ကြည့်ရှုသူတွေကို နှလုံးခုန်မြန်စေမယ့် သည်းထိတ်ရင်ဖို ဇာတ်ကား (၁၀)ကား

ရွှေခေတ်ပရိသတ်တွေထဲမှာ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကိုမှ နှစ်ခြိုက်စွာကြည့်ရှုတက်တဲ့ သူတွေများ ရှိမလားမသိဘူးနော် …. ဒါဆိုရင်တော့ အခုဖော်ပြမယ့် ဇာတ်ကားလေးတွေကိုကြည့်ရှုဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တမ်းတွေအရ ဒီဇာတ်ကားတွေက ကြည့်ရှုသူတွေရဲ့ ရင်ခုန်သံတွေကို အမြန်ဆုံးဖြစ်အောင် ပြုလုပ်ထားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။shwekhitonlinetv.com

၁၀။ The Visit : (79–100) bpm

The Visit လို့အမည်ရတဲ့ ဒီဇာတ်ကားလေးကတော့ ဘက်ကာဆိုတဲ့ (၁၅) နှစ်အရွယ်ကောင်မလေးနဲ့ တိုင်လာဆိုတဲ့ (၁၃) နှစ်အရွယ် ကောင်လေးတို့ကိုအဓိကထား ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် သူတို့ မောင်နှမ (၂) ဦးအနေနဲ့ သူတို့တွေရဲ့ အဖိုး၊ အဖွား ဖြစ်သူတွေဆီကို အလည်သွားရင်း ထူးဆန်းပြီးကြောက်လန့်ဖွယ် အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ တဲ့အကြောင်းရိုက်ကူးထားတာပါ။ စစ်တမ်းတွေအရ ဒီကားလေးက ကြည့်ရှုသူတွေရဲ့ နှလုံးခုန်နှုန်းကို တစ်မိနစ် (၇၉) ကြိမ်ကနေ အကြိမ် (၁၀၀) လောက်ထိမြန်စေခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။)

၉။ The Descent : (79–122) bpm

ရဲဝံ့ပြီးစွန့်စားလိုတဲ့ မိန်းကလေးတစ်စုဟာ တောင်တန်းတွေဆီကိုခရီးထွက်ရင်း အမှတ်မထင်ဘဲ ထူးဆန်းတဲ့လှိုဏ်ဂူတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင် သူတို့သိလိုက်ရတာက ဒီလှိုဏ်ဂူထဲမှာသူတို့ချည်းပဲမဟုတ်ဘူးဆိုပါပဲ ဒီကားလေးကလည်း ကြည့်ရှုသူတွေကို တစ်တစ်မိနစ် (၇၈-၁၂၂) လောက်ထိ နှလုံးခုန်မြန်စေခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။shwekhitonlinetv.com

၈။ The Babadook : (80–116) bpm

အမ်မီလီယာဆိုတဲ့ Single Mother တစ်ဦးမှာ (၆) နှစ်အရွယ် ဆမ် ဆိုတဲ့သားတစ်ဦးရှိပါတယ်။ ဒီကလေးကို သူ့ရဲ့ခင်ပွန်းဖြစ်သူသေဆုံးတဲ့နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးဟာ မွေးကတည်းက ထူးဆန်းတဲ့အရာတွေကို နေရာအနှံ့အပြားမှာ တွေ့မြင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့အမေကို Babadook ဆိုတဲ့ သည်းထိတ်ရင်ဖိုစာအုပ်တစ်အုပ်ကိုဖတ်ပြခိုင်းခဲ့ပါတယ်။ ဒါပေမယ့် Babadook က စာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တစ်ကောင်ဆိုတာထက်ပိုတယ် ဆိုတာ သိရချိန်မှာ ခြောက်ခြားဖွယ်အဖြစ်တွေကို ကြုံတွေ့ခဲ့ကြရတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ bpm (Beat Per Minute) စစ်တမ်းမှာ (၈၀-၁၁၆) အထိရှိခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com

၇။ The Conjuring 2, 2016 : (80–120 bpm)

၂၀၁၆ ခုနှစ််မှာ ရုံတင်ပြသခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေနဲ့အထူးမိတ်ဆက်ပေးဖို့လိုမယ်လို့ မထင်ပါဘူးနော်။ ဒီကားလေးက ကြည့်ရှုသူတွေကို တစ်မိနစ် နှလုံးခုန်နှုန်း (၈၀) ကြိမ်ကနေ (၁၂၀) ကြိမ်လောက်ထိ မြန်စေနိုင်ခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။shwekhitonlinetv.com

၆။ It Follows : (81–93) bpm

သည်းထိတ်ရင်ဖို စီးရီးဇာတ်လမ်းတစ်ခုဖြစ်တဲ့ It Follows ဇာတ်လမ်းတွဲတွေကတော့ ကြည့်ရှုသူပရိသတ်တွေကို တစ်မိနစ် (၈၁) ကြိမ်ကနေ (၉၃) ကြိမ်ကြား ရင်ခုန်သံမြန်စေခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ။shwekhitonlinetv.com

၅။ Paranormal Activity : (82–127) bpm

ဒီဇာတ်လမ်းကတော့ မီကာနဲ့ကေတီ ဆိုတဲ့လူငယ်စုံတွဲလေးအကြောင်းကို အဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ကေတီဟာ အသက် (၈) နှစ်အရွယ်လောက်ကတည်းက သူမနောက်ကို တစ်စုံတစ်ယောက်က လိုက်လံကြည့်ရှုခြင်းခံနေရတယ်ဆိုတာကို သူမရဲ့ခင်ပွန်း မီကာကိုပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ ဗီဒီယိုကင်မရာတစ်လုံးဝယ်ယူပြီး သူတို့အိပ်ပျော်နေချိန် အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ခဲ့ရာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေကိုကြုံတွေ့ခဲ့ကြရပါတော့တယ်။ ဒီကားလေးက bpm (82-127) ထိရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။shwekhitonlinetv.com

၄။ Hereditary : (83–109) bpm

အန်နီဂရေဟမ် ဆိုတဲ့အမျိုးသမီးတစ်ဦးရဲ့ မိခင်ဆုံးပါးသွားချိန်ကစလို့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို သူတို့မိသားစုဝင်တွေအတွင်းမှာကြုံတွေ့လာရပါတော့တယ်။ အကြောင်းစုံမသိတဲ့ပတ်ဝန်းကျင်ဟာ သူမကိုစုန်းမတစ်ဦးအဖြစ်​ ပြောဆိုမှုတွေရှိလာခဲ့ပါတယ်။ ဒီလိုခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်ခဲ့တဲ့ပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးကလဲ ဇာတ်လမ်းအေးအေးလေးနဲ့ ကြည့်တဲ့သူတွေကို စ်တ်လှုပ်ရှားစေတဲ့ကားလေးလည်းဖြစ်ပါတယ်။shwekhitonlinetv.com

၃။ The Conjuring : (84–129) bpm

နံပါတ် (၃) နေရာမှာရှိနေတာကတော့ ၂၀၁၃ ခုနှစ်ကထွက်ရှိတဲ့ The Conjuring ဇာတ်ကားပဲဖြစ်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကိုစူးစမ်းလေ့လာတဲ့ Warren မိသားစုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ Heart rate က
(84–129) bpm ဖြစ်ပါတယ်။shwekhitonlinetv.com

၂။ Insidious : (85–133) bpm

ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်ပေါ်လျက်ရှိတဲ့ ဂျို့စ် နဲ့ ရီနိုင်း တို့ရဲ့ အိမ်အသစ်အကြောင်းရိုက်ကူးထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖိုကားဖြစ်ပါတယ်။ အဆိုးဝါးဆုံးဖြစ်ရပ်က ဇာတ်လမ်းထဲကကောင်လေးက တစ်ခြားကမ္ဘာတစ်ခုနဲ့ ဆက်သွယ်မှုရှိနေတာကို သိလိုက်ရတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက ကြည့်ရှုတဲ့သူတွေကို ရင်သပ်ရှုမောဖြစ်စေပြီး တစ်မိနစ်ကို နှလုံးခုန်နှုန်း အမြင့်ဆုံး (၁၃၃) ကြိမ်ထိတောင်ရောက်ရှိစေခဲ့တယ်လို့ သိရပါတယ်။shwekhitonlinetv.com

၁။ Sinister : (86–131 bpm)

ဒီစာရင်းရဲ့ထိပ်ဆုံးနေရာမှာရှိတဲ့ ဇာတ်ကားလေးကတော့ Sinister လို့အမည်ရပါတယ်။ ဇာတ်လမ်းလေးကတော့ စာရေးဆရာတစ်ဦးနဲ့ သူ့ရဲ့မိသားစုဟာ အိမ်အသစ်ကိုပြောင်းရွှေ့လာပြီးနှစ်အနည်းငယ်အကြာမှာ သူ့မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရပါတယ်။ ဗီဒီယိုမှတ်တမ်းလေးတစ်ခုက လက်သည်မပေါ်တဲ့ ဒီလူသတ်မှုကို ဖော်ထုတ်နိုင်မယ့် အဓိကကွင်းဆက်ဖြစ်ခဲ့ပြီး လျှို့ဝှက်ချက်တွေကို သိရှိဖို့ ကြိုးပမ်းခဲ့ချိန်မှာတော့ စာရေးဆရာရဲ့ အသက်ဟာလည်းအန္တရာယ်ရှိလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် ကြည့်ရှုသူတွေအတွက် အတော်လေးရင်ထိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com