ကမ္ဘာပေါ်ကအအေးဆုံး နိုင်ငံများ

Shwekhit Online TV ကိုအစဥ်အမြဲအားပေးနေကြတဲ့ ပရိသတ်ကြီးတွေအတွက် အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က အအေးဆုံးရာသီဥတုတွေကိုပိုင်ဆိုင်ထားတဲ့ နိုင်ငံအချို့အကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

မွန်ဂိုလီးယား

အာရှတိုက်ထဲမှာ ပါဝင်နေတဲ့ မွန်ဂိုးလီးယား နိုင်ငံကတော့ ပထဝီအနေအထားအ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အပြင် တောင်ကုန်းတောင်တန်းတွေလည်းပေါများတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆောင်းတွင်းကာလမှာဆိုရင် အပူချိန် အတက်အကျက အလွန်မြန်ဆန်လှပြီး တစ်ခါတစ်ရံ (-၂၀) ဒီဂရီအထိ လျင်မြန်စွာကျဆင်းတက်လို့ ဒီစာရင်းမှာ ပါဝင်လာရခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

အက်စတိုးနီးယား

ဥရောပနိုင်ငံငယ်လေးဖြစ်တဲ့ အက်စ်တိုးနီးယားနိုင်ငံဟာဆိုရင်လည်း ဆောင်းတွင်းကာလမှာ တစ်နိုင်ငံလုံးနီးပါး ပျမ်းမျှအပူချိန်က သုညဒီဂရီဖာရင်ဟိုက်အောက်မှာသာရှိတက်ပါတယ်။ ပြင်းထန်တဲ့နှင်းမုန်တိုင်းတွေ တိုက်ခတ်မှုမရှိလို့ ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ပေမယ့် အအေးဓာတ်ကတော့ အစဥ်အမြဲလွှမ်းခြုံထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

ဖင်လန်

ဥရောပမြောက်ပိုင်းက Scandinavian နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံကလည်း တစ်နှစ်ပတ်လုံးလိုလို နှင်းတွေကျဆင်းနေတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဆောင်းတွင်းကာလတွေဆိုရင် နေထွက်ချိန်က အလွန်နည်းပါးလှပြီး ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွေအတွက် အားထားနေရတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

အိုက်စလန်

နာမည်နဲ့လိုက်အောင် အေးချမ်းလှတဲ့နိုင်ငံတစ်နိုွငံဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံဟာ တစ်နှစ်ပတ်လုံးလိုလို ဆီးနှင်းမပြတ်ကျဆင်းနေတဲ့ နိုင်ငံဖြစ်ပြီး Vatnajoull Glacier Cave လို ရေခဲလှိုဏ်ဂူတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တဲ့ ဥရောပနိုင်ငံ တစ်ခုလည်းဖြစ်ပါတယ်။ အေးချမ်းလှတဲ့ဆောင်းရာသီနဲ့ အတူ Aurora အလင်းတန်းတွေ​ကို ကြည့်ရှုလို့ရတဲ့ နိုင်ငံဖြစ်တာ​ကြောင့်လည်း ထင်ရှားလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

အမေရိကန်ပြည်ထောင်စု

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထဲကတစ်နိုင်ငံဖြသ်တဲ့ အမေရိကန်ပြည်ထောင်စုကလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ နိုင်ငံရဲ့တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကတော့ သိပ်ပြီးအအေးဒဏ်မခံရပေမယ့် မြောက်ပိုင်းကဒေသတွေနဲ့ အလာစကာလို ဒေသတွေကတော့ အတော်လေးကို အအေးဓာတ်လွန်ကဲလှတဲ့နေရာတွေဖြစ်ပါတယ်။ အမေရိကန် မြောက်ပိုင်းမှာရှိတဲ့ဒေသတွေဟာ တစ်ခါတစ်ရံ မြို့တွင်းလမ်းတွေကို သွားလာလို့မရလောက်အောင်ကို ဆီးနှင်းတွေကျဆင်းတက်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ကနေဒါ

အမေရိကန်ပြည်ထောင်စုနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေသလို နယ်မြေဧရိယာလည်း အတော်လေးကို ကျယ်ဝန်းလှတဲ့ မြောက်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စိမ်းလန်းတဲ့ရေမြေတောတောင်တွေကို ပိုင်ဆိုင်ထားတဲ့ ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်က သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်လူသိများပေမယ့် တစ်ခါတစ်ရံ အပူချိန်က (-၄၀) ဒီဂရီဖာရင်ဟိုက်အောက်ကျဆင်းတဲ့ အထိ အအေးဓာတ်ပြင်းထန်လှတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

ဂရင်းလန်း

အာတိတ်နဲ့ မြောက်အတ္တလန္တိတ် သမုဒ္ဒရာအကြားမှာတည်ရှိတဲ့ ဂရင်းလန်းဒေသကတော့ နာမည်နဲ့မလိုက်အောင် ဆိုးရွားလှတဲ့ ဆန့်ကျင်ဘက်ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ပထဝီအနေအထားအရ မြောက်အမေရိကတိုက်မှာပါဝင်တယ်လို့ ဆိုနိုင်ပေမယ့် ဥရောပတိုက်က ဒိန်းမတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဆောင်းရာသီမှာဆို နေရောင်ကို တစ်နေ့ (၃) နာရီလောက်သာမြင်တွေ့ရတဲ့အထိ အေးလွန်းတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ကာဇက်စတန်

ယခင်ဆိုဗီယက်ပြည်ထောင်စုကနေခွဲထွက်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာဇက်စတန် နိုင်ငံကလည်း ပထဝီအနေအထားအရ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အပြင် ပင်လဟ်ရေမျက်နှာပြင်အထက် မြင့်မားလှတဲ့ တောင်တန်းဒေသဖြစ်လို့ အပူချိန်အတက်အကျ ပြင်းထန်လွန်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သဘာဝကပေးတဲ့ အနေအထားအပေါ်အကောင်းဆုံးအကျိုးရှိအောင် အသုံးချနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရေခဲပန်းပုပွဲတော် ရေခဲပြင်စကိတ် စတဲ့အပန်းဖြေစရာ နည်းလမ်းတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်ငံဖြစ်ပါတယ်။ ကာဇက်စတန်နိုင်ငံရဲ့ ပျမ်းမျှအပူချိန်ကတောလ အမြဲတစေလိုလို သုညဒီဂရီအောက်မှာရှိပါတယ်။ shwekhitonlinetv.com

ရုရှား

ကမ္ဘာပေါ်ကနယ်မြေဧရိယာအကြီးမားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံကတော့ ဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ရုရှားနိုင်ငံထက် အအေးဓာတ်ပိုလွန်ကဲတဲ့ အန္တာတိတ် ဒေသတွေရှိပေမယ့် ဒီစာရင်းမှာတော့ နိုင်ငံအဖြစ်သတ်မှတ်ထားတဲ့ နေရာဒေသတွေကိုသာ ဖော်ပြထားတာဖြစ်လို့ အအေးဆုံးနိုင်ငံအဖြစ်လည်း သတ်မှတ်ရခြင်းဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး အဆမတန်အေးခဲတဲ့ ဆိုက်ဘေးရီးယားလိုဒေသမျိုးတွေကြောင့် ကမ္ဘာ့သမိုင်းကစစ်ဘုရင်တွေဖြစ်တဲ့ နပိုလီယံ၊ ဟစ်တလာတို့တောင် အရှုံးပေးလက်မြောက်ခဲ့ရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကိုဖတ်ရှုပြီးအားလုံးကျေနပ်နှစ်သိမ့်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်အားပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply