ရုရှားသမ္မတ ပူတင်နဲ့ ပတ်သတ်ပြီး မယုံကြည်နိုင်စရာကောင်းလွန်းလှတဲ့ အချက်အလက်များ

Shwe Khit ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ သမ္မတအကြောင်းပါ။ ဒါဆိုရင်တော့ သူဘယ်သူလဲဆိုတာ သိကြမယ်ထင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ရဲ့ လူသိနည်းလှသော ထူးထူးဆန်းဆန်း အချက်အလက်တွေကို ဖော်ပြပေးမှာမို့လို့ ဗဟုသုတရအောင် ဖတ်ကြည့်လိုက်ပါ ဦးနော်…. shwekhitonlinetv.com

၁။ ရုရှားသမ္မတ ပူတင်ဟာ တရားဝင်လေယာဉ်မောင်း လိုင်စင်ကို ရထားသူတစ်ဦးဖြစ်ပြီး တစ်ခါတုန်းကဆိုရင် တောမီးလောင်တဲ့ နေရာကို ဝေဟင်ကနေ ငြိမ်းသတ်ရတဲ့အခါ အကူ လေယာဉ် ပိုင်းလော့နေရာကနေ ပါဝင်ခဲ့ပါသေးတယ် ။ ထွက်ပေါ်တဲ့ သတင်းများအရ သမ္မတပူတင်ဟာ သူ့ကိုယ်ပိုင် ဟယ်လီကော်ပတာ အစင်းပေါင်း ( ၁၅ ) စင်းကို ပိုင်ဆိုင်ထားပြီး သူမကြာခဏ အသုံးပြုတဲ့ လေယာဉ်အစင်းပေါင်းကလည်း ( ၅၈ ) စင်းတောင်ရှိပါတယ်။ shwekhitonlinetv.com

၂။ နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ သမ္မတ ပူတင်ဟာ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပဲ အမျိုးသမီးတွေကြားမှာပါ ရေပန်းစားတဲ့ သူတစ်ဦးပါ ။ အကြောင်းကတော့ သူရဲ့ ပွင့်ပွင့်လင်းလင်း နဲ့ တဲ့တိုးပြောတတ်တဲ့ ပုံစံတွေကြောင့်ပဲ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

၃။ ဒါ့အပြင် သမ္မတ ပူတင်ဟာ သူ သမ္မတမဖြစ်ခင် အချိန်တုန်းက KGB လို့ခေါ်တဲ့ ရုရှားထောက်လှမ်းရေးမှာ စပိုင်အဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ် ။ စတင် လုပ်ကိုင်ခဲ့တုန်းက KGB ရဲ့ အေးဂျင့်အဖြစ် လုပ်ခဲ့ပြီး ၁၉၇၅ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ အရှေ့ ဂျာမနီမှာ လူသစ်စုဆောင်းပေးသူ အဖြစ် လှုပ်ရှားခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ်မှာတော့ ပူတင်ဟာ အေဂျင်စီရဲ့ ဒုတိယ ဗိုလ်မှုးကြီးရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ၂၀၀၈ ခုနှစ်တုန်းက သမ္မတ ပူတင်ဟာ TV အစီအစဉ် တစ်ခုရဲ့ ရိုက်ကူးရေး အဖွဲ့သားတွေကို ကျားတစ်ကောင်ရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ခဲ့ပေးဖူးပါတယ် ။ ဖြစ်ပုံကတော့ ဆားဘီးယား ကျားတွေရဲ့ နေထိုင်ကျက်စားပုံကို လေ့လာရိုက်ကူးနေစဉ် ရုတ်တရက် ကျားတစ်ကောင်က အဖွဲ့သားတွေကို တိုက်ခိုက်လာတာပါ ။ ဒီအချိန်မှာပဲ သမ္မတ ပူတင်ဟာ မေ့ဆေးသေနတ်နဲ့ မြန်မြန် ပစ်လိုက်လို့သာ ရိုက်ကူးရေး အဖွဲ့သားတွေ ခမျာ အသက်ရှုချောင်သွားခဲ့ရပါတယ် ။ shwekhitonlinetv.com

၅။ နောက်တစ်ခုကတော့ ထွက်ပေါ်နေတဲ့ သတင်းများအရ သမ္မတ ပူတင်ရဲ့ ချမ်းသာကြွယ်၀မှုဟာ ဘီလီယံပေါင်း ၄၆ ဘီလီယံအထိတောင် ချမ်းသာပါတယ်တဲ့ ။ ဒါပေမယ့် သမ္မတ ပူတင်ဟာ သူ့ရဲ့ ချမ်းသာကြွယ်၀မှုတွေကို‌တော့ လူထုကို တရားဝင် ထုတ်ပြထားတာတော့ မရှိပါဘူး ။ ဒါ့အပြင် သူပိုင်ဆိုင်သမျှထဲက အကြီးကျယ်ဆုံး ပိုင်ဆိုင်မှုကတာ့ ပူတင် လို့အမည်ရတဲ့ နန်းတော် ဖြစ်ပြီး ပင်လယ်နက်နားက Praskoveevka ရွာမှာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီနန်းတော်ကို တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ကတော့ ပေါင် ၇၅၀ မီလီလျံကျော် အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ လူသိနည်းလှတဲ့ အချက်တစ်ခုကတော့ သမ္မတ ပူတင်မှာ Mariya Putina နဲ့ Tekaterina Putina ဆိုတဲ့ သမီး ( ၂ ) ယောက်ရှိတယ်ဆိုတာပါပဲ ။ သူမတို့ဟာ လူထုရှေ့ သိပ်ထွက်ပြလေ့မရှိပဲ သူတို့ အကြောင်းကိုလည်း ရုရှားမီဒီယာ ဖော်ပြထားတာလည်း များများစားစား မရှိပါဘူး ။ သမီး ( ၂ ) ယောက်စလုံးဟာ ဘွဲ့ရထားပြီး မတူညီတဲ့ နာမည်တွေကို သုံးကာ သိုသိုသိပ်သိပ် နေလေ့ရှိပြီး သမ္မတ ပူတင်ကိုယ်တိုင်ကလည်း သူ့သမီးတွေ အကြောင်းကို မီဒီယာတွေရှေ့မှာ သိပ်ပြောလေ့ပြောထ မရှိပါဘူး ။ shwekhitonlinetv.com

၇။ သမ္မတ ပူတင်ဟာ ငယ်စဉ်တည်းက ကိုယ်လုံပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဂျူဒို အားကစားမှာ အထူးကျွမ်းကျင်ပြီး အသက် ( ၁၈ ) နှစ်အရွယ်မှာတင် ခါးပတ်နက် ရရှိခဲ့တာပါ ။ ဒါ့အပြင် ယနေ့အချိန်အထိ အချိန်အားတဲ့အခါတိုင်း ရုရှား ကိုယ်လုံပညာရပ်တစ်ခုဖြစ်တဲ့ Sambo ကို လေ့ကျင့်လျက် ရှိပါသေးတယ်တဲ့….. shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ရုရှားနိုင်ငံက သမ္မတ ပူတင်ရဲ့ လူသိပ်မသိသေးတဲ့ အကြောင်းအရာတစ်ချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတ ရမယ့် အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply