နွေဦးရာသီရောက်တိုင်း ခရီးထွက်ကြတဲ့ သန်းနဲ့ချီသော အနီ​ရောင် ဂဏန်းတွေ အကြောင်း

နှစ်စဉ်နှစ်တိုင်း နွေဦးရာသီနှောင်းပိုင်းရောက်တဲ့အခါမှာတော့ သြစတြေးလျနိုင်ငံက ခရစ္စမတ်ကျွန်းလို့ခေါ်တဲ့ ကျွန်းကလေးဟာကြက်သွေးရောင်၊ လိမ္မော်ရောင်အရာတွေနဲ့လွှမ်းခြုံနေတက်ပါတယ်။ shwekhitonlinetv.com

အကြောင်းကတော့ ကြက်သွေးရောင်အဆင်းရှိပြီးများပြားလွန်းတဲ့ ဂဏန်းတွေဟာ သားပေါက်ဖို့အတွက် ပင်လယ်ဘက်ကို ခရီးထွက်လာကြလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့တွေဟာကျွန်းရဲ့အနောက်မြောက်ပိုင်းမှာရှိတဲ့ နေအိမ်တွေကိုစွန့်ခွာပြီး နှစ်စဉ်အောက်တိုဘာ၊ နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလတွေမှာ ပင်လယ်ဘက်ကိုရွှေ့ပြောင်းဖို့ခရီးစဉ်တွေကို စတင်ကြတာဖြစ်ပါတယ်။ အများအားဖြင့်တော့ အဲ့ဒီလတွေရဲ့ ပထမဆုံးမိုးသည်းထန်စွာရွာတဲ့ ရက်ပြီးရင်သူတို့ရဲ့ ခရီးစဉ်ကိုစတင်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုထွက်ခွာလာတဲ့အခါမှာ ဂဏန်းကောင်ရေဟာ ခန့်မှန်းခြေသန်း (၄၀) ကျော်ရှိတာကြောင့်မို့လို့ ဝေဟင်ကနေကြည့်မယ်ဆိုရင် ကျွန်းဟာကြက်သွေးရောင်လိုလို လိမ္မော်ရောင်လိုလို အရာတွေဖုံးလွှမ်းရွေ့လျားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

အထီးတွေကတော့ ပင်လယ်ဘက်ကို (၃) ရက်လောက်စောရောက်ကြပြီး အမတွေနဲ့မိတ်လိုက်ဖို့အတွက် နေရာတွေပြင်ဆင်ရင်းအခြင်းခြင်းတိုက်ခိုက်တက်ကြပါတယ်။ အမတွေကတော့ နောက်ကျမှာရောက်လာပြီး အထီးတွေနဲ့ တွေ့ဆုံကာ မိတ်လိုက်၊ သားပေါက်ကြပါတယ်။ shwekhitonlinetv.com

ဒီကာလတွေမှာတော့ သူတို့ရဲ့ခရီးစဉ်ဖြောင့်ဖြူးပြီး အခက်အခဲမရှိအောင်လို့ သြစတြေးလျနိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေဟာ ဂဏန်းတွေအတွက် တံတားတွေ၊ တူးမြောင်းတွေဆောက်လုပ်ပေးထားတက်ပါတယ်။ shwekhitonlinetv.com

အချို့နေရာတွေမှာလမ်းတွေပိတ်ထားပြီး ယာဉ်မောင်းတွေအနေနဲ့လည်း ကားလမ်းပေါ်မှာ ဂဏန်းတွေဖြတ်သန်းသွားလာတာကိုမြင်တွေ့ခဲ့လျှင် ၎င်းတို့ရဲ့ မော်တော်ယာဉ်တွေကို ရပ်ပေးထားကြဖို့အတွက် တိုက်တွန်းထားပါတယ်။ shwekhitonlinetv.com

အခုအချိန်မှာတော့ ခရစ္စမတ်ကျွန်းမှာ ဒီဂဏန်းတွေသားပေါက်ဖို့အတွက် နေရာရွှေ့ပြောင်းတဲ့အချိန်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ အချိန်တစ်ခုဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။