နျူကလီးယားထက်ပိုကြောက်ဖို့ကောင်းပြီး လူသားမျိုးနွယ်ကို ခြိမ်းခြောက်လာတဲ့အင်းဆက်အရွယ် လက်နက်ဆန်းများ

ယနေ့အချိန်မှာတော့ ကမ္ဘာပေါ်က အင်အားကြီးမားတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံအချို့ဟာ လူမှုရေး၊ စီးပွားရေး စတဲ့နယ်ပယ်အသီးသီးမှာ သူ့ထက်ငါအသာရရှိရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြပါတယ်။ နောက်ပြီး ရည်ရွယ်ချက်မျိုးစုံနဲ့ စစ်အင်အားတွေကိုလည်း ခိုင်မာတောင့်တင်းအောင်တိုးချဲ့နေကြပြီး နောက်ကွယ်မှာ တိတ်တဆိတ် လက်နက်ပြိုင်ဆိုင်မှုတွေ ပြုလုပ်နေတာလည်း လွန်ခဲ့တဲ့ နှစ်အတော်များများကတည်းကဖြစ်ပါတယ်။ shwekhitonlinetv.com

နာမည်ကျော် ရူပဗေဒပညာရှင် Louis del Monte ရဲ့ထုတ်ဖော်ပြောကြားချက်အရဆိုရင် စစ်အင်အားကြီးနိုင်ငံအချို့မှာ နျူကလီးယားလက်နက် (Nukes Weapons) တွေထက် ဖျက်အားပြင်းပြီး ပိုမိုအန္တရာယ်များတဲ့ အင်းဆက်အရွယ် Nano Weapons တွေကိုတောင် ဖန်တီးထုတ်လုပ် ပိုင်ဆိုင်ထားကြပြီလို့ သိရပါတယ်။ shwekhitonlinetv.com

ရူပဗေဒပညာရှင် Louis del Monte က “စူပါပါဝါနိုင်ငံတွေဟာ Nanoweapons တွေကို လျှို့ဝှက်ဖန်တီးနေကြပါတယ်။ ဒါဟာ နျူကလီးယားစစ်ပွဲတွေထက် ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေဆီကို ဉီးတည်နေပြီး တစ်ကယ်လို့များ ဒီလက်နက်တွေကို အသုံးချခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ လူသားမျိုးနွယ်ဟာလည်း (၂၁၀၀) ပြည့်နှစ်မတိုင်ခင်မှာ မျိုးသုဉ်းသွားနိုင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့များ ဒီလို အင်းဆက်အရွယ်အစားသာသာ ဖျက်အားပြင်းလက်နက်တွေဟာ အကြမ်းဖက်သမားတွေဆီကို ရောက်ရှိသွားရင်တော့ ဒီရာစုနှစ်မတိုင်ခင် လူသားမျိုးနွယ်ဟာ စောစောစီးစီး မျိုးသုဉ်းသွားနိုင်ချေရှိပါတယ်။ shwekhitonlinetv.com

ဘာကြောင့်လည်းဆိုတော့ အကြမ်းဖက်သမားတွေဟာ အစားအစာနဲ့ ရေတွေကို အဆိပ်သင့်စေဖို့အတွက် ဒီစက်ရုပ်အင်းဆက်တွေကို အသုံးပြုချလိမ့်မယ်လို့ Del Monte က သုံးသပ်ပြောကြားထားပါတယ်။ shwekhitonlinetv.com

Del Monte ကသူ့ရဲ့ ‘Nanoweapons: A Growing Threat To Humanity’ စာအုပ်မှာလည်းနိုင်ငံကြီးတွေရဲ့ အစိုးရတွေဟာ လက်နက်ပြိုင်ဆိုင်မှုမှာ ပေါ်ပေါ်ထင်ထင် ပါဝင်နေပြီဖြစ်ပြီး အသေအပျောက်အများဆုံး ဖြစ်မယ့်စစ်ပွဲတွေအတွက်တစ်ချိန်ချိန်မှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ဆိုထားပါတယ်။ shwekhitonlinetv.com

သူ့ရဲ့စာအုပ်မှာတော့ အင်းဆက်အရွယ်သာရှိပေမယ့် အဆောက်အဦးတွေကိုဖျက်ဆီးနိုင်တဲ့ အသေခံဗုံးခွဲအင်းဆက်များ၊ အင်းဆက်အရွယ်မောင်းသူမဲ့ ဒရုန်းများ စတဲ့ Nanoweapons ပုံစံတွေကို ဖော်ပြထားပါတယ်။ shwekhitonlinetv.com

တစ်ကယ့်လက်တွေ့မှာ Del Monte ​သုံးသပ်ပြောဆိုထားသလိုဖြစ်လာခဲ့ရင်တော့ လူးမျိုးနွယ်စုအတွက် တစ်ကယ့်ကိုမတွေးဝံ့စရာပါပဲ။ ဒီလိုလက်နက်တွေကို စုံစမ်းစစ်ဆေးပြီး တားဆီးပိတ်ပင်မှုတွေ ပြုလုပ်နိုင်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူသားမျိုးနွယ်တွေအတွက် သက်သာရာရမှာတော့ အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ရွှေခေတ်ပရိသတ်ကြီးတွေအနေနဲ့ရော ဒီလိုလက်နက်ဆန်းတွေနဲ့ပတ်သတ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး ဘယ်အရာပိုများစေနိုင်မလဲဆိုတာ မိမိတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကို ပြောပြပေးသွားကြပါဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။