv.com

၁၀။ ပဲခူး ရွှေမော်တောစေတီ

နှစ်ပေါင်း (၁၀၀၀) ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ပဲခူးရွှေမော်တောစေတီ ကိုတော့ ကမ္ဘာလှည့် ခရီးသွားတွေက ရွှေဖြင့်ပြုလုပ်ထားသော ဘုရားကြီး (The Great Golden God) လို့ခေါ်ဝေါ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ညဏ်တော်အမြင့်ပေပေါင်း (၃၇၅) ပေမြင့်ပြီး ရွှေရောင်တောက်ပနေတဲ့ ရွှေမောတော စေတီတော်ကြီးကို သူတို့တွေအနေနဲ့ မိုင်အတော်ဝေးဝေးကနေ လှမ်းမြင်ရလို့ ဒီလိုခေါ်ကြတာလို့ သိရပါတယ်။ shwekhitonlinetv.com

၉။ ဧရာဝတီမြစ်

နောက်ထပ်နိုင်ငံခြားသားဧည့်သည်တွေ စိတ်အဝင်စားဆုံးက မြန်မာနိုင်ငံရဲ့အသက်သွေးကြောတစ်ခုအဖြစ်အရေးပါလှပြီး လှပတဲ့ ဧရာဝတီမြစ်ရဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားရတာဖြစ်တယ်လို့သိရပါတယ်။ မန္တလေး နဲ့ ပုဂံကိုခုတ်မောင်းပြေးဆွဲတဲ့ အပျော်စီးသင်္ဘောတွေပေါ်ကနေ မြစ်ကြောင်းတစ်လျောက်မှာရှိတဲ့ စေတီပုထိုးတွေ၊ ရွာလေးတွေ အပြင် ဧရာဝတီလင်းပိုင်လေးတွေကိုလည်း တွေ့မြင်နိုင်တာအပြင် အခြားအခြားသော ဧရာဝတီမြစ် ရှုခင်းတွေကလည်း သူတို့ကို ဆွဲဆောင်နိုင်ပါသတဲ့။ shwekhitonlinetv.com

၈။ မန္တလေးရွှေကျောင်းတော်ကြီး

OLYMPUS DIGITAL CAMERA

မြန်မာနိုင်ငံမှာ စစ်ဒဏ်သင့်ခြင်းမရှိတဲ့ တစ်ခုတည်းသော နန်းတွင်းရှေးဟောင်း သစ်သားအဆောက်အအုံကြီးကလည်း ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်မှုစာရင်းမှာ အဆင့် (၈) နေရာကရပ်တည်နေပါတယ်။ မူလတည်ဆောက်စဥ်က အတွင်းအပြင်အကုန်လုံး ရွှေပြိန်းများချထားခဲ့တာကြောင့် ရွှေကျောင်းလို့ထင်ရှားခဲ့ပေမယ့် ယခုအခါမှာတော့ ရွှေများကွာကျကာ ရေနံစိမ်းတွေသုတ်ထားလို့ အဝေးကကြည့်မယ်ဆို ကျောင်းကြီးက ညို့မှိုင်းလို့နေပါတယ်။ ဒါပေမယ့် ရွှေကျောင်းကြီးမှာရှိတဲ့ ပန်းပုရုပ်လုံးရုပ်ကြွတွေ နဲ့ အခြားရှေးဟောင်းလက်မှုပညာတွေကတော့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ငပလီ

ဒေသတွင်းက ကမ္ဘာလှည့်ခရီးသွားတွေကျတော့ ငပလီ (Ngapali) ကို အီတလီ နိုင်ငံ နေပယ် (ဝါ) နာပိုလီ (Napoli) မြို့နဲ့ အသံထွက်တူညီစွာခေါ်ဝေါ်တက်ကြပါတယ်။ ဖြူလွှလွှသဲသောင်ပြင်နဲ့ ပြာလဲ့လဲ့ ပင်လယ်တို့ ထိစပ်လျှက်ရှိတဲ့ ငပလီကမ်းခြေကတော့ မြန်မာနိုင်ငံက ကမ်းခြေတွေထဲမှာ အလှဆုံးဖြစ်တယ်လို့ ကမ္ဘာလှည့်ခရီးသွားတွေက သတ်မှတ်ထားပါတယ်။ အတင့်မြင့် ဟိုတယ်တွေ နဲ့ အရသာရှိလှတဲ့ ပင်လယ်စာတွေကို စားသုံးရင်း ဘင်္ဂလားပင်လဟ်အော်ရဲ့အလှကို ကြည့်ရှုခံစားနိုင်တာကြောင့် နှစ်စဥ် နိုဝင်ဘာလကနေ မတ်လ အထိ ကမ္ဘာလှည့်ခရီးသွားတွေဟာ အပန်းဖြေဖို့ ငပလီကို လာရောက်တက်ကြပါတယ်။ shwekhitonlinetv.com

၆။ မြောက်ဦးမြို့

ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟာ သမိုင်းဝင်အမွေအနှစ်တွေအများအပြားရှိနေတဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ကရှေးဟောင်းသုတေသီတွေဟာ မြောက်ဦးမြို့က ဘုရားတွေ ကမ္ဗည်းကျောက်စာတွေကို အမြဲမပြတ် လာရောက်လေ့လာ ကြသလို တစ်ချို့ ကမ္ဘာလှည့်ခရီးသွားတွေကလည်း ကုလားတန်မြစ်ကြောင်းတစ်လျောက် သမ္ဗာန်ငယ်တွေ စီးရတာကို အလွန်နှစ်ခြိုက်ကြပါသတဲ့။ shwekhitonlinetv.com

၅။ အင်းလေး

ရှမ်းပြည်နယ်က အင်းလေးဒေသကတော့ ​နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှုရှိတယ်ဆိုတာကတော့ ​အထွေအထူးပြောပြဖို့တောင်လိုမယ် မထင်ပါဘူး။ ရေပေါ်အိမ်တွေ၊ ရေမျောကျွန်းတွေပေါ်ကစိုက်ခင်းတွေ၊ လှေကိုခြေထောက်နဲ့လှော်ခတ်တဲ့ အင်းလေးသူ အင်းလေးသားတွေ၊ စည်းကားလှတဲ့ရေပေါ်စျေး၊ တန်ခိုးကြီးတဲ့ ဖောင်တော်ဦးဘုရား နဲ့ ထူးဆန်းတဲ့ အင်းသားတွေရဲ့ ဓလေ့ထုံးတမ်း အပြုအမူတွေက ကမ္ဘာလှည့်ခရီးသွားတွေအဖို့ အံ့သြမှင်သက်စရာတွေလို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၄။ ပုပ္ပါးတောင်ကလပ်

မြန်မာနိုင်ငံက မီးငြိမ်းတောင်ကြီးဖြစ်တဲ့ ပုပ္ပါးတောင် ဟာလည်း ကမ္ဘာလှည့် ခရီးသွားတွေရဲ့ သည်းခြေကြိုက် လေ့လာလည်ပတ်စရာ နေရာတစ်ခုဖြစ်တယ်လို့သိရပါတယ်။ မတ်စောက်လှတဲ့ တောင်ကလပ်ပေါ်ကိုရောက်ဖို့ လှေကားထစ်ပေါင်း (၇၀၀) ကျော်ကို မနားတမ်းတက်ပြီး တောင်ပေါ်ရောက်တဲ့အခါမှာ မြင်ရတဲ့ရှုခင်းတွေက သူတို့မောပန်းထားသမျှကို မေ့ပျောက်သွားစေနိုင်တယ်လို့ ကမ္ဘာလှည့်ခရီးသွားတွေက ဆိုလေ့ရှိပါတယ်။ ပုပ္ပါးတောင်ကလပ်ပေါ်ကနေ ပုဂံမြို့ဟောင်းနဲ့ ပုပ္ပါးတောင်မကြီးရဲ့ ရှုမငြီးဖွယ် မြင်ကွင်းတွေကို ကြည့်ရှုခံစားဖို့ အတွက် ပုပ္ပါးတောင်ကလပ်ပေါ်ကို နိုင်ငံခြားသားတွေဟာ နှစ်စဥ်အများအပြား လာကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ shwekhitonlinetv.com

၃။ ရွှေတိဂုံစေတီတော်

Shwedagon pagoda with blue night sky background in Yangon, Myanmar, Asia

ရန်ကုန်မြို့ သိင်္ဂုတ္တရ ကုန်းတော်ပေါ်မှာတည်ရှိတဲ့ ရွှေတိဂုံစေတီတော်ကြီးကိုတော့ မြန်မာနိုင်ငံရဲ့ အမှတ်သင်္ကေတ တစ်ခုအဖြစ် ကမ္ဘာကသိထားကြပါတယ်။ နှစ်ပေါင်း (၂၅၀၀) ကျော်ပြီဖြစ်သလို တန်ခိုးလည်းကြီးမားလှတဲ့ ရွှေတိဂုံစေတီတော်ကြီးဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတိုင်းလိုလို ရောက်ဖူးတဲ့ နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါ့အပြင် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းတွေလည်းရှိနေလို့ တစ်ချို့ နိုင်ငံခြားသား သုတေသီတွေဆိုရင် မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်ပြီး ရွှေတိဂုံစေတီတော်ရဲ့အကြောင်းကို အသေးစိတ် လေ့လာကြသူတွေတောင်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ကျိုက်ထီးရိုး ဆံတော်ရှင်

မြတ်စွာဘုရားရဲ့ ဆံတော်ရှင်တွေ ဌာပနာထားပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေပေါင်း (၃၆၀၀)ကျော်မှာ ထူးဆန်းအံ့အားသင့်ဖွယ်တည်ရှိနေတဲ့ ကျိုက်ထီးရိုးဆံတော်ရှင်ကိုတော့ ရွှေခေတ်ပရိသတ်တွေအနေနဲ့ မရောက်ဖူးတဲ့သူမရှိလောက်ဖူးထင်ပါတယ်။ မယုံကြည်နိုင်စရာကောင်းလောက်အောင် တောင်စွန်းပေါ်မှာ တည်းတည်းလေးတည်ရှိနေတဲ့ ကျိုက်ထီးရိုးဆံတော်ရှင်ကိုတော့ နိုင်ငံခြားသားတွေက (Amazing Golden Rock) လို့ခေါ်လေ့ရှိပါတယ်။ တန်ခိုးတေယ်ကြီးမားလှပြီး ဆုတောင်းပြည့်တဲ့အပြင် သာယာလွန်းတဲ့ ရေမြေတောတောင် သဘာဝတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေမဆိုထားနှင့် မြန်မာနိုင်ငံသားတိုင်းလိုလိုတောင် နှစ်စဥ်အရောက်သွားလေ့ရှိကြတဲ့ နေရာတစ်ခုဆိုရင်မှားမယ်မထ်ပါဘူးနော်။ shwekhitonlinetv.com

၁။ ပုဂံ

မြန်မာကို ကမ္ဘာက သိစေတဲ့ အရာတွေထဲမှတော့ ပုဂံဒေသက ထိပ်ဆုံးမှာရှိနေပါတယ်။ ၉ ရာစုကနေ ၁၃ ရာစုအတွင်း ပထမ မြန်မာနိုင်ငံတော်ရဲ့ မြို့တော်ဖြစ်တဲ့ ပုဂံမြို့ဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မာကိုပိုလို ဟာ ၁၁ ရာစုလောက်က ပုဂံဒေသကိုရောက်ချိန်မှာ ဂူဘုရား စေတီ ပုထိုးပေါင်း သောင်းနဲ့ချီရှိတဲ့ အတွက် ပုဂံဒေသကို ချမ်းသာတဲ့သူတွေနေထိုင်ရာအရပ်ဆိုပြီး သူ့ရဲ့ ခရီးသွားမမှတ်တမ်းတွေမှာ ဖော်ပြထားတယ်လို့သိရပါတယ်။ တကယ်လည်း ပုဂံကဘုရားတွေအကုန်လုံး စေ့အောင်ဖူးဘူးတဲ့သူဆိုတာ မရှိလောက်အောင်ကို စေတီ၊ ဘုရား၊ ဂူပုထိုးတွေကများပြားလှပါတယ်။ ရှေးဟောင်းယဥ်ကျေးမှု အနုပညာလက်ရာတွေ၊ အံ့သြစရာ ဗိသုကာလက်ရာတွေ အပြင် လှပတဲ့ရှုခင်းတွေကြောင့် ပုဂံဒေသဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုအများဆုံးခံရသလို နှစ်စဥ်ခရီးသွားလုပ်ငန်းကနေ ဝင်ငွေအများဆုံးရရှိတဲ့ နေရာတစ်ခုဖြစ်ကြောင်းဖော်ပြရင်းအဆုံးသတ်လိုက်ပါရစေနော်။ shwekhitonlinetv.com

အခုလို အကြောင်းအရာလေးကိုအဆုံးထိ စိတ်ဝင်တစားဖတ်ရှုပေးကြတဲ့ ရွှေခေတ်ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်နော်။ အလျဥ်းသင့်ရင် ဒီနေရာဒေသတစ်ခုချင်းစီ အကြောင်းကို အသေးစိတ်ဖော်ပြပေးသွားပါဦးမှာမို့ ဆက်လက်အားပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ဓာတ်ပုံများ၏ မူရင်းပိုင်ရှင်များကို လေးစားစွာ Credit ပေးပါသည်။