ပင်လယ်၊ သမုဒ္ဒရာရေနက်ပိုင်းက ထူးဆန်းတဲ့ ရေသတ္တဝါများ

ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါမျိုးစိတ်တွေရဲ့ ထက်ဝက်ကျော်ကတော့ရေအောက်မှာ နေထိုင်ကြတာဖြစ်ပါတယ်။ အလွန်တရာနက်ရှိုင်းပြီး မှောင်မဲအေးစက်နေတဲ့ သမုဒ္ဒရာကြမ်းပြင်လိုနေရာမျိုးမှာတော့ စူးစမ်းလေ့လာသူတွေတောင် သေချာမသိသေးတဲ့ သတ္တဝါမျိုးစိတ်တွေက အများအပြားရှိလို့နေပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ဒီလိုမျိုး ပင်လယ်သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးမှာ နေထိုင်ကျက်စားနေကြတဲ့ သက်ရှိတွေထဲကမှ စူးစမ်းသူတွေ လက်လှမ်းမှီသလောက် လေ့လာတွေ့ရှိထားတဲ့ သတ္တဝါဆန်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် …………. shwekhitonlinetv.com

၁။ Dumbo Octopus

ဒါကတော့ ဒမ်ဘိုရေဘဝဲ (Dumbo Octopus) လို့ခေါ်တဲ့ ရေဘဝဲမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ အခြားရေဘဝဲ မျိုးစိတ်တွေနဲ့ ကွဲပြားတဲ့ပုံသဏ္ဏာန်ရှိပြီး ချစ်ဖို့ကောင်းတဲ့ ရေဘဝဲမျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်။ အမျိုးသားသမုဒ္ဒရာနှင့် လေထု ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (NOAA) ရဲ့အဆိုအရ ဒီရေဘဝဲတွေအနေနဲ့ အခုလိုမျိုး သူတို့လက်တံတွေကို ကွေးပြီးစုစည်းထားတာဟာ တကယ့်ကို ကြံရခဲတဲ့ အနေအထားလို့ ဆိုပါတယ်။ shwekhitonlinetv.com

၂။ Nomura Jellyfish

ဒီ Jellyfish ရဲ့အမည်ကတော့ သူတို့ကိုစတင်ရှာဖွေတွေ့ရှိတဲ့ ပရော်ဖက်ဆာတစ်ဦးရဲ့အမည်ကို အစွဲပြုပြီး ပေးထားတာဖြစ်တယ်လို့သိရပါတယ်။ (၁၉၂၁) ခုနှစ် ဒီဇင်ဘာလအတွင်းက Kan’ichi Nomura က ဒီဧရာမ Jellyfish မျိုးစိတ်တွေကို စတင်ရှာဖွေတွေ့ရှိတာဖြစ်ပါတယ်။ ပစိဖိတ် နဲ့ မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွေရဲ့ ရေနက်ပိုင်းမှာရှိတဲ့ Jellyfish တွေဖြစ်ပါတယ်။ အကြီးမားဆုံးတွေ့ရှိခဲ့ဖူးတဲ့ အကောင်ကတော့ အရှည် (၃) မီတာလောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ Wolf Eel

ဧရာမ ငါးရှဉ့်မျိုးစိတ်တစ်ခု လို့ဆိုရမယ့် ဝံပုလွေငါးရှဉ့် (Wolf Eel) တွေကတော့ အရှည် (၂.၅) မီတာလောက်ထိကို ကြီးမားကြပြီး မြောက်ပစိဖိတ်သမုဒ္ဒရာရဲ့ အေးစက်မှောင်မဲနေတဲ့ ရေအနက်ပိုင်းမှာ ကျက်စားကြတယ်လို့သိရပါတယ်။ ပုံသဏ္ဍာန်အရ ကြောက်မက်ဖွယ်ကောင်းလှပေမယ့် ရန်မူတက်တဲ့ အလေ့အထမရှိဘူးလို့တော့ သိရပါတယ်။ shwekhitonlinetv.com

၄။ Sarcastic Fringehead

Sarcastic Fringehead ဆိုတဲ့ငါးတွေကတော့ ကြောက်မက်ဖွယ်ပုံသဏ္ဍာန် ရှိပေမယ့်အမှန်တကယ် လူသားတွေကိုတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကတော့အတော်လေးကိုနည်းပါးပါတယ်။ သူတို့ဟာ မြောက်ကယ်လီဖိုးနီးယား နဲ့ မက္ကဆီကိုကြားမှာရှိတဲ့ ပစဖိတ်သမုဒ္ဒရာအတွင်းမှာ နေထိုင်ကျက်စားကြတဲ့ ငါးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Giant Squad

