ရေသယံဇာတတွေ ညစ်ညမ်းသွားတဲ့အခါ ဖြစ်လာသော ဆိုးကျိုးများ

လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးဟာ နှစ်သန်းပေါင်းများစွာကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာရပါတယ်။ ဒီအထဲမှာ သက်ရှိတွေအတွက် အရေးကြီးလိုအပ်တဲ့ ရေသယံဇာတတွေဟာလည်း အတော်လေးကို ပျက်စီးနေတာပါ။ နည်းပညာတွေ ကြွယ်၀လာခြင်းဟာ ကောင်းကျိုးတွေရှိသလို တစ်ဖက်မှာရှိနေတဲ့ ဆိုးကျိုးတွေကလည်း အတော်လေးကိုကြီးမားလှပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်မှာတော့ ကမ္ဘာမြေကြီးရဲ့ ရေသယံဇာတတွေ ဘယ်လောက်တောင် ပျက်စီးယိုယွင်းနေပြီလဲဆိုတာ ပုံလေးတွေကို ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com

၁။ မွမ်ဘိုင်းမြို့

အိန္ဒိယနိုင်ငံရဲ့ မြို့တော်တွေထဲက တစ်ခုဖြစ်တဲ့ မွမ်ဘိုင်းမြို့ကို ရိုက်ကူးထားတာပါ။ ဒီပုံကတော့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတုန်းက mithi ဆိုတဲ့ မြစ်ကနေ ရေတွေတက်လာတုန်းက မျောလာတဲ့ အမှိုက်တွေ၊ ပလက်စတစ်တွေအများကြီး ကြားထဲမှာ ရပ်နေရတဲ့ လူနှစ်ယောက်ရဲ့ ပုံပဲ ဖြစ်ပါတယ်။ ရေတွေဟာလည်း အတော်လေးကို ညစ်ညမ်းနေလို့ ကျန်းမာရေးအတွက် တော်တော်လေးကို ထိခိုက်စေနိုင်ပါတယ်။ shwekhitonlinetv.com

၂။ မသန့်တဲ့ရေကို သောက်နေရသူများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တစ်ချို့ပြည်သူတွေဟာဆိုရင် အခုချိန်ထိ ရေကောင်းရေသန့် ရှားပါးတဲ့ ပြသာနာကို ရင်ဆိုင်နေရပါတယ်။ ပုံထဲမှာဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးတွေဟာ ရေသောက်ရဖို့အတွက် အခုလိုမျိုး မသန့်ရှင်းတဲ့ရေတွေကို တန်းစီ ခပ်ယူနေရပါတယ်။ shwekhitonlinetv.com

၃။ ရေတွေညစ်ညမ်းတဲ့အခါ ဖြစ်လာတဲ့ဆိုးကျိုး

ဒီပုံလေးကတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက တရုတ်နိုင်ငံ ၀ူဟန်မြို့မှာ ရာသီဥတုပူနွေးလာတဲ့အပြင် ကန်ရေကလည်း အတော်လေးကို ညစ်ညမ်းလာတာကြောင့် ငါးတွေ အစုလိုက်အပြုံလိုက် သေနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ El Crucero မြို့

အခုမြင်နေရတဲ့ ပုံကတော့ ၂၀၁၄ ခုနှစ်တုန်းက El Crucero မြို့မှာနေထိုင်တဲ့ အဘွားအိုတစ်ယောက် မသန့်ရှင်းတဲ့ ရေကို သောက်နေရတဲ့ ပုံပဲဖြစ်ပါတယ်။ စစ်တမ်းတွေအရ ကမ္ဘာ့လူဦးရေဟာ သန်း ၆၅၀ ကျော်ရှိပြီး လူ၁၀ယောက်ထဲမှာ ၁ ယောက်နှုန်းလောက်က မသန့်ရှင်းတဲ့ရေတွေကို သောက်နေရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ Wenzhou မြို့

၂၀၁၄ ခုနှစ်တုန်းက တရုတ်နိုင်ငံ Wenzhouမြို့မှာ စက်ရုံတွေကနေ စွန့်ပစ်လိုက်တဲ့ဆိုးဆေးအနီတွေဟာ မြစ်ထဲကို ရောက်သွားပြီး မြစ်ရေပါ အရောင်ပြောင်းသွားခဲ့ပါတယ်။ အချိန်အတော်ကြာတဲ့ အထိ မြစ်ရေဟာ အရောင်မပြောင်းပဲ ရှိနေခဲ့ပြီး ဓာတုဆိုးဆေးတွေပါနေလို့ သောက်သုံးမိလိုက်ရင် အသက်အန္တရာယ်တောင် ရှိလာနိုင်ပါတယ်။ shwekhitonlinetv.com

