ထူးခြားတဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်ကြောင့် နာမည်ကြီးနေတဲ့ အင်ဂျင်နီယာတစ်ဦး

သူ့ရဲ့နာမည်က မာ့ခ်ဘရိုင်ယန် လို့ခေါ်ပါတယ်။ သူက အသက် စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်ပြီးတော့ဂျာမနီနိုင်ငံက စက်ရုပ်တွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး ဇနီး၊ သမီးဖြစ်သူတို့နဲ့အတူ ဂျာမနီနိုင်ငံမှာနေထိုင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စပြီးသူဟာ ဆိုရှယ်မီဒီယာတွေမှာ နာမည်ကျော်ကြားလာပြီး လူအများရဲ့ အာရုံစိုက်ခြင်းကိုခံရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်လာရတဲ့အကြောင်းအရင်းကတော့ သူ့ရဲ့ထူးခြားတဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်ကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဘရိုင်ယန်ဟာ နေ့စဥ်လူနေမှုဘဝမှာရောလုပ်ငန်းခွင်ထဲမှာပါ ထူးခြားတဲ့ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဝတ်စားဆင်ယင်မှုဖက်ရှင်ကိုတော့ ဘရိုင်ယန်က ‘Hybrid’ လို့နာမည်ပေးထားပြီး အပေါ်ပိုင်းက ပုံမှန်အမျိုးသားတွေ ဝတ်ဆင်တဲ့ အတိုင်းဖြစ်ပြီး အောက်ပိုင်းကတော့ အမျိုးသမီးအများစုဝတ်ဆင်လေ့ရှိတဲ့ ‘Pencil Skirt’ လို့ခေါ်တဲ့ စကတ်အတိုနဲ့ ‘High Heel’ လို့ခေါ်တဲ့ ဒေါက်အမြင့်ကို တွဲဖက်ဝတ်ဆင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုဖက်ရှင်မျိုးဝတ်စားဆင်ယင်ခဲ့တာက အခုမှမဟုတ်ဘဲ သူတက္ကသိုလ်တက်တုန်းက နဲ့ အမေရိကန်နိုင်ငံမှာနေစဥ်ကတည်းက ဒီလိုဖက်ရှင်မျိုးတစ်ခါတစ်ရံဝတ်ဆင်ခဲ့ဖူးတယ်လို့ ဘရိုင်ယန်ကဆိုပါတယ်။ အမေရိကန်နာမည်ကျော်သရုပ်ဆောင် မီဂန်မာကယ်ရဲ့ Pencil Skirt ဖက်ရှင်ကို မြင်တွေ့ပြီးနောက်မှာတော့ ဘရိုင်ယန်ဟာ နေ့စဥ်ဘဝမှာကော ရုံးတက်ရာမှာရော ဒီဖက်ရှင်ကိုသာ တစိုက်မတ်မတ် ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာသူ့အတွက်ဖက်ရှင်သက်သက်သာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိဘူးလို့ အတိအလင်း​ပြောထားပါတယ်။ shwekhitonlinetv.com

ဘရိုင်ယန်ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ ဒီလိုဖက်ရှင်နဲ့ ပုံတွေတင်ရာကနေ လူတွေစပြီးသတိထားမိလာခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နာမည်ကျော်အဝတ်အစားကုမ္ပဏီအချို့က အသက် (၆၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရိုင်ယန်ကို မော်ဒယ်အဖြစ် ကမ်းလှမ်းမှုတွေရှိနေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်တဲ့ ဘရိုင်ယန်ကို ဒီလိုဖက်ရှင်ဝတ်ဆင်တာကြောင့် သူ့ဇနီးသည်ရော သူ့သမီးကပါ ကန့်ကွက်မှု တစ်စုံတစ်ရာမရှိကြောင်းလည်းသိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။