သမုဒ္ဒရာရဲ့နက်ရှိုင်းလှတဲ့ အပိုင်းမှာရှိပြီးတော့ အရွယ်အစားလဲ အင်မတန်ကြီးမားတဲ့ ပြည်ကြီးငါး မျိုးစိတ်တွေဖြစ်ပါတယ်။ သန်မာတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရှိတဲ့ ဒီသတ္တဝါတွေဟာ ဝေလငါး နဲ့ ငါးမန်းတွေလို ကြီးမားတဲ့ ရေသတ္တဝါတွေကိုတောင် ရန်ပြုတိုက်ခိုက်နိုင်စွမ်းရှိပါသတဲ့။ shwekhitonlinetv.com

၆။ Anglerfish

အခြားရေသတ္တဝါတွေအတွက်တော့ Anglerfish ကကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးဖြစ်ပါတယ်။ အရွယ်အစား အရမ်းကြီးမကြီးပေမယ့် ကြည့်ရဆိုးတဲ့ မေးရိုးနဲ့ချွန်ထက်တဲ့ သွားတွေကလူတွေရဲ့ အသားကိုတောက် တိခနဲပြတ်တောက်အောင်ကိုက်ဖြတ်နိုင်ပါသတဲ့။ သဘာဝကပေးတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ ပြာလဲ့လဲ့မီးရောင်ထွက်နေတဲ့ မီးသီးသဏ္ဍာန်အရာကတော့ အခြားရေနေသတ္တဝါတွေကိုဖမ်းဆီးစားသောက်ဖို့ အတွက် ဆွဲဆောင်တဲ့ထောင်ချောက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ The Hatchet Fish

ပင်လယ်ရေနက်ပိုင်းက စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ထပ်ေရေသတ္တဝါတစ်မျိုးကတော့ The Hatchet Fish ပဲဖြစ်ပါတယ်။ ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်လှတဲ့ခန္ဓာကိုယ်ရှိပြီး အသွင်သဏ္ဍာန်ကတော့ ခပ်ဆိုးဆိုးရှိပါတယ်။ အကယ်၍များဒီလိုငါးမျိုးနဲ့ ရင်ဆိုင်တွေ့ရပြီဆိုရင်တော့ ဝေးဝေးကရှောင်တာကပိုကောင်းပါလိမ့်မည်။ ဘာလို့လည်းဆိုတော့ သူတို့က တိုက်ခိုက်သတ်ဖြတ်ရတာကို အရမ်းခုံမင်နှစ်သက်ကြလို့ပါပဲ။ shwekhitonlinetv.com

၈။ Sea Cucumber

Sea Cucumber လို့ခေါ်တဲ့ ဒီရေသတ္တဝါရဲ့ ပုံသဏ္ဍာန်ကတော့ ခပ်ဆန်းဆန်းပါပဲ။ သင့်အနေနဲ့ သူ့ကိုကြည့်လိုက်ရင် အန္တရာယ်မရှိနိုင်ဘူးလို့ထင်ကောင်းထင်မိပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီသတ္တဝါမှာ သဘာကပေးထားတဲ့ ထူးခြားတဲ့ ကာကွယ်ရေးစနစ်တွေရှိနေပါတယ်။ ဒီအရာတွေက သူ့ကိုရန်မူလာမယ့် အခြားသတ္တဝါတွေကို သေစေနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၉။ Vampire Squid

သွေးစုတ်ဖုတ်ကောင်ပြည်ကြီးငါး ဆိုတဲ့နာမည်ကြောင့် လန့်တော့မလန့်သွားကြပါနဲ့နော် သူတို့က အမှန်တစ်ကယ်သွေးမစုပ်နိုင်ပါဘူး။ သွေးနီရောင်ရှိပြီး သူတို့ရဲ့ ပုံပန်းသဏ္ဍာန်အရသာ ဒီလိုနာမည်ပေးထားတာဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားသွားလာတဲ့ပုံစံလေးတွေက ချစ်စဖွယ်ကောင်းတာကြောင့် ဒီစာရင်းမှာပါဝင်တဲ့ အခြားရေသတ္တဝါတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုရေးသားဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးနဲ့ပတ်သက်လို့ ပရိသတ်ကြီးရဲ့ထင်မြင်ယူဆချက်တွေ ဝေဖန်အကြံပြုချင်တာတွေ ရှိတယ်ဆိုရင် ကွန်းမန့်မှာပြောသွားပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။