နာမည်ကျော် ပန်းချီကားတွေက တန်ဖိုးကြီးလွန်းတယ် ဆိုတာကို နှိုင်းယှဥ်ပြထားတဲ့ ပုံများ

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ တန်ဖိုးကြီးမားလှတဲ့ ပန်းချီကားတွေ အကြောင်း ပြောပြပေးချင်ပါတယ် ။ ဘယ်လောက်တောင် စျေးကြီးလဲဆိုရင် နာမည်ကြီး ပန်းချီကားတစ်ချပ် ဟာ တန်ဖိုးကြီး ပစ္စည်းတွေကိုတောင် အသာလေး ဝယ်ယူနိုင်လောက်တဲ့ အထိပါပဲ ။ ဒ့ါကြောင့် ဘယ်လို ပန်းချီကားတွေက စျေးကြီးလွန်းလဲဆိုတာ အောက်ကပုံလေးတွေမှာ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ Le Bassin aux Nymphéas ( ဒေါ်လာ ၉၄.၂ သန်း )

The Water Lily Pond လို့ အမည်ရတဲ့ ဒီပန်းချီကားကိုတော့ Claude Monet ဆိုတဲ့ အနုပညာရှင်က ၁၈၉၉ ခုနှစ်မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ။ ဒီပန်းချီကားရဲ့ ကာလ ပေါက်စျေးဟာ ဒေါ်လာ ၉၂ သန်းကျော် ရှိတာကြောင့် နာမည်ကြီး ဂန္တဝင်ရဲတိုက် တစ်ခုဖြစ်တဲ့ ဒရက်ကူလာ ရဲတိုက်ကိုတောင် ဝယ်ယူနိုင်ပါတယ်တဲ့ ။ ဒရက်ကူလာရဲတိုက်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ သန်း ၉၀ အတိ ဖြစ်ပြီး ၁၃၈၈ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မြို့စားကြီး ဒရက်ကူလာ ပိုင်ဆိုင်ခဲ့တာလို့လည်း ပြောကြပါတယ် ။ shwekhitonlinetv.com

၂။ The Scream ( ဒေါ်လာ သန်း ၁၃၀ )

Edvard Munch ဖန်တီးထားတဲ့ The Scream အမည်ရှိ ပန်းချီကားလေးကို တော်တော်များများ မြင်ဖူး ၊ ကြားဖူးကြမှာပါ ။ ဘယ်လောက်တောင် နာမည်ကြီးလဲဆိုရင် ၂၀၁၂ ခုနှစ်တုန်းက ဒီပန်းချီကားကို ရောင်းချခဲ့တဲ့ စျေးနှုန်းဟာ ဂရင်းနစ် စံချိန်တင်သွားတဲ့ အထိတောင် စျေးအကြီးဆုံး ပန်းချီကားတစ်ချပ် ဖြစ်ခဲ့တာပါ ။ shwekhitonlinetv.com

ဒီပန်းချီကား တစ်ချပ် တန်ဖိုးဟာ ၂၀၂၀ ခုနှစ်ထုတ် PJ World Explorer အမည်ရှိတဲ့ အဆင့်မြင့် စူပါ ရွက်လှေတစ်စီးရဲ့ တန်ဖိုးနဲ့ ညီမျှပါတယ်တဲ့ ။ PJ World Explorer ရွက်လှေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၁၈ သန်း တန်ကြေးရှိပြီး အဆင့်မြင့် ဇိမ်ခံ ရွက်လှေ အမျိုးအစား ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ Portrait of Adele Bloch-Bauer I ( ဒေါ်လာ ၁၆၈.၈ သန်း )

The Lady in Gold လို့လည်း ခေါ်ကြတဲ့ ဒီပန်းချီကားရဲ့ ရာဇဝင်ကတော့ နည်းနည်း ရှုပ်ထွေးလှပါတယ် ။ ၁၉၄၁ ခုနှစ်မှာ ပန်းချီကားကို အခိုးခံရပြီး မူလပိုင်ရှင်ဖြစ်တဲ့ Bloch-Bauer မိသားစု ဆီကို ၂၀၀၆ ခုနှစ်မှသာ ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း Bloch-Bauer မိသားစုဟာ ဒီပန်းချီကားကို ချက်ချင်း ပြန်ရောင်းချခဲ့ပြီး ဒေါ်လာ ၁၆၈.၈ သန်း ရရှိခဲ့ပါတယ် ။ ဒီပန်းချီကားရဲ့ တန်ဖိုးကတော့ Palazzo di Amoreအမည်ရှိ နာမည်ကြီး ဇိမ်ခံအိမ်ကြီးကိုတောင် ဝယ်ယူနိုင်ပါတယ် ။ Palazzo di Amore ဇိမ်ခံအိမ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၂၉ သန်း တန်ကြေးရှိပြီး ဒီအိမ်ကြီးထဲမှာ ကိုယ်ပိုင် spa ၊ ရေကူးကန် ၊ စပျစ်ဦးယျာဉ်နဲ့ ရေတံခွန်တွေ ပါရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၄။ Pendant portraits of Maerten Soolmans and Oopjen Coppit ( ဒေါ်လာ ၁၉၁ သန်း )

