မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြံစည်ခဲ့ဖူးတဲ့ ဝီလ်စမစ်သ်

ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဝီလ်စမစ်သ် (Will Smith) ကတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်မယ်လို့ထင်ပါတယ်။ နာမည်ကျော်ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ခဲ့တဲ့ ဝီလ်စမစ်သ်ဟာ လက်ရှိအချိန်မှာတော့ အသက် (၅၃) နှစ်အရွယ်ရှိပြဖြစ်ပြီး သူ့ရဲ့အနုပညာအမွေကို သားသမီးတွေဆီလက်ဆင့်ကမ်းပြီး ငြိမ်းချမ်းတဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုဆီ လျှောက်လှမ်းဖို့ရည်ရွယ်ထားသူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အက်ရှင်မင်းသားတစ်ဦးဖြစ်ပြီး ကျန်းမာသန်စွမ်းပုံရတဲ့ ဝီလ်စမစ်သ်ဟာ သူ့ကိုယ်သူအဆုံးစီရင်ဖို့ကြံစည်ခဲ့ဖူးတယ်လို့ဆိုရင် ပရိသတ်တွေအနေနဲ့ ယုံရခက်မှာ ကျိန်းသေပါတယ်။ ဒါပေမယ့် ဝီလ်စမစ်သ်ဟာ အမှန်တစ်ကယ်ပဲ သူ့ကိုယ်သူအဆုံးစီရင်ဖို့ ကြံစည်ခဲ့ဖူး​ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဝန်ခံပြောကြားခဲ့တာကလည်း တစ်ခြားသူမဟုတ်ဘဲ ဝီလ်စမစ်သ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဝီလ်စမစ်သ်ဟာ အနေနဲ့ လတ်တလောကာလမှာကိုယ်ကာယကြံ့ခိုင်မှုနှင့် ကိုယ်အလေးချိန်ကျခြင်းအကြောင်းကို YouTube မှာ စီးရီးတစ်ခုအဖြစ် ရိုက်ကူးနေပါတယ်။ ဒီဇာတ်လမ်းတွဲတွေရိုက်ကူးနေစဉ်မှာ ဝီလ်စမသ်က မိမိကိုယ်ကိုအဆုံးစီရင်ဖို့ စိတ်ကူးမိခဲ့ကြောင်းကို ရိုက်ကွင်းအင်တာဗျူးတစ်ခုမှာ ဝန်ခံပြောကြားသွားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဝီလ်စမစ်သ် က ဒီရှိုးကိုရိုက်ကူးခြင်းဟာ သူ့အတွက် “ကိုယ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ထားတဲ့အရာတွေ အများကြီး” ကို ရှာဖွေတွေ့ရှိစေတယ်လို့ ဆိုပါတယ်။ “ဒီရှိုးကို စပြီးရိုက်ကူးတုန်းကတော့ ရုပ်ပိုင်းဆိုင်ရာအရ ဘဝရဲ့ အကောင်းဆုံးပုံသဏ္ဍာန်ကို ရောက်နေပြီလို့ ထင်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တခြားနေရာမှာ ရှိနေခဲ့တာပါ” လို့ နိုဝင်ဘာ (၈) ရက်မှာရုံတင်မယ့် ဒီဇာတ်ကားရဲ့ အကြိုပြသပွဲတစ်ခုပြောကြားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုကြံစည်စိတ်ကူးမိတာဟာ သူ့ဘဝမှာရှိတဲ့ များပြားတဲ့ လျှို့ဝှက်ချက်တွေတည်းက တစ်ခုဖြစ်ကြောင်းလည်း ဝီလ်စမစ်သ်က​ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကိုဖတ်ပြီး လောကမှာ ငွေကြေး၊ အောင်မြင်မှုတွေဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြီးပြည့်စုံတဲ့ စိတ်ချမ်းသာမှုမျိုး မပေးစွမ်းနိုင်ဘူးဆိုတာကို အထင်းသားတွေ့မြင်နေရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။