ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ကမ္ဘာ့ဘောလုံး Icon တစ်ဦးဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှုး စီရော်နယ်ဒိုဟာ ရှားရှားပါးပါး Super Car တစ်စီးဖြစ်တဲ့ Bugatti Centodieci မောင်းနှင်ပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့က စားသောက်ဆိုင်တစ်ခုမှာ ညစာလာရောက်စားခဲ့ပါတယ်။ shwekhitonlinetv.com

စီရော်နယ်လ်ဒိုအနေနဲ့သူ့ရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွတ်စ်နဲ့အတူ ဒီစားသောက်ဆိုင်ကိုလာခဲ့တာဖြစ်ပါတယ်။ အးမက်ဒရစ်မြို့ဟာ သူ့ရဲ့ကစားသမားဘဝ (၉) နှစ်တာကာလလောက်ကို နေထိုင်ဖြတ်သန်းခဲ့တဲ့မြို့ဖြစ်တာကြောင့်သူရောက်နေတဲ့သတင်းဟာ သူ့ပရိသတ်တွေဆီ တမဟုတ်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ shwekhitonlinetv.com
ဒါကြောင့် စားသောက်ဆိုင်က ပြန်အထွက်မှာ များပြားလှတဲ့ ပရိသတ်တွေရဲ့ဝိုင်းအုံခြင်းခံခဲ့ရပေမယ့် အော်တိုလက်မှတ်တွေတော့ စီရော်နယ်လ်ဒိုက ရေးထိုးပေးသွားခဲ့တာပါ။ shwekhitonlinetv.com

သူမောင်းလာတဲ့ sport type အမျိုးအစား Bugatti Centodieci ဟာ Limited Edition ဖြစ်ပြီးကမ္ဘာပေါ်မှာ (၁၀) စီးပဲ ထုတ်လုပ်ထားတဲ့ ကားအမျိုးအစားလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီကားဟာ ဇိမ်ံကားဖြစ်လို့ လူနှစ်ယောက်သာ စီးလို့ရပြီး မြင်းကောင်ရေအား (၁၆၀၀) အထိတောင်ရှိပါတယ်။ ဒီကားတစ်စီးရဲ့တန်ကြေးကတော့ စတာလင်ပေါင် (၈.၈) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.