အံ့အားသင့်ဖွယ် အဓိပ္ပါယ်တွေရှိတဲ့ အရာဝတ္ထုများ

ရွှေခေတ်ပရိသတ်တွေ အနေနဲ့ တစ်ခါတစ်လေမှာ ကိုယ်နေ့စဥ် ထိတွေ့ကိုင်တွယ် အသုံးပြုနေတဲ့ အရာဝတ္ထု ပစ္စည်းအချို့မှာ အံ့အားသင့်လောက်တဲ့ လျှို့ဝှက်အဓိပ္ပါယ်လေးတွေ ရှိနေတက်တာကို သတိထားမိကြလား မသိဘူး။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကို ဖတ်ရှုပြီး မိမိသိထားပြီးသား အရာတွေ ဟုတ်မဟုတ် ပြောပြခဲ့ကြပါဦးနော် … shwekhitonlinetv.com

၁။ သုံးရောင်ခြယ်သွားတိုက်ဆေး

ဒီနေ့စျေးကွက်ထဲမှာရောင်းချနေတဲ့သွားတိုက်ဆေး တွေကတော့ တံဆိပ်အမျိုးမျိုး အပြင်ကို အရောင်အဆင်းကလည်း အမျိုးမျိုးရှိနေပါတယ်။ အချို့သွားတိုက်ဆေးတွေက အရောင် တစ်ရောင်ထဲ သီးသန့်ထုတ်လုပ်ထားပေမယ့် အချို့သွားတိုက်ဆေးတွေကတော့ အရောင် သုံးရောင်ခြယ်ဖြစ်နေတတ်ပါတယ်။ ဒီလို သုံးရောင်ခြယ် သွားတိုက်ဆေးတွေကိုထုတ်လုပ်ထားတာက ရည်ရွယ်ချက်တော့ရှိပါတယ်။ အဖြူရောင်က သွားကို ဖြူစင်စေတယ်လို့ ရည်ရွယ်ပြီး အနီရောင်က သင် စားထားတဲ့ အချိုတွေကို သန့်ရှင်းပေးတယ်လို့ အဓိပ္ပာယ်ရပါတယ်။ အစိမ်း(အချို့ကအပြာ) ကတော့ လန်းဆန်းတက်ကြွနေအောင် ထည့်သွင်းတာလို့ ဆိုပါတယ်။ shwekhitonlinetv.com

၂။ M နှင့် W

အမျိုးသမီးတွေရဲ့နေ့စဥ်သုံးပစ္စည်းတွေဖြစ်တဲ့ အလှကုန် ပစ္စည်းတွေရဲ့ တစ်နေရာရာမှာ အရေးကြီးတဲ့ သင်္ကေတတစ်ချို့ ပါတတ်ပါတယ်။ အဲ့ဒီသင်္ကေတ ကိုတော့ အင်္ဂလိပ်ဂဏန်းအချို့ကို အက္ခရာ (M) နဲ့ ဖြစ်ဖြစ် (W) နဲ့ ဖြစ်ဖြစ် တွဲပြီးဖော်ပြထားတတ်ပါတယ်။ (W) ဆိုတာ ဒီကုန်ပစ္စည်းရဲ့ တာရှည်ခံနိုင်တဲ့ ရက်သတ္တပတ်ကို ဖော်ပြပေးထားတာဖြစ်ပြီး ဥပမာ (12 W) ဆို ရက်သတ္တပတ် (၁၂ ပတ်) ခံမယ်လို့ ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီထက် ကျော်လွန်သွားရင် မသုံးသင့်တော့ပါဘူး။ M ဆိုတာကတော့ လပိုင်းကို ပြောထားတာဖြစ်ပြီး (12 M) ဆိုရင် (၁၂ လ) အထိ ထားသိုအသုံးပြုနိုင်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ လေဘာတီရုပ်တုရဲ့ သရဖူ

အမေရိကန်နိုင်ငံ New York မြို့က နာမည်ကျော်လေဘာတီရုပ်တုကို လူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်တုမှာ သရဖူပါရှိပြီး သရဖူကအချွန်တွေက (၇) ခု ရှိတာဖြစ်ပါတယ်။အဆိုပါ အချွန် (၇) ခုဟာ ကမ္ဘာ့ တိုက်ကြီး (၇) တိုက်နဲ့ သမုဒ္ဒရာကြီး (၇) စင်းကြီးကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ (ယေဘူယျအားဖြင့်တော့ သမုဒ္ဒရာကြီး ၄ စင်းသာရှိပေမယ့်လည်း နောက်ပိုင်းမှာ အတ္တလန္တိတ် သမုဒ္ဒရာကို တောင် နှင့် မြောက် သော်လည်းကောင်း ပစိဖိတ် သမုဒ္ဒရာကိုလည်း တောင် နှင့် မြောက် ဟူလည်းကောင်းထပ်မံခွဲခြမ်းစိတ်ဖြာလိုက်သလို The Southern Ocean ခေါ် Antartic Ocean ကိုလည်းထပ်မံထွ့သွင်းရေတွက်ခြင်းကြောင့် သမုဒ္ဒရာ (၇) စင်းဟုဖော်ပြထားခြင်းဖြစ်ပါသည်။) shwekhitonlinetv.com

