ဆံပင်ညှပ်ဆရာရဲ့ လက်စွမ်းထက်မှုကြောင့် ပိုမိုဆိုးရွားသွားခဲ့ရတဲ့ ဆံပင်ဒီဇိုင်းများ

တခါတလေမှာ ကျွန်တော်တို့တွေဟာ ပိုမိုကြည့်ကောင်းစေဖို့အတွက် ဆံပင်ကာလာဆိုးတာ ဒါမှမဟုတ် ဆန်းသစ်တဲ့ ဆံပင်ပုံစံပြောင်းလဲတာ စသဖြင့် လုပ်တတ်ကြပါတယ်။ အနည်းငယ်ပြောင်းလဲမှုလေးတခုက ကိုယ့်ရဲ့ မူရင်းရုပ်ရည်တခုလုံးကို ပြောင်းလဲပြစ်နိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ လူတွေကလည်း ကြည့်ကောင်းစေဖို့အတွက် ဆံပင်ပုံစံ ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆံသဆရာရဲ့ လက်စွမ်းထက်မှုတွေကြောင့် ဆိုးရွားလှတဲ့ ဆံပင်ပုံစံတွေကိုသာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၁။ မိန်းမရဲ့ လက်စွမ်းပြမှု

ပုံမှာတွေ့မြင်ရတဲ့ အမျိုးသားကတော့ အိမ်မှာပဲ သူ့အမျိုးသမီးက ဆံပင်ညှပ်ပေးခဲ့တာ ဖြစ်ပါတယ်။ မုတ်ဆိတ်မွှေးအချို့နဲ့ ယောက်ျားဆန်ဆန်အသွင်အပြင်ဟာ ဆံပင်ဒီဇိုင်းကြောင့် ရယ်စရာကောင်းတဲ့ ရုပ်သွင်ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ လိုချင်တဲ့ပုံနဲ့ ဖြစ်လာတဲ့ပုံ

ညာဘက်ပုံမှာ တွေ့မြင်ရတဲ့ အမျိုးသမီးဟာ သူမလိုချင်တဲ့ ဘယ်ဘက်ပုံက ဆံပင်ဒီဇိုင်းကိုအတုခိုးပြီး ညှပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ကြွက်ကိုက်သလို ဖြစ်နေတဲ့ ဆံပင်ပုံစံသာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၃။ မိန်းကလေးတွေအတွက် အိမ်မက်ဆိုး

ဆိုးရွားလှတဲ့ ဆံပင်ပုံစံတွေဟာ မိန်းကလေးတွေအတွက်တော့ အိမ်မက်ဆိုးတခုလို ကြောက်စရာကောင်းလှပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ မိန်းကလေးရဲ့ ဆံပင်ကတော့ ဆံပင်ညှပ်ဆရာရဲ့ စိတ်နဲ့လူနဲ့ မကပ်တဲ့ လက်ရာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကွက်တိကွက်ကြားဆံပင်

ဘယ်ဘက်ပုံမှာတွေ့မြင်ရတဲ့ ဆံပင်ပုံစံကတော့ ကောင်လေးဟာ သူ့ဘာသာ လက်တည့်စမ်းပြီး ရိတ်ခဲ့တဲ့ ပုံဖြစ်ပါတယ်။ ညာဘက်က ပုံကတော့ သူ့အမေက ထပ်ပြီး ညှပ်ပေးထားတဲ့ ဆံပင်ပုံစံပါ။ တကယ်ကို ဆိုးဝါးလွန်းတာကြောင့် နောက်ဆုံးမှာ ဂတုံးပဲ တုံးရမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၅။ ကာတွန်းဆံပင်ဒီဇိုင်း

ပုံစံကို ပြောဖို့တောင် ခက်ခဲတဲ့ ဆံပင်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ အပြာရောင်နဲ့ အစိမ်းရောင်ကို သုံးထားတာကြောင့် လူတိုင်းရဲ့ အာရုံစိုက်ခြင်းကို ခံရမယ်ဆိုတာကတော့ အသေအချာပါပဲနော်။ shwekhitonlinetv.com

၆။ အမြန်လမ်းပုံစံ ဆံပင်

ပုံမှာတွေ့မြင်ရတဲ့သူရဲ့ ဆံပင်ပုံစံကတော့ ဟိုက်ဝေးလမ်းမကြီးတခုလိုပါပဲနော်။ ဒီလိုဆံပင်ပုံစံကို ပုံဖော်ခဲ့တဲ့ သူရဲ့စိတ်ကူးကတော့ တကယ်ကို ထူးဆန်းလှပါတယ်။ shwekhitonlinetv.com

၇။ ၅ ဒေါ်လာတန် ဆံပင်ဒီဇိုင်း

ပုံမှာတွေ့မြင်ရတဲ့ ဆံပင်ဒီဇိုင်းကတော့ ၅ ဒေါ်လာတောင် အကုန်အကျခံပြီး ပုံဖော်ထားတဲ့ ဒီဇိုင်းပါ။ ဒါပေမယ့်လည်း မသပ်ရပ်တဲ့ လက်ရာကြောင့် လုံးဝကို မတန်မရာပေးခဲ့ရတဲ့ ဆံပင်ပုံစံလို့ပဲ ဆိုချင်ပါတယ်။ shwekhitonlinetv.com

၈။ မီးပိတ်ပြီးညှပ်ခဲ့တဲ့ ဆံပင်

မီးပိတ်ပြီး ကိုယ့်ဘာသာ လက်တည့်စမ်းပြီး ညှပ်ခဲ့တဲ့ ဆံပင်ဒီဇိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ကို ကတ်ကြေးနဲ့ မထိုးခဲ့မိတာပဲ ကံကောင်းတယ်လို့ ဆိုရမယ့် ဆံပင်ပုံစံပါ။ shwekhitonlinetv.com

၉။ ရှေ့ဆံမိတ်ညှပ်ချင်တဲ့ မိန်းကလေးတွေအတွက်

ရှေ့ဆံပင်ကို အမြဲလိုလို ရန်ရှာတတ်တဲ့ မိန်းကလေးတွေရှိရင်တော့ ဒီပုံလေးကိုကြည့်ပြီး နမူနာယူနိုင်ပါတယ်နော်။ ဆိုးဝါးလွန်းတဲ့ ဆံပင်ညှပ်ဆရာရဲ့ လက်ရာကြောင့် မညီမညာဖြစ်နေတဲ့ ရှေ့ဆံပင်ဒီဇိုင်းကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၀။ ချစ်သူကောင်မလေးက ပြင်ပေးတဲ့ ဆံပင်ပုံစံ

ချစ်သူမိန်းကလေးက ပြုပြင်ပေးခဲ့တဲ့ ဆံပင်ပုံစံနဲ့ အမျိုးသားကို တွေ့ရမှာပါ။ မုတ်ဆိတ်မွှေးတွေနဲ့ ယောကျ်ားဆန်ဆန်ချောမောရာကနေ ပန်းရောင်ကလစ်တွေနဲ့ ပြင်ဆင်ထားတဲ့ ဆံပင်ပုံစံကြောင့် ရယ်ချင်စရာကောင်းတဲ့ ရုပ်ရည်ဖြစ်နေပါတယ်။ shwekhitonlinetv.com

၁၁။ သူငယ်ချင်းကို ယုံစားမိသူ

ပုံမှာတွေ့မြင်ရတဲ့ ဆံပင်ပိုင်ရှင်တော့ သူငယ်ချင်းကို ဆံပင်ညှပ်ခိုင်းခဲ့တဲ့သူလို့ ဆိုပါတယ်။ နောက်တခုလုံး အပြောင်နီးပါး လက်စွမ်းပြခဲ့တဲ့ သူငယ်ချင်းကြောင့် ဂတုံးတုံးရလုနီးပါးဖြစ်ခဲ့တဲ့ မိန်းကလေးရဲ့ အဖြစ်ကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၂။ ဒေါ်လာ ၃၀၀ အကုန်ခံခဲ့တဲ့ ဆံပင်ဒီဇိုင်း

ကောက်ကွေးနေတဲ့ မူလဆံပင်ကို ဒေါ်လာ ၃၀၀ အကုန်ခံပြီး ဖြောင့်ခဲ့တဲ့အမျိုးသားရဲ့ ဆံပင်ဒီဇိုင်းကို တွေ့ရမှာပါ။ အုန်းပင်ရဲ့ အခက်အလက်တွေနဲ့တောင် ခပ်ဆင်ဆင်ပါပဲနော်။ shwekhitonlinetv.com

၁၃။ ရှေးခေတ်သင်းအုပ်ဆရာဆံပင်ပုံစံ ဖြစ်ခဲ့သူ

ကိုယ့်ဆံပင်ကို ကိုယ်တိုင်ညှပ်လိုသူတွေအတွက် ဥပမာယူရမယ့် အဖြစ်အပျက်လေးပါ။ ကြည့်ကောင်းတဲ့ ဆံပင်ကို ကိုယ်တိုင်ညှပ်ခဲ့တာကြောင့် ရှေးခေတ်သင်းအုပ်ဆရာတွေရဲ့ ဆံပင်ပုံစံဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ Chess ကစားနည်းကို ရူးသွပ်သူ

ပုံမှာတွေ့မြင်ရတဲ့သူကတော့ chess ကစားနည်းကို ရူးသွပ်သူတယောက်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ ဆံပင်ဒီဇိုင်းကို အဖြူ အမည်း ပုံဖော်ပြီး chess ကစားကွက်တွေအတိုင်း ညှပ်ထားပြီး အရုပ်တွေကိုပါ ထည့်သွင်းထားပါသေးတယ်။ shwekhitonlinetv.com

၁၅။ စတော်ဘယ်ရီဆံပင်

စတော်ဘယ်ရီဆံပင်ဒီဇိုင်းနဲ့ ပုံမှာတွေ့မြင်ရတဲ့ အမျိုးသားရဲ့ စိတ်ကူးကတော့ တကယ်ကို ဆန်းကြယ်ပါတယ်နော်။ ဆံပင်ပုံစံကိုသာ စတော်ဘယ်ရီပုံစံ ပြုလုပ်ခဲ့တာ မဟုတ်ပဲ မုတ်ဆိတ်မွှေးနဲ့ ပါးသိုင်းမွှေးကိုပါ ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ လူတိုင်းရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မယ့် ဒီဇိုင်းပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။