အိမ်ထဲကနေ ခြေတစ်လှမ်းမျှ မခွာဘဲ ကံကောင်းစွာနဲ့ သူဌေးဖြစ်သွားကြသူများ

လောကမှာကံကောင်းတဲ့တစ်ချို့လူတွေဟာ ချမ်းသာကြွယ်ဝဖို့အတွက်ငွေကြေးဥစ္စာတွေကို တကူးတကလိုက်လံရှာဖွေစရာမလိုဘဲ သူတို့ထံကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတာတဲ့ အဖြစ်အပျက်တွေရှိပါတယ်။ ဒီလိုအဖြစ်အပျက်လေးတွေထဲက တစ်ချို့ကိုတော့ရွှေခေတ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ ဒေါ်လာ (၃,၈၀၀,၀၀၀) တန် ရှေးဟောင်းကားတစ်စီး

ဒေါက်တာဟာရိုးကားလ် ဆိုတဲ့သူတစ်ဦးဟာ ၂၀၀၉ ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ခဲ့တဲ့အချိန်မှာသူ့ရဲ့ဆွေမျိုးတွေအတွက် သူ့ရဲ့အိမ်ကိုချန်ထားခဲ့ပါတယ်။ သူ့ရဲ့ဆွေမျိုးတွေလည်း သူမရှိတော့တဲ့အချိန် သူ့ရဲ့အိမ်ကိုရှာဖွေကြည့်ရာမှာတော့ ရှေးဟောင်းပစ္စည်းအများအပြားကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီရှေးဟောင်းပစ္စည်းတွေထဲမှာ အထင်ရှားဆုံးဖြစ်ခဲ့တာကတော့ နှစ် (၅၀) လောက်ကားဂိုဒေါင်ထဲမှာ စွန့်ပစ်ထားတဲ့ ၁၉၃၇ ခုနှစ်ထုတ် Bugatti Type 57S ကားပဲဖြစ်ပါတယ်။ ဒေါက်တာဟာ အဆိုပါကားကို ၁၉၅၅ ခုနှစ်မှာ ဒေါ်လာထောင်ပေါင်းများစွာပေးဝယ်ခဲ့ပြီးတော့ နှစ်အနည်းငယ်မောင်းနှင်ပြီး ကားဂိုထောင်ထဲမှာမေ့လျော့ကာ သိမ်းဆည်းထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သူ့ရဲ့ဆွေမျိုးတွေအတွက် ဒီကားကိုလေလံတင်ရောင်းချခဲ့ရာမှာတော့ အမေရိကန်ဒေါ်လာ (၃.၈) သန်းအထိရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ခြံထဲမှာလမ်းလျှောက်ရင်း ဒေါ်လာ (၁၀) သန်းကျော်ပိုင်ဆိုင်သွားတဲ့စုံတွဲ

၂၀၁၄ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်က စုံတွဲတစ်တွဲဟာသူတို့ရဲ့ခွေးနဲ့အတူ ခြံဝန်းထဲမှာလမ်းလျှောက်နေရင်း မမျှော်လင့်ဘဲမြုပ်နှံထားတဲ့ရတနာတွေကိုတွေ့ရှိခဲ့ပါတယ်။ သူတို့ရှာဖွေတွေ့ရှိခဲ့တာကတော့ ရှည်မျောမျောဘူး (၈) ဘူးနဲ့အပြည့်ထည့်ထားတဲ့ရွှေဒင်္ဂါးပြားပေါင်း (၁၄၀၀) ပဲဖြစ်ပါတယ်။ ဒီအထဲကတစ်ခုကို ကျွမ်းကျင်သူတွေကိုပြသကြည့်ခဲ့ရာမှာတော့ ဒီရွှေဒင်္ဂါးတွေဟာ (၁၉) ရာစုနှစ်အစောပိုင်းကအသုံးပြုခဲ့တဲ့ရွှေဒင်္ဂါးတွေဖြစ်ကြောင်းသိရှိခဲ့ရပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၀) သန်းကျော်တန်ကြောင်းသိရှိရပါတယ်။ သူတို့စုံတွဲဟာ ရွှေဒင်္ဂါးပြားတွေအကုန်လုံးကို မရောင်းချရသေးခင်မှာ ဒီကိစ္စကိုလျှို့ဝှက်ထားကြပြီး အကုန်ရောင်းချပြီးမှသာ ဒီအကြောင်းကိုအခြားသူများတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ နံရံအတုထဲမှ ဒေါ်လာ (၁၅) သန်းတန် ပန်းချီကားတစ်ချပ်

ဒီဇာတ်လမ်းကလေးကတော့ ရုပ်ရှင်ကားတစ်ကားကြည့်နေရသလိုဖြစ်နေပါလိမ့်မယ်။ ကာတွန်းဆရာရဲ့သားတစ်ဦးဖြစ်တဲ့ Don Jr ဟာသူ့တို့ရဲ့အိမ်မှာ ပန်းချီပြခန်းတစ်ခုလုပ်ဖို့အတွက်စိတ်ကူးရရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဖေမကွယ်လွန်မီအချိန်က အိမ်နီးနားချင်းပန်းချီဆရာတစ်ယောက်ဆီကနေ ဒေါ်လာ (၉၀၀) ပေးပြီးဝယ်ယူထားတဲ့ ပန်းချီကားတွေအများအပြားရှိနေလို့ဖြစ်ပါတယ်။ ဒီလိုနဲ့ Don Jr ဟာပန်းချီကား တွေကိုနေရာတကျထားပြီး သူ့ရဲ့နေအိမ်ကိုပန်းချီပြခန်းအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ ဒီပန်းချီပြခန်းကို ပြတိုက်တစ်ခုကကျွမ်းကျင်သူတွေကလာရောက်လေ့လာခဲ့တဲ့အချိန်မှာတော့ ပန်းချီကားတစ်ခုဟာအတုဖြစ်ကြောင်း အဲ့ပန်းချီကားအစစ်ဟာများစွာတန်ဖိုးရှိကြောင်း Don Jr ကိုပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် Don Jr နဲ့ သူ့ရဲ့အစ်ကိုဖြစ်သူတို့ဟာ သူတို့အိမ်ကိုရှာဖွေစူးစမ်းမှုတွေပြုလုပ်ခဲ့ပြီး သူ့အဖေရဲ့ရုံးခန်းအတွင်းမှာ မသင်္ကာစရာကောင်းတဲ့ နံရံတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ ဒီနံရံကိုဖြိုချခဲ့တဲ့အခါမှာတော့ သူ့နောက်မှာမူရင်းပန်းချီကားအစစ်ကို ဖွက်ထားတာတွေ့ရှိလိုက်ရပါတယ်။ ဒီပန်းချီကားအစစ်ကိုလေလံတင်ရောင်းချရာမှာတော့ အမေရိကန်ဒေါ်လာ (၁၅) သန်းရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ဖွက်ထားတဲ့ ဒေါ်လာ (၃,၇၀၀,၀၀၀) တန်ဖိုးရှိ ရွှေဒင်္ဂါးများ

၂၀၁၆ မှာတော့ ပြင်သစ်အမျိုးသားတစ်ဦးဟာ ပြင်သစ်နိုင်ငံ Evreux မှာ အိမ်တစ်အိမ်ကိုအမွေရရှိခဲ့ပါတယ်။ ဒီအိမ်ကိုလှည့်လည်ကြည့်ရှုခဲ့ရာမှာတော့ အိမ်ရဲ့ပရိဘောဂပစ္စည်းတွေအောက်မှာ ရွှေဒင်္ဂါးပြားတစ်ချို့ကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်သူလည်း ရေချိုးခန်းတွေ မီးဖိုချောင်တွေ သေတ္တာအဟောင်းတွေထဲကိုထပ်မံလိုက်လံရှာဖွေကြည့်ရမှာတော့ နောက်ထပ်ရွှေဒင်္ဂါးပေါင်းများစွာကို တွေ့ရှိခဲ့ရပါတယ်။ ဒီရွှေဒင်္ဂါးတွေရဲ့ စုစုပေါင်းတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၃.၇) သန်းလောက်ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၅။ နံရံထဲမှ မီးခံသေတ္တာ

အမေရိကန်နိုင်ငံ ဖီးနစ်မြို့မှာနေထိုင်တဲ့ စုံတွဲတစ်တွဲဟာတစ်နေ့မှာတော့ သူ့တို့ရဲ့နေအိမ်ကိုပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့မီးဖိုချောင်ကိုအရင်ဆုံးပြင်ဆင်ခဲ့ပြီး ပထမဆုံးနံရံကိုဖြိုဖျက်လိုက်ရာမှာတော့ နံရံထဲမှာမီးခံသေတ္တာတစ်လုံးရှိနေတာကိုအံ့အားသင့်စရာတွေ့မြင်ခဲ့ကြရပါတယ်။ ဒီမီခံသေတ္တာရဲ့ Password ကိုဖွင့်ဖို့အတွက်သူတို့ဟာကြိုးစားခဲ့ကြပြီး ဂဏန်းနံပါတ်တွေကိုရေးမှတ်ကာစမ်းသပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မှန်ကန်တဲ့ Password ကိုနှိပ်မိခဲ့ပြီးမီးခံသေတ္တာဟာ Locked ပွင့်သွားခဲ့ပါတယ်။ အထဲမှာတော့ အမေရိကန်ဒေါ်လာ (၅၁,၀၈၀) နဲ့ နှစ်ပေါင်း (၇၀) နီးပါးသက်တမ်းရှိတဲ့ Bourbon Whiskey တစ်ပုလင်းကိုတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။