၄။ Zig Zag သံလမ်းများ

ဓာတ်ရထားတွေရဲ့ အဓိက သံလမ်းက အမိုးပေါ်က Zig Zag သွားနေတဲ့ ဓာတ်ကြိုးတွေဖြစ်ပါတယ်။ သူတို့ဟာ လျှပ်စစ်တိုင်တွေကို အားကိုးသွားရပြီး လျှပ်စစ်စီးဆင်းမှုနောက် လိုက်သွားရတာလည်းဖြစ်ပါတယ်။ ဒီအမိုးတွေရဲ့ စတင်တည်ထောင်သူကတော့ Max Faqs ဖြစ်ပြီး သူဟာ ရထားသံလမ်းကို ပြောင်းပြန်လှန်ခဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Heart King

ဒီဖဲချပ်ပုံစံကို လူတိုင်းသိကြမှာပါ။ ဒီဖဲချပ်ကို တော့ အရပ်ခေါ် (ကုလားဖဲချပ်) လို့ ခေါ်ပြီး သူ့ရဲ့ မူရင်းအခေါ်အရတော့ (King) လို့ ခေါ်ပါတယ်။ ဒီဘုရင်ဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဘုရင်ဖြစ်ပြီး Charles VII ဆိုတဲ့ ဘုရင်ဖြစ်ပါတယ်။သူဟာ အရမ်းကို တရားမျှတလွန်းလို့ ဖဲချပ်တွေမှာ ထည့်သွင်း ဖော်ပြခံရတာတော့ မဟုတ်ပါဘူး။ သူရှိစဉ်က ဆိုးသွမ်းလွန်းခဲ့လို့ သူ့ကို ဖဲချပ်ထဲပြသထားတာဖြစ်ပြီး Heart King မှာ သူ့ခေါင်းကို သူ ဓားနဲ့ ထိုးလိုက်တဲ့ ပုံဖြစ်ပြီး အချစ်ကြောင့် သေကြောင်းကြံခဲ့ပုံကို ပုံဖော်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ စာမပါဘဲ ဗလာစာရွက်တွေနဲ့စာအုပ်

တစ်ခါတုန်းက နာမည်ကြီး စာအုပ်တစ်အုပ်ထုတ်ဖူးပါတယ်။ ဒီစာအုပ်ရဲ့ စာမျက်နှာ (၄) ကနေ (၆၄) အထိက စာရွက်ဗြောင်တွေသာ ဖြစ်ပါတယ်။ စာမျက်နှာ (၆၄) ကနေ နောက်ပိုင်းမှသာ စာတွေ ပြန်ပါတာဖြစ်ပါတယ်။ ဒါဟာ ပုံနှိပ်ဖို့ မေ့ခဲ့တာမဟုတ်ဘဲ ဒီစာအုပ်ဖတ်ရင်း ရလာတဲ့ ခံစားမှုကို ရေးသားနိုင်အောင် ရှေ့စာမျက်နှာတွေကို အလွတ်ထားပေးထားတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ အကြွေစေ့တွေရဲ့လျှို့ဝှက်ချက်

ဗြိတိသျှတွေရဲ့ အကြွေစေ့တွေဟာ ပုံစံအမျိုးမျိုးနဲ့ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ 1 ပဲနိ၊ 2 ပဲနိ စတာတွေဟာ ပုံစံမတူသလို ပုံတွေလည်း မတူပါဘူး။ ဒါပေမယ်ဘ သူတို့အားလုံးကို ဆက်စပ်ကြည့်မယ်ဆိုရင် ဒိုင်းပုံ တစ်ခုရမှာဖြစ်ပြီး ဒါကဗြိတိသျှ စစ်တပ်ကို ကိုယ်စားပြုထားခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုဖော်ပြပေးသွားတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရှုပြီးအားလုံးကျေနပ်ကြမယ်လို့ ထင်ပါတယ်။ နောက်ထပ်လည်း ဒီလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေ ရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက် စောင့်စား အားပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။