အလွန်တန်ဖိုးကြီးတဲ့ အပြာရောင်မာလင်ငါး ကို ဖမ်းမိခဲ့ပေမယ့် သူငယ်ချင်းတွေနဲ့တူတူ ချက်စားလိုက်တဲ့ သူ

တစ်ခါတစ်ရံမှာ အသိဉာဏ်ပညာနဲ့ ဗဟုသုတနည်းပါးခြင်းက ဆင်းရဲတွင်းကိုနက်စေပါတယ်။ ဒီစကားဟာမှန်ကန်နေတယ်ဆိုတာကို သက်သေပြနေတဲ့အဖြစ်အပျက်တွေကလည်းလက်တွေ့ဘဝမှာ အများအပြားရှိလို့နေပါတယ်။ shwekhitonlinetv.com

ဒီနေ့မှာတော့ ဒီလိုအဖြစ်အပျက်မျိုးဖြစ်အောင်လို့ပြုမူခဲ့တဲ့ နိုင်ဂျီးရီးယားကတံငါသည်တစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အမည်မသိရတဲ့ ဒီတံငါသည်ဟာ တန်ဖိုးရှိတဲ့အရာမှန်းမသိရှိဘဲ ပြုလုပ်မိခဲ့တဲ့သူ့ရဲ့လုပ်ရပ်ကြောင့် သူဌေးဖြစ်မယ့်အခွင့်အရေးကိုလွဲချော်သွားခဲ့ပါတယ်။ shwekhitonlinetv.com

ဘာကြောင့်လည်းဆိုတော့ သူဟာတန်ဖိုးအလွန်ကြီးတဲ့ အပြာရောင်မာလင်ငါးကို ကံအားလျော်စွာနဲ့ ဖမ်းမိပေမယ့် တန်ဖိုးကြီးမှန်းမသိဘဲ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ အရွယ်အစားကြီးမားလှတဲ့ အပြာရောင်မာလင်ငါးကြီး ကိုချက်စားလိုက်ကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

မာလင်ငါးတွေဟာဈေးကြီးတဲ့ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီးတော့ ဒီငါးရဲ့အသားတစ်ပေါင်ကို ဒေါ်လာ (၃၁,၃၂၅.၃၀) လောက် တန်ဖိုးရှိတယ်လို့သိရပါတယ်။ ဒါကအဖြူရောင်မာလင်ငါးတွေရဲ့ ဈေးနှုန်းသာဖြစ်ပြီး ရှားပါးတဲ့အပြာရောင်မာလင်ငါးတွေဆိုရင်ဒီထက်ပိုပြီးတန်ဖိုးကြီးပါတယ်။ shwekhitonlinetv.com

အရွယ်ရောက်ပြီးမာလင်ငါးတစ်ကောင်ဟာ ပျမ်းမျှအရွယ်အစား (၁၁) ပေလောက်ရှိပြီး ပေါင် (၂၀၀) ကနေ ပေါင် (၄၀၀) လောက်အထိအလေးချိန်စီးပါတယ်။ မာလင်ငါးအမတွေကတော့ အထီးတွေထက် အရွယ်အစားပိုကြီးပြီး အရှည် (၁၄) ပေလောက်ထိရှိတက်သလို အလေးချိန်လည်း ပေါင် (၁,၀၀၀) ကျော်လောက်ရှိကြပါတယ်။ shwekhitonlinetv.com

အင်တာနက်ပေါ်မှာပျံ့နှံ့လာတဲ့ နိုင်ဂျီးရီးယားတံငါသည်ရဲ့ သတင်းမှာပါတဲ့ အပြာရောင်မာလင်ငါးရဲ့အရွယ်အစားကိုကြည့်ပြီး ကျွမ်းကျင်သူတွေရဲ့တွက်ချက်မှုအရတော့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၂.၆) သန်းလောက်တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

ဒီလောက်တန်ဖိုးရှိတဲ့ ငါးကိုချက်စားပစ်လိုက်တဲ့ နိုင်ဂျီးရီးယားတံငါသည်ကိုတော့ အချို့ကလည်းအလွန်မိုက်မဲလွန်းသူအဖြစ်မှတ်ချက်ပေးကြသလို အချို့ကလည်းသူ့ရဲ့ ဗဟုသုတနည်းပါးမှုကြောင့် ဆုံးရှုံးသွားတဲ့ အခွင့်အရေးအပေါ် နှမြောတသဖြစ်နေကြလေရဲ့ … shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply