အေးချမ်းတိတ်ဆိတ်မှုကို လိုလားသူတွေ ကြိုက်နှစ်သက်မယ့် နေအိမ်လေးများ

ကမ္ဘာပေါ်မှာနေထိုင်လျက်ရှိကြတဲ့ လူသားတွေအားလုံးနီးပါးဟာ ငြိမ်းချမ်းမှုကိုလိုလားကြသူတွေလို့ဆိုင်နိုင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘဝရှင်သန်ရပ်တည်ရေးအတွက် ပင်ပန်းကြီးစွာလှုပ်ရှားရုန်းကန်နေရတဲ့ နေ့စဥ်ဘဝထဲကနေ ပြေးထွက်ပြီး တစ်ခါတစ်ရံ အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ အေးအေးချမ်းချမ်းနေထိုင်ချင်ကြမှာလဲ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့်အခုတစ်ခါမှာ ဒီလိုလူမျိုးတွေနဲ့ သင့်တော်မယ့် ကမ္ဘာပေါ်ကနေရာလေးအချို့ကိုဖော်ပြပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com

၁။ Plougrescant – France

ဒါကတော့ ပြင်သစ်နိုင်ငံအနောက်မြောက်ပိုင်းက Plougrescant မှာရှိတဲ့ ဘရစ်တနီရိုးရာအမွေအနှစ်တစ်ခုဖြစ်ပြီး Castle Meur လို့အမည်ပေးထားတဲ့နေရာလေးဖြစ်ပါတယ်။ ၁၈၆၁ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မုန်တိုင်းတွေနဲ့ လေပြင်းတွေရဲ့ ဒဏ်ကနေ ကာကွယ်နိုင်ဖို့ ကြီးမားတဲ့ ကျောက်တုံးကြီးနှစ်တုံးကြားမှာ ခက်ခက်ခဲခဲ ဖန်တီးဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီအိမ်လေးရဲ့ ပုံစံကိုကြည့်ရတာတော့ အတော်လေးကိုနှစ်လိုဖွယ်ကောင်းပြီး နေချင်စရာကောင်းလှပါတယ်။ shwekhitonlinetv.com

၂။ Katskhi – Georgia

တစ်ချိန်ကမ္ဘာ့အင်အားကြီး အင်ပါယာတစ်ခုဖြစ်တဲ့ Byzantine Empire (အရှေ့ရောမအင်ပါယာ) အတွင်းကနေရာလေးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျော်ဂျီယာနိုင်ငံရဲ့ ပိုင်နက်နယ်နိမိတ်အတွင်းမှာပါရှိပါတယ်။ မြင့်မားလှတဲ့ထုံးကျောက်တောင်ကြီးပေါ်မှာ အံ့အားသင့်ဖွယ်တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးလေးမှာ ဘုန်းတော်ကြီးတစ်ပါးနေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ Thousand Islands – Canada/U.S.

အမေရိကန်နဲ့ ကနေဒါ နိုင်ငံကိုပိုင်းခြားထားတဲ့ စိန့်လောရင့် မြစ်ထဲမှာရှိတဲ့ ကျွန်းပေါင်း (၁၈၆၄) ခုထဲက ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ရေပတ်လည်ဝိုင်းနေလို့သာ ကျွန်းလို့ဆိုရတာဖြစ်ပြီး တစ်ခြားကျွန်းတွေလို ကျယ်ပြန့်တဲ့မြေနေရာတော့မရှိပါဘူး။ အိမ်တစ်လုံးနဲ့ သစ်ပင်နှစ်ပင်စာ လောက်ပဲမြေနေရာကျယ်၀န်းတဲ့ ဒီကျွန်းလေးကတော့ အိမ်နီးနားချင်းတွေနဲ့ ကင်းကင်းရှင်းရှင်းနေချင်လိုသူတွေအတွက် အထူးသင့်တော်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် အညောင်းပြေအညာပြေ လမ်းလျှောက်ချင်သူ၊ အိပ်နေရင်းယောင်ပြီး လမ်းထလျှောက်တက်သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

၄။ Gaspra – Ukraine

ဒီရဲတိုက်ကတော့ ယူကရိန်းနိုင်ငံတောင်ပိုင်း ပင်လယ်နက် (Black Sea) နဲ့ထိစပ်နေတဲ့ တောင်ကမ်းပါးလေး မှာတည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁၃၀) လောက်အမြင့်မှာတည်ဆောက်ထားတဲ့ ဒီအဆောက်အဦးကိုတော့ (၁၉၁၃) ခုနှစ်က ဂျာမနီတွေတည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ Swallow’s Nest Castle ဆိုတဲ့အမည်နဲ့ Restaurant တစ်ခုအဖြစ်နဲ့ စည်ကားနေတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Meteora – Greece

ရှေးဟောင်းအဆောက်အဦးတွေအများအပြားတည်ရှိတဲ့ ဂရိနိုင်ငံရဲ့ အလယ်ပိုင်းကနာမည်ကျော် သာသနာရေးဆိုင်ရာ အဆောက်အအုံဖြစ်ပါတယ်။ သဲကျောက်တောင်တွေပေါ်မှာ တည်ရှိတဲ့ ဒီအဆောက်အအုံကိုတော့ ဘုန်းတော်ကြီး ဘာဘရာက သန့်ရှင်းစင်ကြယ်တဲ့ဘုန်းတော်ကြီးကျောင်းအဖြစ် (၁၅၄၅) ခုနှစ်မှာဆောက်လုပ်ပြီး နေထိုင်ခဲ့တာဖြစ်ပါတယ်။ (၁၉၈၈) ခုနှစ်မှာတော့ မယ်သီလရှင်အချို့က ဒီကျောင်းကြီးကို လွှဲပြောင်းရယူခဲ့ပြီး ယနေ့တိုင် နေထိုင်လျက်ရှိကြပါတယ်။ shwekhitonlinetv.com

၆။ Sarangkot – Nepal

နီပေါနိုင်ငံ၊ Sarangkot ရွာလေးအနီးက တောင်ကုန်းပေါ်မှာ ကျောက်တုံးတွေကို အသုံးပြု ပြီးတည်ဆောက်ထားတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဒီနေရာကနေကြည့်မယ်ဆိုရင် လှပလွန်းတဲ့ ဟိမဝန္တာတောင်တန်းရဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၆၀၀) ကျော်မှာတည်ရှိတဲ့ ဒီနေရာလေးကိုတော့ လာရောက်လည်ပတ်သူအချို့ရှိပေမယ့် တရားဝင်ခွင့်ပြုထားခြင်းမရှိဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၇။ Hikkaduwa – Sri Lanka

ဒီနေရာလေးကတော့ သီရိလင်္ကာနိုင်ငံရဲ့တောင်ဘက်ကမ်းရိုးတန်းဒေသက Hikkaduwa လို့အမည်ရတဲ့ မြို့ငယ်လေးမှာတည်ရှိတာဖြစ်ပါတယ်။ Hikkaduwa ရဲ့လှပတဲ့ကမ်းခြေနဲ့ အိန္ဒိယသမုဒ္ဒရာကြီးက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်သလို Seenigama muhudu Viharaya လို့ခေါ်တဲ့ ဒီဗုဒ္ဓဘာသာ အဆောက် အအုံလေးကလည်း ငြိမ်းချမ်းမှုကိိုလိုလားတဲ့ သူတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ Hikkaduwa ကမ်းခြေကနေ စက်လှေ၊ မော်တော်လေးတွေနဲ့ တစ်ဆင့်သွားရောက်ကတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။