ကျောင်းဖတ်စာအုပ်မှာ မသင်ခဲ့ရတဲ့ ကမ္ဘာမြေကြီးရဲ့ ထူးဆန်းလှသောအကြောင်းအရာများ

ဒီတစ်ခေါက်မှာ ဖတ်စာအုပ်တွေထဲမှာ မပါတဲ့ ကမ္ဘာမြေကြီးရဲ့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဘယ်လို ထူးဆန်းတဲ့ အကြောင်းအရာတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ shwekhitonlinetv.com

( ၁ ) လ ဟာ ကမ္ဘာမြေကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ကမ္ဘာမြေကြီးကို ကြီးမားတဲ့ အရာတစ်ခုက ဝင်ရောက်တိုက်မိခဲ့ပါတယ်။ ဒီလို တိုက်မိတာကြောင့် ကမ္ဘာမြေကြီးရဲ့ အပိုင်းပစ တစ်ခုဟာ လွင့်စင်ကွဲထွက်သွားပြီး လ အနေနဲ့ ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

( ၂ ) ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းတွေဟာ အမြဲပြောင်းလဲနေပါတယ်။

တော်တော်များများ ထင်နေကြတာက ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းတွေဟာ မပြောင်းလဲဘူး ဆိုတာပဲ။ တစ်ကယ်တမ်းမှာတော့ ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းဟာ ပြောင်းလဲနေတာပါ။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ကမ္ဘာမြေကြီးဟာ ( ၁၉ ) ရာစုနှစ်တွေတုန်းကထက် မိုင် ( ၆၀၀ ) လောက် ရွေ့လျားနေတယ်လို့ ပြောကြပါတယ်။ shwekhitonlinetv.com

( ၃ ) ထူးဆန်းလွန်းလှတဲ့ ဆွဲအား

အချက်အလက်တွေအရ ကမ္ဘာမြေကြီးဟာ ပြီးပြည့်စုံအောင် လုံးဝိုင်းနေတာ မဟုတ်ပဲ သူ့ရဲ့ ထုထည်က မညီမညာဖြစ်နေတာပါ။ ဒီလိုကွဲပြားခြားနားတဲ့ ထုထည်တွေကြောင့် ကမ္ဘာမြေကြီးရဲ့ တစ်နေရာနဲ့ တစ်နေရာဟာ ဆွဲငင်အားတွေ မတူကြပါဘူး ။ ဥပမာအားဖြင့် ကနေဒါနိုင်ငံမှာရှိတဲ့ Hudson ပင်လယ်အော်မှာဆိုရင် ဆွဲငင်အားဟာ တစ်ခြားနေရာတွေထက် အတော်လေးကို နည်းပါတယ်။ shwekhitonlinetv.com

( ၄ ) ကမ္ဘာမှာ ဒုတိယမြောက် လ တစ်စင်းရှိနိုင်ပါတယ်။

တစ်ချို့သော သိပ္ပံပညာရှင်တွေ ယုံကြည်ကြတာကတော့ ကမ္ဘာမှာ ဒုတိယမြောက် လ တစ်စင်း ရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ လေ့လာမှုတွေအရ ကမ္ဘာမြေကို လှည့်ပတ်နေတဲ့ အရာ၀တ္ထုတစ်ခုရှိနေတာကို တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီလို လှည့်ပတ်နေတာဟာ ယာယီ လှည့်ပတ်နေတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ကမ္ဘာမှာ ဒုတိယမြောက် လ တစ်စင်း ရှိတယ်ဆိုတာ သေချာအတည်မပြုနိုင်သေးပဲ လေ့လာနေကြတုန်းပဲ ရှိပါသေးတယ်။ shwekhitonlinetv.com

( ၅ ) လ ပေါ်က ငလျင်များ

Moonquakes လို့ခေါ်ကြတဲ့ လ မျက်နှာပြင် တုန်ခါတာဟာ သိပ္ပံနည်းအရ အဆန်းတကြယ် ဖြစ်ရပ်မျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီး ကမ္ဘာမြေမှာလိုမျိုး မကြာခဏ ငလျင်လှုပ်တာ မဟုတ်ပဲ တစ်ခါတစ်လေမှသာ လှုပ်ခတ်တတ်တာပါ။ သိပ္ပံပညာရှင်တွေကတော့ လ ပေါ်မှာ ငလျင်လှုပ်တာဟာ နေ နဲ့ ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေကြောင့် လှုပ်တာဖြစ်တယ်လို့ ယူဆထားကြပါတယ်။ shwekhitonlinetv.com

( ၆ ) ကမ္ဘာမြေနဲ့ အတော်လေးကို ပုံစံ တူတဲ့ ဂြိုဟ်တစ်လုံး ( No. 1 )

HD 904790 လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်ကို အနာဂတ်မှာ လူသားတွေ နေထိုင်နိုင်ဖို့ သင့်တော်တဲ့ ဂြိုဟ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီဂြိုဟ်ကြီးဟာ Milky Way ဂလက်ဆီ အနားမှာ ရှိတာဖြစ်ပြီး ကမ္ဘာမြေကြီးမှာ ရှိတဲ့ လေထု ၊ ရာသီဥတု နဲ့ သဘာ၀ အရင်းအမြစ်တွေလည်း ရှိနိုင်ပြီး ရေတောင် ရှိရင် ရှိနိုင်ပါသေးတယ်။ တွက်ချက်မှုတွေအရ ဒီဂြိုဟ်ကြီးကို ကမ္ဘာမြေကနေ သွားမယ်ဆိုရင် နှစ်ပေါင်း ၃ သိန်းခန့် ကြာမြင့်အောင် သွားရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာမြေကြီးနဲ့ ပတ်သတ်ပြီး လူသိပ်မသိတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ရှာင်္ဖေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။