သမုဒ္ဒရာဝမ်းတစ်ထွာ ဆိုတဲ့ စကားအတိုင်း လူရယ်လို့ဖြစ်လာရင်တော့ စားဝတ်နေရေးအတွက် လူတိုင်းလိုလို အလုပ်အကိုင် လုပ်ကြရပါတယ်။ ဒီလိုအလုပ်တွေထဲမှာမှ တစ်ချို့အလုပ်တွေက သက်တောင့်သက်သာနဲ့ လုပ်ကိုင်ရတဲ့အလုပ်တွေရှိသလို တစ်ချို့အလုပ်တွေကတော့ အသက်အန္တရာယ်ရှိတဲ့ အထိ ခက်ခဲပင်ပန်းစွာလုပ်ကိုင်ရတဲ့အလုပ်တွေလည်းရှိနေပြန်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က အသက်အန္တရာယ်အများဆုံး လုပ်ငန်းခွင်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းကိုတော့ သက်ဆိုင်ရာလုပ်ငန်းခွင်တွေက အချိန်ပြည့် လုပ်သားဦးရေ (၁၀၀,၀၀၀) စီကို အခြေခံပြီးစစ်တမ်းကောက်ယူ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Supervisor of Construction Worker

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဆိုတာ အမှန်တကယ်အန္တရာယ်များတဲ့ အလုပ်တွေဖြစ်တယ်ဆိုတာ အားလုံးလဲသိပြီးဖြစ်မှာပါ။ ဒါပေမယ့် ထူဆန်းတာက ဒီစာရင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အခြေခံလုပ်သားတွေဟာ ပါဝင်လာခြင်းမရှိဘဲ လုပ်ငန်းခွင်ကြီးကြပ်သူတွေသာပါဝင်လာတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကြပ်သူ ဦးရေ (၁၀၀,၀၀၀) မှာ (၁၃၄) ဦးဟာ မတော်တဆထိခိုက်ဒဏ်ရာရခဲ့ပြီးတော့ (၁၈) ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၆။ Truck Driver and Other Driver

ဒီစာရင်းမှာပါဝင်တဲ့ အလုပ်တွေထဲမှာတော့ နှစ်စဥ်သေဆုံးသူဦးရေ အများဆုံးအလုပ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကုန်တင်ကားတွေ၊ အဝေးပြေးကားတွေနဲ့ အခြားယာဥ်ကြီးယာဥ်ငယ်မောင်းနှင်တဲ့ သူတွေဟာ နှစ်စဥ်ပျမ်းမျှ အယောက် (၁၀၀,၀၀၀) မှာ (၂၄.၇) ဦး နှုန်းလောက်သေဆုံးမှုတွေရှိနေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ (၉၁၈) ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၅။ Structural Iron and Steel Worker

သံနဲ့ သံမဏိသံဘောင်တန်းတွေကို ကရိန်းတွေနဲ့အမြဲတမ်း အသယ်အယူ အတင်အချလုပ်နေရတဲ့ လုပ်သားတွေအဖို့လည်း လုပ်ငန်းခွင်ထဲမှာ မတော်တဆ ထိခိုက်မှုတွေဖြစ်ပွားဖို့ရာ အတော်လေးကို နီးစပ်လှပါတယ်။ ဒီလုပ်ငန်းခွင်အတွင်းမှာတော့ အယောက် (၁၀၀,၀၀၀) ကို သေဆုံးမှုက (၂၅.၁) ဦးနှုန်းရှိပါတယ်။ အများစုကတော့ ကရိန်းပေါ်ကပြုတ်ကျတဲ့ အရာတွေပိတာမျိုးတွေ ချော်ကျတာမျိုးတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Roofers

မြင့်မားလှတဲ့အဆောက်ဦးတွေရဲ့ ခေါင်မိုးတွေထက်ကိုတက်ပြီး ပြင်ဆင်မွမ်းမံ ဆောက်လုပ်နေရတဲ့ လုပ်သားတွေအတွက်လည်း ဒီလို မတော်တဆဖြစ်ရပ်တွေ ရှိနိုင်တယ်ဆိုတာ ပြောနေဖို့တောင်လိုမယ်မထင်ပါဘူး။ အမြင့်ကပြုတ်ကျပြီး သေဆုံးတာ (ဒါမှမဟုတ်) သေလောက်အောင်ပြင်းထန်တဲ့ ဒဏ်ရာရရှိိနှုန်းကတော့ အယောက် (၁၀၀၀၀၀) မှာ (၄၈.၆) ဦးနှုန်းရှိပါသတဲ့။ shwekhitonlinetv.com
၃။ Aircflraft Pilots and Flight Engineers

ကုန်းပေါ်မှာရှုပ်ထွေးစွာ သွားလာနေတဲ့ယာဥ်တွေကိုမောင်းရတာက လေထဲမှာရှင်းရှင်းလင်းလင်း မောင်းရတဲ့ လေယာဥ်ပျံတွေထက် ပိုပြီးအန္တရာယ်များတယ်လို့ထင်ချင်စရာပါပဲ။ ဒါပေမယ့် လက်တွေ့ကောက်ယူခဲ့တဲ့ စစ်တမ်းတွေနဲ့ အချက်အလက်တွေအရတော့ လေယာဥ်မှုးတွေက ပိုပြီး အန္တရာယ်များတာကိုတွေ့ရပါတယ်။ လေယာဥ်မှုးတွေအနေနဲ့ အယောက် (၁၀၀၀၀၀) မှာ (၅၅.၅) ဦးနှုန်း သေဆုံး (ဒါမှမဟုတ်) သေလောက်အောင်ပြင်းထန်တဲ့ ဒဏ်ရာရရှိကြတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၂။ Fishing Worker

စစ်တမ်းတွေအရဆိုရင်တော့ ပင်လယ်ပြင်မှာ ငါးဖမ်းရတဲ့အလုပ်က ဒီစာရင်းမှာ နံပါတ် (၂) ချိတ်ပါတယ်။ ရာသီဥတု၊ ရေယာဥ်စက်ပိုင်းဆိုင်ရာချို့ယွင်းမှုနဲ့ အခြားမတော်တဆမှုတွေကြောင့် ဒီလုပ်ငန်းခွင်အတွင်းမှာ အယောက် (၁၀၀,၀၀၀) ကို (၈၆) ဦးလောက်အသက်ဆုံးရှုံးရလေ့ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၁။ Logging Worker

၂၀၁၉ ခုနှစ်အတွင်းမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာတစ်လွှားက အန္တရာယ်အရှိဆုံးလုပ်ငန်းခွင်တွေထဲမှာ နံပါတ် (၁) နေရာမှာရှိနေတာက သစ်ခုတ်တဲ့လုပ်ငန်းခွင်ပဲဖြစ်ပါတယ်။ နှစ်တစ်နှစ်အတွင်း သစ်ခုတ်သမားအယောက် (၁၀၀,၀၀၀) မှာ (၁၃၅.၉) ဦးနှုန်း အလွန်ပြင်းထန်တဲ့ ဒဏ်ရာရရှိကြပြီး အနည်းဆုံး (၉၁) ဦးသေဆုံးတယ်လို့ သိရပါတယ်။ မြေပြင်အခြေအနေ၊ ရာသီဥတု၊ လုပ်ငန်းခွင်တွင်းအသုံးပြုတဲ့ စက်ကိရိယာချို့ယွင်းမှုနဲ့ အခြားမတော်တဆမှုတွေကြောင့် သစ်ထုတ်လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ တင်ပြရင်း အဆုံးသတ်ပါရစေနော်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကို ဖတ်ရှုပြီးအားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့ထင်ပါတယ်နော်။ ရွှေခေတ်ပရိသတ်တွေထဲမှာ ဒီလိုမျိုးလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေတဲ့သူတွေရှိရင်လည်း အထူးဂရုစိုက်ကြပါလို့ သတိပေးပါရစေနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.