၆။ The Mine

ဒီပုံကတော့ ကမ္ဘာ့အကြီးဆုံး အမှိုက်ပုံတွေထဲက တစ်ခုဖြစ်တဲ့ The Mine အမည်ရှိ အမှိုက်ပုံရဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ထိုနေရာမှာနေထိုင်သူတွေဟာ အနံ့အသက်မကောင်းတာတွေ ၊ ရေမသန့်ရှင်းတာတွေ ရှိနေပေမယ့်လည်း လိုအပ်တဲ့ရေကို ဒီနေရာကနေပဲ သုံးစွဲနေရပါတယ်။ shwekhitonlinetv.com

၇။ ရင်ထဲကိုထိစေတဲ့ ဓါတ်ပုံ

အခုမြင်နေရတာကတော့ အမှိုက်တွေ စားတာများသွားပြီး ကမ်းပေါ်သောင်တင်ကာ သေဆုံးနေတဲ့ ဝေလငါးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ပုံကိုကြည့်လိုက်တာနဲ့ လူတွေ စွန့်ပစ်ထားတဲ့ အမှိုက်တွေ ဘယ်လောက်တောင်များလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ နှစ်တိုင်းမှာ အခုလိုမျိုးပုံစံနဲ့ ကမ်းပေါ်သောင်လာတင်တဲ့ ရေနေသတ္တဝါတွေ အများကြီးရှိပါတယ်။ shwekhitonlinetv.com

၈။ Disco ပင်လယ်အော်

Green Land ကျွန်းဆိုတာ အတော်လေးကို အမြင်အေးစေတဲ့ ရှုခင်းတွေပိုင်ဆိုင်ထားတဲ့ ကျွန်းပါ။ ဒါပေမယ့် ဒီကျွန်းထဲမှာတည်ရှိတဲ့ Disco ပင်လယ်အော်မှာတော့ စွန့်ပစ်ထားတဲ့ အမှိုက်တွေ စုပုံနေပြီး သဘာ၀တရားရဲ့ အလှကို ဖျက်ဆီးနေသလိုမျိူး ဖြစ်နေပါတယ်။ shwekhitonlinetv.com

၉။ ဟန်ဂေရီနိုင်ငံ

ဟန်ဂေရီနိုင်ငံရဲ့ နေရာတစ်ခုမှာ ရွှံတွေဟာ ရေသန့်တွေနဲ့ ရောထွေးသွားတဲ့ မြင်ကွင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရွံ့တွေက များလွန်းလို့ အလုပ်သမားတွေဟာ ကာကွယ်ရေး ဝတ်စုံတွေဝတ်ပြီး စက်တွေနဲ့တောင် စုပ်ထုတ်ယူနေရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ အလှတရားတွေ မှေးမှိန်သွားတဲ့ ကမ်းခြေ

လွန်ခဲ့တဲ့ နှစ်တွေတုန်းက တောင်ကိုရီးယားနိုင်ငံမှာ ရေနံတင်သင်္ဘောတစ်စီးကနေ မတော်တဆ ဖြစ်ရပ်ကြောင့် ရေနံတွေ မှောက်ကျသွားခဲ့ပါတယ်။ မှောက်ကျသွားတဲ့ နေရာဟာ ပင်လယ်နေရာအနှံ့ ပြန့်နှံ့သွားပြီး ကမ်းခြေဘက်အထိပါ ရောက်လာခဲ့ပါတယ်။ အခုပုံထဲမှာတော့ အလုပ်သမားတွေဟာ ကမ်းခြေဘက်ရောက်လာတဲ့ ရေနံတွေကို သန့်ရှင်းနေရတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ လူသားတွေရဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် ရေတွေ ဘယ်လောက်တောင် ညစ်ညမ်းပြီး သက်ရှိတွေကို ထိခိုက်စေနိုင်လဲဆိုတာ ဗဟုသုတအဖြစ် တင်ပြပေးတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပြီး ကမ္ဘာမြေကြီးရဲ့ ရေသယံဇာတတွေ သန့်ရှင်းအောင် လုပ်ဆောင်ကြလို့ တိုက်တွန်းလိုက်ပါတယ်။ အခုလို ဗဟုသုတရစရာအကြောင်းအရာတွေကို နောက်ပိုင်းမှာလည်း တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးဖို့ မမေ့ပါနဲ့နော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply