ထူးထူးခြားခြား အရွယ်အစားတွေနဲ့ ကမ္ဘာတစ်ဝှမ်းက သစ်သီးဝလံများ

အခုတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးကို ထူးထူးခြားခြား အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ အရွယ်အစားထူးခြားသော သစ်သီး၀လံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို သစ်သီးတွေက မယုံနိုင်လောက်တဲ့ အရွယ်အစားတွေ ရှိကြလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ဧရာမ မှိုကြီး

မှိုလို့ ပြောလိုက်တာနဲ့ အမျိုးအစား ပေါင်းများစွာ ရှိတဲ့ အပြင် စားလို့ရတဲ့ မှိုနဲ့ စားမရတဲ့ မှိုဆိုပြီးလည်း ခွဲခြားထားပါသေးတယ် ။ ဒီပုံထဲက မှိုကြီးကတော့ စိုက်ခင်း တစ်ခုကနေ ပေါက်လာတဲ့ မှိုဖြစ်ပြီး သာမန် မှိုတွေ နဲ့ ယှဉ်ကြည့်ရင်တော့ အရွယ်အစားက အတော်လေး ကြီးမားတယ်လို့ ပြောရမှာပါ ။ shwekhitonlinetv.com

၂။ တစ်ခုနဲ့ တစ်ခု ဆက်ပြီး သီးသွားတဲ့ စတော်ဘယ်ရီသီး

ဒီပုံထဲမှာ မြင်ရတဲ့ စတော်ဘယ်ရီသီးကတော့ အပင် ရဲ့ ကိုင်းမှာ သီးနေတဲ့ အသီးအားလုံး စုပြီး သီးထားတာပဲ ဖြစ်ပါတယ် ။ ဒီလိုမျိုး သီးတာဟာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခုဖြစ်ပြီး စတော်ဘယ်ရီ ကို ကြိုက်တဲ့သူတွေ အတွက်ကတော့ အတော်လေးကို သဘောကျစေမယ့် အသီး ပုံစံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ငှက်ပျောသီး အသေးစား

သာမန် အမှတ်တမဲ့ကြည့်လိုက်ရင် ဒီငှက်ပျောသီးလေးကို တမင်ဖန်တီးထားတဲ့ အနုပညာလက်ရာ တစ်ခုလို့ပဲ အမြင်မှားကြမှာပါ ။ တစ်ကယ်တမ်းကတော့ စိုက်ခင်းတစ်ခုကနေ ရလာခဲ့တဲ့ အသီးလေးဖြစ်ပြီး တစ်ကယ့်ကို အရွယ်အစားက သေးငယ်လွန်းနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ ခရမ်းချဉ်သီး အသေးစား

ဒီပုံမှာ ဆိုရင်လည်း လူတော်တော်များများက ဒီအသီးလေးကို စပျစ်သီး လို့ပဲ အထင်မှားကြတာပါ ။ တစ်ကယ်ကတော့ Tomberry လို့ခေါ်တဲ့ ခရမ်းချဉ်သီး တစ်မျိုး ဖြစ်ပြီး အရွယ်အစားက သေးသေးလေးပဲ သီးကြတာ ဖြစ်ပါတယ် ။ ကမ္ဘာ့အသေးဆုံးအဖြစ် စံချိန်တင်ထားတဲ့ ခရမ်းချဉ်သီးလေးရဲ့ အရွယ်အစားကတော့ ( ၁ ) စင်တီမီတာလောက်သာ ရှိပြီး အလေးချိန်ကလည်း ( ၂ ) ဂရမ် ပဲ လေးပါတယ် ။ shwekhitonlinetv.com

၅။ လက်တစ်ဖက် အရွယ်အစားလောက်ရှိတဲ့ သခွားဖရုံသီး

အခုမြင်နေရတာကတော့ စိုက်ခင်းတစ်ခုမှာ သီးနေတဲ့ သခွားဖရုံသီး ကြီးပဲ ဖြစ်ပါတယ် ။ သခွားဖရုံသီးတွေဟာဆိုရင် ပုံမှန်အားဖြင့် လက်တစ်ဝါးစာကျော် လောက်သာ အရွယ်အစားရှိပေမယ့်လည်း ဒီ အသီးကတော့ လူတစ်ယောက်ရဲ့ လက်တစ်ဖက် အရွယ်အစားထက်တောင် ကြီးနေတာပဲ ဖြစ်ပါတယ် ။ ဒါ့အ့ပင် သခွားဖရုံသီးတွေဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုပေမယ့်လည်း အလွန်အကျွံစားမိရင် အစာ အဆိပ် သင့်တာမျိုး ဖြစ်စေနိုင်ပါတယ် ။ shwekhitonlinetv.com

၆။ ဧရာမ ပန်းသီးကြီး

ဒီလိုမျိုး အရွယ်အစား ကြီးမားတဲ့ ပန်းသီးကတော့ မြင်ရသူတိုင်းကို မစားချင်ပဲ မနေနိုင်လောက်အောင် ဆွဲဆောင် ထားနိုင်တာပဲ ဖြစ်ပါတယ် ။  သူ့ရဲ့ အလေးချိန်ကတော့ ( ၁ ) ပေါင် ရှိပြီး အခုလိုမျိုး အရွယ်အစား ကြီးမားရတဲံ အကြောင်းကတော့ တစ်ချို့သော ပန်းသီး ပင်တွေဟာ  သူတို့ရဲ့ အပင်ကိုယ်ထည်ထဲက ဆဲလ်တွေ ကွဲထွက်မသွားတာကြောင့် အခုလိုမျိုး အရွယ်အစားကြီးမားလှတဲ့ ပန်းသီးတွေ ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာမြေ ပေါ်က အရွယ်အစားထူးခြားတဲ့ သစ်သီးတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply