တန်ဖိုးကြီးမားပြီး တွေ့ရခဲလှတဲ့ ရှားရှားပါးပါး ငှက်ဆင် ဥ ကြီး

ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တန်ဖိုးကြီးမားလှတဲ့ ငှက်ဆင် ဥ အကြောင်းပဲ ဖြစ်ပါတယ် ။ ငှက်ဆင်ဆိုတာ ရှေးတုန်းက ရှိခဲ့တဲ့ ငှက်မျိုးနွယ် တစ်ခု ဖြစ်ပြီး အခုအခါမှာတော့ မျိုးတုန်း ပျောက်ကွယ်သွားကြပြီပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ငှက်ဆင် တွေရဲ့ အကြောင်း နဲ့ သူတို့ရဲ့ ဥတွေက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ ဖော်ပြပေးမှာပါ ။shwekhitonlinetv.com

ငှက်ဆင်တွေရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက မာဒါဂါစကာ ဆိုတဲ့ ကျွန်းပေါ်မှာ ရှင်သန်ကျက်စားခဲ့ကြတယ်လို့ အထောက်အထားတွေအရ သိရပါတယ် ။ ငှက်ဆင် မျိုးစိတ်တွေနဲ့ အနီးစပ်ဆုံး တူတဲ့ ငှက်ကတော့ ကီဝီငှက်မျိုးစိတ်ဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာ ရှင်သန်ကျက်စားကြပါတယ် ။

ငှက်ဆင်တွေကို (၁၇) ရာစုနှစ်လောက်အထိ တွေ့ရှိခဲ့ကြပြီး ( ၁၆၅၀ ခုနှစ် ) တုန်းက ရေးသားခဲ့တဲ့ ပြင်သစ် မာဒါဂတ်စကာ အုပ်ချုပ်ရေးမှူး Étienne de Flacourt ရဲ့ မှတ်တမ်းမှာတော့ ငှက်ဆင်တွေဟာ လူသိပ်မနေထိုင်တဲ့ နေရာတွေမှာ ရှင်သန်ကျက်စားကြတယ်ဆိုပြီး ရေးထားပါတယ် ။

ငှက်ဆင် ရဲ့ ဥ အကြောင်းကို ပြောရမယ်ဆိုရင် အဲ့ဒီ ခေတ်အခါတုန်းက မာဒါဂတ်စကာ ကျွန်းပေါ်မှာ နေထိုင်တဲ့ ကျွန်းသူ ၊ ကျွန်းသားတွေ အတွက်တော့ အတော်လေးကို အဖိုးတန်တဲ့ အစားအစာ အရင်းမြစ်တစ်ခုပဲ ဖြစ်ပါတယ် ။ ငှက်ဆင်ဥ ရဲ့ အာဟာရ ပမာဏဟာ ကြက်ဥ အလုံးပေါင်း ( ၁၅၀ ) ရဲ့ အာဟာရနဲ့ ညီမျှတာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ကျွန်းသူ၊ ကျွန်းသားတွေဟာ ငှက်ဆင်တွေကို အမဲလိုက် လွန်းခဲ့တာကြောင့် ယနေ့အချိန်မှာတော့ ငှက်ဆင်တွေဟာ မျိုးတုန်းပျောက်ကွယ် သွားကြပြီပဲ ဖြစ်ပါတယ် ။ငှက်ဆင်ဥ ရဲ့ အရွယ်အစားဟာ တစ်ခြား ဥတွေနဲ့ ယှဉ်ရင် အတော်လေးကို ကြီးမားတယ်လို့ ပြောရမှာပါ ။ အရွယ်အစားကတော့ ( ၁၂ ) လက်မ အရှည်ရှိပြီး ( ၈ ) လက်မ အကျယ် ရှိပါတယ် ။ အလေးချိန်ကတော့ ( ၁၈ ) ပေါင်ရှိပြီး ဒီအလေးချိန်စာဆိုရင် ကြက်ဥ ပေါင်း ( ၁၅၀ ) ကျော်ရဲ့ အလေးချိန်နဲ့ ညီမျှတာပဲ ဖြစ်ပါတယ် ။

အခုအခါမှာတော့ ဒီလို ရှားပါးလှတဲ့ ငှက်ဆင်ဥတွေကို ထိန်းသိမ်းထားတဲ့ အဖွဲ့အစည်းပေါင်း ( ၄၀ ) လောက်တော့ ရှိနေပါပြီ ။ ဒီအထဲကမှ Buffalo လို့ ခေါ်တဲ့ သိပ္ပံပြတိုက် တစ်ခုမှာတော့ အများသူငါ ဗဟုသုတ ရစေရန်အတွက် ငှက်ဆင်ရဲ့ ရုပ်ကြွင်းနဲ့ အတူ ငှက်ဥကိုပါ ယှဉ်တွဲပြီး ပြသထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ငှက်ဆင်ဥ တွေရဲ့ တန်ဖိုးကို ပြောရမယ်ဆိုရင် ၂၀၁၃ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ လေလံပွဲတစ်ခုမှာ ရောင်းချခဲ့တဲ့ ငှက်ဆင်ဥဟာ တန်ဖိုး ယူရို တစ်သိန်း ကျော်အထိ တန်ကြေးရှိပါတယ်တဲ့ ။

အခုဖော်ပြပေးထားတာကတော့ စျေးကြီးလွန်းပြီး တွေ့ရခဲလှတဲ့ ငှက်ဆင်ဥအကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ် ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။