ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံရဲ့ ထူးထူးခြားခြား အချက်များ

အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ဖင်လန်နိုင်ငံစာ ဘာ့ကြောင့် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်နေရလဲဆိုတဲ့ အချက်တွေကို‌ ပြောသွားမှာပဲ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံသားတွေသာမက လာရောက်လည်ပတ်တဲ့ နိုင်ငံခြား ဧည့်သည်တွေကိုပါ ပျော်ရွှင်သွားအောင် လုပ်နိုင်တဲ့ အချက်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com

၁။ ဖင်လန်နိုင်ငံကို ရေကန်ပေါင်း ထောင် ကျော်ရှိတဲ့ နိုင်ငံလို့လည်း ခေါ်ကြပါတယ်။ ဒါပေမယ့် ဖင်လန်နိုင်ငံမှာ ရှိတဲ့ ရေကန်ပေါင်းဟာ ( ၁၈၇, ၈၈၈ ကန် ) တောင် ရှိပါတယ်တဲ့…နောက်ပြီး ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဒီရေကန်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ကျော်လောက်ကတည်းက ဖြစ်တည်လာတာလို့လည်း သိရပါတယ်။ ထူးဆန်းတာကတော့ ဖင်လန်နိုင်ငံမှာရှိတဲ့ ရေကန်တိုင်းလိုလိုဟာ အမှိုက်တစ်စမှမရှိပဲ ကြည်လင်နေတာလည်း ဖြစ်ပါတယ်… shwekhitonlinetv.com

၂။ ပီဇာလို့ပြောလိုက်ာတာနဲ့ အီတလီနိုင်ငံက စပြီး ဖန်တီးထားတဲ့ ရိုးရာ အစားအစာဆိုတာကို သိကြမှာပါ ။ အီတလီနိုင်ငံမှာ ထုတ်လုပ်တဲ့ ပီဇာ မုန့်တွေဟာ အရသာလည်း ရှိသလို အနံ့လည်း မွှေးလွန်းလှပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်က ကျင်းပခဲ့တဲ့ ပီဇာ ပြိုင်ပွဲတစ်ခုမှာတော့ ဖင်လန်နိုင်ငံက သူတို့ရိုးရာအတိုင်း ဖန်တီးထားတဲ့ ပီဇာမုန့်ဟာ နိုင်ငံ အားလုံးကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံး ပီဇာအဖြစ် သတ်မှတ်ခံထားရပါတယ်။ shwekhitonlinetv.com

၃။ နောက်ထပ်အချက်ကတော့ တစ်ခြားဘယ်နိုင်ငံမှာမှ မတွေ့ရနိုင်တဲ့ ဖင်လန်နိုင်ငံရဲ့ ထူးထူးဆန်းဆန်း အားကစားနည်းတွေပါပဲ ။ ဖင်လန်နိုင်ငံမှာ ကျင်းပတဲ့ အားကစားပုံစံတွေဟာ အထူးအဆန်းတွေချည်းပါပဲ ။ ဘယ်လို ကစားနည်းတွေလဲဆိုတော့ ကိုယ့်ရဲ့ မိန်းမဖြစ်သူကို ထမ်းပြီး ပြေးရတဲ့ ပြိုင်ပွဲတို့ ၊ မိုဘိုင်းဖုန်းကို အဝေးဆုံးရောက်အောင် ပစ်တဲ့ ပြိုင်ပွဲတွေအပြင် လေထဲမှာ ဂစ်တာ အတီးပြိုင်ပွဲတို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သူတို့နိုင်ငံက အားကစားနည်းတွေ ဘယ်လောက်တောင် ထူးဆန်းလဲဆိုတာ လက်ခံကြလောက်မယ် ထင်ပါတယ် ။ shwekhitonlinetv.com

၄။ ဖင်လန်နိုင်ငံက နိုင်ငံသားအတော်များများဟာ ကော်ဖီချစ်သူတွေ ဖြစ်ပါတယ် ။ လေ့လာတွေ့ရှိချက်တွေအရ ဖင်လန်နိုင်ငံက နိုင်ငံသားတိုင်းဟာ တစ်နေ့ကို ကော်ဖီ ၂၆.၅ ပေါင် နှုန်း သောက်ကြပါတယ်တဲ့…. shwekhitonlinetv.com

၅။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ဖင်လန်နိုင်ငံမှာ Supershe ဆိုတဲ့ ကျွန်းတစ်ကျွန်းရှိပါတယ်။ ဒီကျွန်းမှာတော့ အမျိုးသားများ လာရောက်ခွင့်မရှိတဲ့ ပေါ်လစီရှိတာကြောင့် အမျိုးသမီးတွေသာ လည်ပတ်ကြတဲ့ နေရာတစ်နေရာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ လေးစားစရာကောင်းတာကတော့ ဖင်လန်နိုင်ငံရဲ့ အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာဆိုရင် ဥရောပတိုက်မှာနေထိုင်တဲ့ သူတွေ အားလုံး အတွက် အခမဲ့ ပညာရေးစနစ်နဲ့ သင်ကြားပေးတာပဲ ဖြစ်ပါတယ် ။ နောက်ပြီး သင်ကြားမှုပိုင်းမှာလည်း စည်းစနစ်ကျတဲ့ သင်ကြားပေးမှုပုံစံတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ပညာရေး သင်ကြားပေးတဲ့ နိုင်ငံထဲမှာလည်း ပါဝင်ပါတယ် ။ shwekhitonlinetv.com

၇။ ဖင်လန်နိုင်ငံသားတော်တော်များများဟာ သူတို့ရဲ့ အားလပ်ချိန် အများစုကိ‌ု အပြင်ထွက်လေ့လာရေး ခရီး သွားတာနဲ့တင် အချိန်ကုန်လေ့ရှိပါတယ်တဲ့….သေချာပြောပြရမယ်ဆိုရင်တော့ နိုင်ငံသား ၇၀ ရာခိုင်နှုန်းလောက်ဟာ အားလပ်ရက်ရောက်တိုင်း သစ်တောတွေထဲကို အပန်းဖြေလေ့လာရေး ခရီး ထွက်လေ့ရှိကြပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဖင်လန်နိုင်ငံ ဘာကြောင့် ကမ္ဘာ့ပျော်စရာ အကောင်းဆုံး နိုင်ငံဖြစ်နေရလဲဆိုတဲ့ အချက်လေးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်. နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။