ကျန်းမာရေးအတွက် ဂီတသံစဉ်တွေက ပေးစွမ်းမယ့် ကောင်းကျိုးများ

တေးဂီတသံစဉ်တွေဟာ လူသားတွေရဲ့ ခန္ဓာကိုယ် မထင်မှတ်ထားလောက်တဲ့ နည်းလမ်းတွေနဲ့ သင့်ကို အကျိုးပြုနေတယ်ဆိုရင် ယုံနိုင်ပါ့မလား ပရိသတ်ကြီးရေ …. မယုံမရှိပါနဲ့နော် တေးဂီတတွေကလူသားတွေရဲ့နေ့စဉ်ဘဝမှာ အရေးပါလှတဲ့အကြောင်းကို ဆက်လက်လေ့လာကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com

၁။ ပျော်ရွှင်ဖွယ်တေးသီချင်းတွေနားဆင်ခြင်းဟာ သင့်ရဲ့အလုပ်က အခက်အခဲတွေကို လျင်မြန်စွာ ပြီးမြောက်စေရုံသာမက ထပ်ခါတလဲလဲပြုလုပ်နေရတဲ့ အီးမေးလ်စစ်ခြင်းနှင့် ဖိုင်ပူးတွဲခြင်း စတဲ့ ကိစ္စရပ်တွေ ပြုလုပ်ခြင်းမှာတောင် သိသိသာသာ အဆင်ပြေချောမွေ့နေစေမှာပဲ ဖြစ်တယ်။ လေ့လာချက်တစ်ခုမှာဆိုရင် ခွဲစိတ်ဆရာဝန်များဟာ သူတို့ခွဲစိတ်နေစဉ်အတွင်း နောက်ခံတေးဂီတတစ်ခုခုဖွင့်ထားပါက အလုပ်လုပ်ရတာ ပိုထိရောက်မှုရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။ shwekhitonlinetv.com

၂။ ၂၀၁၀ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ အသေးစားသုတေသနတစ်ခုရဲ့ ရလဒ်တွေအရတော့ တေးသီချင်းဟာ စိတ်ဖိစီးမှု ဟော်မှုန်းအတိုင်းအတာကို အနှိပ်သည်နှိပ်သလိုမျိုး ဖြေလျှော့ပေးနိုင်တယ်လို့ ဆိုထားတယ်။ သိပ္ပံပညာရှင်များက စိတ်ဓာတ်ကျနေတဲ့ လူနာများကို မီးမှိန်တဲ့အခန်းထဲလှဲနေရင် ပဲဖြစ်ဖြစ် အနှိပ်ခံနေရင်ပဲဖြစ်ဖြစ် သီချင်းနားထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ၃လလောက်အကြာမှာတော့ သီချင်းနားထောင်တဲ့လူနာတွေဟာ အနှိပ်ခံတတ်တဲ့ လူတွေနီးနီးလောက်ကို စိတ်ဖိစီးမှု လျော့ကျခဲ့တယ်ဆိုပြီး ဝန်ခံပြောဆိုခဲ့ကြပါတယ်။ shwekhitonlinetv.com

၃။ ခွဲစိတ်ခန်းမဝင်ခင်သီချင်းနားဆင်ခြင်းဟာလည်း စိတ်ဖိစီးမှုလျော့ကျစေကာ မေ့ဆေးအသုံးပြုမှုကိုလည်း အတိုင်အတာတစ်ခုထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခွဲစိတ်ပြီးတဲ့ အချိန်မှာလည်း နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါသေးတယ်။ ၂၀၁၅ခုနှစ်တုန်းက လန်းဆက်မှာ လေ့လာချက် (၇၃) ခုထဲမှ ခွဲထုတ်စီစစ်ရာ၌ ခွဲစိတ်ခန်းမဝင်ခင်နှင့် ဝင်ပြီးနောက်တွင် သီချင်နားဆင်ပါက စိတ်ဖိစီးမှုနှင့် နာကျင်မှုအတိုင်းအတာကို လျော့ကျစေနိုင်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဆိုလိုတာက ဆေးအရှိန်ကြောင့် မသက်မသာဖြစ်မှုကို နည်းသည်ထက်နည်းစေနိုင်တာပါ။ shwekhitonlinetv.com

၄။ နယ်သာလန်နှင့် သြစတြေလျမှ သုတေသီများ၏ ပြောကြားချက်အရ ငြိမ်ငြိမ်ထိုင်နေတာထက်စာရင် တက်ကြွပျော်ရွှင်စေတဲ့ တေးသံစဉ်တွေနားထောင်ခြင်းက လူတွေအတွက် ပိုပြီးတော့ ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ ဖြေရှင်းချက်အသစ်တွေ ပိုမိုဖြစ်ထွန်းစေတယ်လို့ ဆိုကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သီချင်းတွေဟာ ဦးနှောက်ရဲ့ လိုက်လျောညီထွေဖြစ်မှုကို တိုးတက်စေရုံသာမကဘဲ ဆန်းသစ်တွေးခေါ်မှုကို ဦးနှောက်ထဲ လုံလုံလောက်လောက် စီးဆင်းစေနိုင်လို့ပါ။ ဒါပေမယ့်လည်း သီချင်းကို ကျယ်လောင်စွာ မဖွင့်သင့်ပါဘူးနော်။ သုတေသီတွေရဲ့ပြောကြားချက်အရ သင့်တော်တဲ့ အသံအနေအထားလောက် ဖွင့်ရင်သာ ဒီလို အကျိုးကိုဖြစ်ထွန်းစေနိုင်တာကြောင့်မို့လို့ပါ။ shwekhitonlinetv.com

၅။ သီချင်းနားထောင်တဲ့အခါ သင့်ရဲ့ဦးနှောက်ကနေ ဒိုပါမင်း (Dopamine) ဆိုတဲ့ ဆဲလ်တွေ ထုတ်လွှတ်ပါတယ်။ အဲ့ဒီ ဆဲလ်လေးတွေဟာ သင်ချောကလက်စားတာ သို့မဟုတ် လိင်ဆက်ဆံနေမှသာ ထုတ်လွှတ်လေ့ရှိတာပါ။ လေ့လာချက်တစ်ခုမှာ တွေ့ရတာက သီချင်းရဲ့အကောင်းဆုံးအပိုင်း (ဥပမာ – သင်အရမ်းနှစ်သက်တဲ့ စာသားမျိုး) လာမှာကို ကြိုသိနေရခြင်းဟာ ဒိုပါမင်းစီးဆင်းမှုကို ဖြစ်ပေါ်စေတယ်ဆိုတာပဲ။ shwekhitonlinetv.com

၆။ လေ့လာချက်တွေအရ သင်ဟာပြေးနေရင်ပဲဖြစ်ဖြစ်၊ စက်ဘီးစီးတာ သို့ လမ်းလျှောက်နေရင်း သီချင်းကို ကျယ်ကျယ်ဖွင့်ထားပါက သင်ဟာ ခရီးတော်တော်ရောက်နိုင်တယ်လို့ သိရပါတယ်။ သီချင်းသံဟာ မသက်မသာဖြစ်မှုမှ ကင်းဝေးစေကာ သင့်ကို သီချင်းသံနှင့်အတူ အားပေးလှုံ့ဆော်မှု ဖြစ်စေမှာပါ။ shwekhitonlinetv.com

၇။ အားကောင်းတဲ့သံစဉ်မှာ သင်ဟာ မျောပါနေရင်မြန်ဆန်သွက်လက်တဲ့ စွမ်းအင်တွေ ခံစားရတာဟာ သဘာဝပဲဖြစ်တယ်။ ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်တာဟာ လုပ်ငန်းကို တိတ်တဆိတ်လုပ်တာထက် ပိုမိုလွယ်ကူစေကာ ပင်ပန်းမှုမရှိပဲ လုပ်နိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ လူတွေဟာ သီချင်းနားထောင်ရင်း လျင်မြန်စွာပြေးနိုင်သလို အလေးချိန်များတဲ့ ပစ္စည်းတွေကိုလည်း ပိုကြာကြာသယ်နိုင်တယ်လို့လည်း ဆိုပြန်ပါတယ်။ shwekhitonlinetv.com

၈။ အမေရိကန် National Sleep Foundation မှ အဆိုပြုချက်အရ အိပ်ရာမဝင်ခင် သီချင်းနားဆင်ခြင်းဟာ လျင်မြန်စွာအိပ်ပျော်စေရုံသာမက ညတရေးနိုးခြင်းမှ ကင်းဝေးစေနိုင်သလို မနက်မိုးလင်းထလျှင်လည်း သက်သောင့်သက်သာ ရှိစေတယ်လို့ ပြောကြားထားပါတယ်။ ထိုင်ဝမ်မှ လေ့လာချက်တစ်ခုအရ အိပ်ဖို့အခက်အခဲရှိတဲ့ သက်ကြီးရွယ်အိုတွေကို (၄၅) မိနစ်စာလောက် ငြိမ့်ညောင်းနဲ့ သံစဉ်တွေ နားဆင်စေပြီး အိပ်စက်စေခဲ့ရာမှာ (၃၅) ရာခိုင်နှုန်းလောက်က မျက်စိမှိတ်ချိန်သိပ်မကြာကြတော့ပဲ တစ်နေ့တာလုံးမှာလည်း ကမောက်ကမဖြစ်မှုတွေ နည်းသွားတယ်လို့ ဖော်ပြထားပါတယ်။ shwekhitonlinetv.com

၉။ တေးဂီတသံစဉ်တွေကို ရာစုနှစ်များစွာကတည်းက ကုသနည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပြီး ဘာကြောင့်အလုပ်ဖြစ်သလည်းဆိုတာကို ရှာဖွေနေကြပါပြီ။ ၄၀၀ကျော်သော အကြီးစား သုတေသနလေ့လာချက်မှ တွေ့ရှိချက်အရ သီချင်းနားထောင်ပါက ခန္ဓာကိုယ်မှာရှိတဲ့ အင်မူနိုဂလိုဘင် A ကို ထုတ်လွှတ် ပေးတယ်ဆိုတာပါပဲ။ အဲ့ဒီ ပဋိပစ္စည်းဟာ ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေဒဏ်မှ ကာကွယ်ပေးပြီး သဘာဝသတ်ဖြတ်ဆဲလ်တစ်ခုဖြစ်ရုံမျှမကသေးပဲ ဗိုင်းရပ်စ်ပျံံ့နှံ့ခြင်းနှင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကိုတောင် တိုက်ထုတ်နိုင်ပါတယ်။ shwekhitonlinetv.com

၁၀။ သီချင်းထဲမှာမျောပြီးစီးဝင်နေရင် အချိန်တွေက ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။ သီချင်းနားထောင်ရင်း တစ်စုံတစ်ယောက်ကို စောင့်နေပါက အဲ့ဒီ့အချိန်ဟာ ခနပဲ ကြာမြင့်တယ်လို့ သိပ္ပံပညာရှင်များက ထပ်ခါတလဲလဲ ဆိုပါတယ်။ လက်လီဈေးရောင်းသူများဟာ ထိုနည်းလမ်းကို ကိုယ်ကျိုးအတွက်အသုံးချကာ အချိန်ကုန်စေပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ ဒီအချက်တွေကတော့ ဆေးပညာရှုထောင့်ကနေ သုတသန ပြုလုပ်ရာမှ ထွက်ပေါ်လာတဲ့ တွေ့ရှိချက်တွေပဲဖြစ်ပါတယ်။ ရွှေခေတ်ပရိသတ်တွေအနေနဲ့လည်း လက်တွေ့စမ်းသပ်ကြည့်သင့်ပါတယ်နော် ….. ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။