ထူးဆန်းတဲ့ ဓလေ့ထုံးတမ်း အစဥ်အလာများ

လောကမှာလူရယ်လို့ဖြစ်လာတာနဲ့ ယုံကြည်ကိုးကွယ်တဲ့ဘာသာ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေဟာ မလွဲမသွေကြုံတွေ့ရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဒီလိုအယူအဆ ဓလေ့စရိုက်တွေဟာ နေရာဒေသ ကိုးကွယ်မှု စတဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး များစွာထပ်မံကွဲပြားနေပါသေးတယ်။ တစ်ချို့အယူအဆတွေက မြင်နေတွေ့နေကြားနေကြ အတိုင်းသမရိုးကျဖြစ်နေပေမယ့် တစ်ချို့အယူအဆဓလေ့ထုံးတမ်းတွေကတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို ကွဲပြားခြားနားလှပါတယ်။ ဒီလို ထူးဆန်းတဲ့ဓလေ့ တွေထဲကမှ ပရိသတ်စိတ်ဝင်စားလောက်မယ့် မျိုးနွယ်စုအချို့ရဲ့ ရိုးရာဓလေ့တွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ ဘုရားသခင်စိတ်ကျေနပ်စေဖို့ သတ္တဝါတွေကို ညှင်းပန်းနှိပ်စက်ခြင်း

ဂျပန်နဲ့ ရုရှားဒေသတွေမှာ လူဦးရေ သောင်းဂဏန်းလောက်ကျန်ရှိနေသေးတဲ့ Ainu လူမျိုးစုတွေကတော့ ဝက်ဝံဖြင့် ဘုရားသခင်ကို ယဇ်ပူဇော်ခြင်းအားဖြင့် ဘုရားသခင်က လူသားတွေရဲ့အသက်ဝိညာဉ်တွေကို ကောင်းချီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဘုရားသခင်ကျေနပ်နှစ်သိမ့်မှု ရရှိစေဖို့ သတ္တဝါတွေကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ကြတာပဲဖြစ်ပါတယ်။ ဒီအယူအဆကို လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက ယနေ့အချိန်အထိ သူတို့ဟာယုံကြည်စွာနဲ့ ဆုပ်ကိုင်ထားကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ မီးနေသည်ကိုကုန်းပိုးပြီး မီးနင်းခြင်း

တရုတ်လူမျိုးအချို့ရဲ့ မီးဖွားခြင်းနဲ့သက်ဆိုင်တဲ့ ဓလေ့ထုံးတမ်းတစ်ခုကလည်း အတော်လေးကို ထူးဆန်းပါတယ်။ လင်ယောက်ျားဖြစ်သူ ကိုယ်ဝန်လွယ်ထားတဲ့ ဇနီးဖြစ်သူကို ကျောမှာကုန်းပိုးပြီး မီးကျီမီးခဲတွေပေါ်မှာ ခြေဗလာနဲ့ လမ်းလျောက်ရတာပဲဖြစ်ပါတယ်။ ဒီပြုအမူကို ဆောင်ရွက်ခြင်းအားဖြင့် ကိုယ်ဝန်ဆောင်ဇနီးသည်ဟာ ကလေးကို မနာမကျင်ဘဲ လျောလျောရှူရှူ မွေးဖွားနိုင်တယ်လို့ သူတို့က ယုံကြည်ထားကြတာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ဒါဟာ လင်ယောကျ်ားက မိမိရဲ့ ဇနီးနဲ့ မွေးဖွားလာမည့် ကလေးအပေါ် ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာကို ပြသရာရောက်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

၃။ မင်္ဂလာဦးဇနီးမောင်နှံ၏ (၇၂) နာရီ ဒုက္ခ

Borne မြောက်ပိုင်းရှိ Tidong အနွယ်ဝင်တွေဟာ အလွန်ဆိုးရွားလှတဲ့ ဓလေ့ထုံးတမ်းစဉ်လာ တစ်ခုကို ယနေ့အထိစွဲမြဲစွာကျင့်သုံးနေကြပါတယ်။ ဒီဓလေ့ကတော့ လက်ထပ်ပြီးခါစစုံတွဲများကို သုံးရက်ဆက်တိုက် (၇၂) နာရီ ရေချိုးခန်းနှင့် အိမ်သာကို ပေးမသုံးတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုဝင်တွေအနေနဲ့လည်း သူတို့ကို အစားအစာများ၊ရေများများစားစားမပေးဘူးလို့သိရပါတယ်။ ဒီလိုအခက်အခဲကိုဖြတ်ကျော်နိုင်ရင်တော့ ၎င်းစုံတွဲဟာ သာယာပျော်ရွှင်သောအိမ်ထောင်ရေးကိုရရှိလိမ့်မည်ဟုယုံကြည်ကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဘိုးဘေးများ၏ ရုပ်အလောင်းများဖြင့် ကခုန်ခြင်း

မာဒါဂတ်စ်ကာ (Madagascar) မှာရှိတဲ့ မာလာဂါစီ (Malagasy) မျိုးနွယ်စုတွေကတော့ ခုနှစ်နှစ်တစ်ကြိမ် သေဆုံးပြီးတဲ့ ဘိုးဘေးတွေရဲ့ ရုပ်အလောင်းတွေကိုပြန်လည်တူးဖော်ကြပါသတဲ့။ ဖာမာဒီဟာနာ (Famadihana) လို့အမည်ရတဲ့ ဒီဓလေ့ကတော့ သေဆုံးပြီးတဲ့ ဘိုးဘေးတွေရဲ့ ရုပ်အလောင်းတွေ အရိုးစု တွေနဲ့ စကားပြောခြင်း၊ အရက်သောက်စားခြင်း၊ သီချင်းများဖြင့် ကခုန်ခြင်းပြုတဲ့ ဓလေ့ပဲဖြစ်ပါတယ်။shwekhitonlinetv.com

၅။ ကြေးဝါကွင်းများနှင့် ကယန်းလူမျိုးများ

ဒါကတော့ အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ကယန်းလူမျိုးတွေရဲ့ ဓလေ့တစ်ခုလေ။ ကယန်းအမျိုးသမီးတွေဟာ အသက် (၅) နှစ်အရွယ်ကစတင်ပြီး ကြေးဝါကွင်းတွေကို လည်ပင်းမှာ တစ်နှစ်ထက်တစ်နှစ်တိုးပြီး ဝတ်ဆင်ကြတာပဲဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ခြင်းကြောင့် ကယန်းအမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက် သိသာစွာလည်ပင်းတွေရှည်နေကြပေမယ့် သူတို့ အယူအဆအရတော့ ဒါဟာ မိန်းကလေးတွေကို ပိုမိုလှပပြီး ဆွဲဆောင်မှုရှိစေတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၆။ မွေးကင်းစကလေးများကို အမြင့်မှပစ်ချခြင်း

အိန္ဒိယမှာရှိတဲ့ မိသားစုတစ်ချို့ဟာ သူတို့ယုံကြည်တဲ့ ရှေးဓလေ့ထုံးတမ်းတစ်ခုအရ မွေးကင်းစကလေးတွေကို ပေ (၃၀) လောက်မြင့်တဲ့ နတ်ကွန်းပေါ်ကနေအောက်ကိုပစ်ချကြပါသတဲ့။ ဒီအယူအဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀၀) လောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာကလေးအတွက် အသက်အန္တရာယ်ရှိတဲ့လုပ်ရပ်ဖြစ်တာကြောင့် နောက်ပိုင်းမှာ အစိုးရကတားမြစ်ထားပေမယ့် တစ်ချို့မိသားစုတွေကတော့ ကလေးရဲ့ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ဒီအမှုကို လျှို့ဝှက်စွာပြုလုပ်နေကြဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဇနီးများဖလှယ်ကြခြင်း

မြောက်အမေရိကနဲ့ အရှေ့ဆိုက်ဘေးရီးယားဒေသမှာတော့ ကံဆိုးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ အိမ်ထောင်စုတွေက အမျိုးသားတွေဟာသူတို့ရဲ့ ဇနီးသည်တွေကို အချိန်အတိုင်းတာတစ်ခုအထိလဲလှယ်ပြီးနေထိုင်ကြပါသတဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် ကံဆိုးမှုတွေကိုသူတို့ဆီသယ်ဆောင်လာတဲ့ နတ်ဆိုးကိုမျက်စိလည်အောင် လှည့်စားကြတာပဲဖြစ်ပါတယ်။ ဒါဟာတစ်ကယ်တမ်းတွေးကြည့်ရင် အတော်လေးကို ရယ်ရွှင်ဖွယ်ကောင်းပေမယ့် ယနေ့ချိန်ထိ ဒီလိုပြုမူနေတဲ့ သူတွေရှိနေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ ….. အခုတင်ဆက်ပေးသွားတာကတော့ ကမ္ဘာတစ်ဝှမ်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုများစွာထဲက မှထူးထူးခြားခြား ရိုးရာဓလေ့တွေကို ယနေ့ချိန်ထိ ယုံကြည်စွာကျင့်သုံးနေတဲ့ မျိုးနွယ်စုတစ်ချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။