ဒီ Potrait ပန်းချီကားကိုတော့ ၁၆၃၄ ခုနှစ်မှာ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ရေးဆွဲပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ၂၀၁၅ ခုနှစ်မှာတော့ ဒီပန်းချီကားကို ပြင်သစ်နဲ့ နယ်သာလန် နှစ်နိုင်ငံ ပေါင်းပြီး ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံလုံးက ပန်းချီကားကို တစ်ဝက်စီခွဲပြီး မပိုင်ဆိုင်လိုတာကြောင့် နယ်သာလန်နိုင်ငံ က အမျိုးသားပြတိုက်နဲ့ ပြင်သစ်နိုင်ငံ က ကမ္ဘာ့အကြီးဆုံး ပြတိုက်မှာ တစ်လှည့်စီ ပြသထားပါတယ် ။ shwekhitonlinetv.com

ဒီပန်းချီကားရဲ့ တန်ဖိုးကတော့ Skorpios လို့အမည်ရတဲ့ ကျွန်းတစ်ကျွန်းကိုတောင် ဝယ်ယူနိုင်ပါတယ်တဲ့ ။ Skorpios ကျွန်းကိုတော့ Onassis မိသားစု က ပိုင်ဆိုင်ထားတာ ဖြစ်ပြီး တန်ကြေးကတော့ ဒေါ်လာ သန်း ၁၉၀ တန်ကြေးရှိပါတယ် ။ shwekhitonlinetv.com

၅။ Nafea Faa Ipoipo ( ဒေါ်လာ ၂၂၃ သန်း )

Nafea Faa Ipoipo ပန်းချီကားရဲ့ အဓိပ္ပါယ်ကတော့ “ ဘယ်အချိန် ငါ့ကို လက်ထပ်မှာလဲလို့ ” အဓိပ္ပါယ် ရပါတယ်တဲ့ ။ 1892 ခုနှစ်မှာ ဖန်တီးခဲ့တဲ့ ဒီပန်းချီကားရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၂၃ သန်း ကျော် တန်ကြေး ရှိပါတယ် ။ ဒီပန်းချီကားရဲ့ တန်ဖိုးဟာ ဘောလုံး အပြောင်း အရွှေ့ တစ်ခု ဖြစ်တဲ့ ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းကို ဒေါ်လာ ၂၂၂ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ နေမာရဲ့ တန်ဖိုးနဲ့ ညီမျှပါတယ် ။ shwekhitonlinetv.com

၆။ The Card Players ( ဒေါ်လာ သန်း ၂၆၀ )

The Card Players ဆိုတဲ့ ပန်းချီကားဟာ အနုပညာရှင် Cézanne ရဲ့ နာမည်ကြီး ပန်းချီကား ( ၅ ) ချပ်ထဲက တစ်ခု အပါအဝင်လည်း ဖြစ်ပါတယ် ။ ဒီပန်းချီကားကိုတော့ ၂၀၁၅ ခုနှစ်မှာ ကာတာနိုင်ငံက ဒေါ်လာ သန်း ၂၈၀ နဲ့ ဝယ်ယူခဲ့ပါတယ် ။ ပန်းချီကားရဲ့ တန်ဖိုးဟာ ဆိုရင် ဟာဝိုင်ယီ ကျွန်းစုရဲ့ တစ်စိတ်တစ်ပိုင်းကိုတောင် ဝယ်ယူလို့ ရပါတယ် ။ shwekhitonlinetv.com

၇။ Salvator Mundi ( ဒေါ်လာ ၄၆၃ သန်း )

Salvator Mundi ဆိုတဲ့ ပန်းချီကားကိုတော့ အီတလီ လူမျိုး စွယ်စုံရပညာရှင် တစ်ဦးဖြစ်တဲ့ Leonardo da Vinci က ရေးဆွဲ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပန်းချီကားရဲ့ တန်ဖိုးဟာ မိုနာကိုနိုင်ငံက Tour Odéon အမည်ရှိတဲ့ ဇိမ်ခံအိမ် တစ်လုံးကို အသာလေး ဝယ်ယူနိုင်ပါတယ် ။ Tour Odéon ဇိမ်ခံအိမ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိပြီး အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်က နာမည်ကြီး ပန်းချီကားတွေ ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ နှိုင်းယှဉ်ပြထားတဲ့ ပုံတွေ ပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို တင်ဆက် ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။