တစ်ခါလောက်တော့ သွားရောက် လည်ပတ်သင့်တဲ့ သဘာဝဆန်ဆန် နေရာများ

အခုတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးထဲက ခရီးထွက်ရတာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ ကမ္ဘာပေါ်က ထူးဆန်းသော အလှအပတွေနဲ့ တည်ရှိနေတဲ့ နေရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို နေရာလေးတွေ ဖြစ်မလဲဆိုတာ ပုံလေးတစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ Lençóis Maranhenses ( ဘရာဇီးလ်နိုင်ငံ )

Lençóis Maranhenses ဆိုတာ ဘရာဇီးနိုင်ငံ တောင်ပိုင်းက အတလန္တိတ် ကမ်းရိုးတန်းမှာ တည်ရှိတဲ့ အမျိုးသား ဥယျာဉ်တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီ ဥယျာဉ်လေးကိုတော့ ရောက်ဖူးတဲ့ ခရီးသွား တော်တော်များများက ထူးခြားဆန်းပြားတဲ့ နေရာလေးတစ်ခုလို့ တင်စားထားကြပါတယ် ။ shwekhitonlinetv.com

မိုးတွင်းရောက်ပြီဆိုရင် ရေတွေဟာ သဲသောင်ခုံတွေ ကြား လှပစွာ စီးဆင်းလျက်ရှိတာကြောင့် သဘာ၀အလှတရားကို ကြိုက်နှစ်သက်တဲ့သူတွေ အတွက်တော့ သဘောကျသွားစေမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၂။ Capilano Bridge ( ကနေဒါ နိုင်ငံ )

Capilano လို့ ခေါ်တဲ့ ဒီတံတားကတော့ ကနေဒါနိုင်ငံ ၊ Vancouver မြို့အနီးမှာ တည်ရှိတာ ပဲ ဖြစ်ပါတယ် ။ ဒီတံတားဟာဆိုရင် သစ်တော စိမ်းတစ်ခုထဲက ရေစီးကြောင်းသန်တဲ့ လီဆန်နာ မြစ်ပေါ်မှာတည်ရှိတာ ဖြစ်ပြီး အမြင့်ပေ (၂၃၀ ) ကျော် မြင့်ပါတယ် ။ shwekhitonlinetv.com

တံတားပေါ်ကို လမ်းလျှောက် ကြည့်လိုက်မယ်ဆိုရင် စိမ်းစိုနေတဲ့ သစ်တော ထဲမှာ လမ်းလျှောက်ရတာမို့လို့ အတွေ့အကြူံသစ်တစ်ခု ကို ခံစားမိစေမှာပါ ။ အစပိုင်းကတော့ ဒီတံတားကို သစ်တောဝိုင်းအတွင်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အတွက် တည်ဆောက်ပေးခဲ့တာပါ ။ နောက်ပိုင်းမှာတော့ ခရီးသွားတွေအတွက် ရည်ရွယ်ပြီး ပြန်လည် ပြုပြင်တည်ဆောက်ခဲ့ပါတယ် ။ shwekhitonlinetv.com

၃။ Cenote Ik-Kil ( မက္ကစီကို )

Cenote Ik-Kil ကတော့ သဘာ၀ အလှအပတွေ အလိုအလျောက် ဖြစ်တည်နေတဲ့ မြေအောက်လှိုဏ်ဂူ တစ်ခုပဲ ဖြစ်ပါတယ် ။ အရင်ကတော့ သဘာ၀ ဆန်ဆန် တည်ရှိနေတာ မို့လို့ အတက်အဆင်း လုပ်တဲ့အခါမှာ အန္တရာယ် များခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ လာရောက် လည်ပတ်သူတွေ အဆင်ပြေစေဖို့အတွက် လှေကားတွေ တည်ဆောက်ပေးထားပါတယ် ။

၄။ Pongour ရေတံခွန် ( ဗီယက်နမ် )

Pongour ရေတံခွန်ဟာဆိုရင် ဗီယက်နမ် နိုင်ငံထဲက အလှဆုံး နဲ့ အကြီးဆုံး ရေတံခွန်အဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ် ။ မိုးတွင်း ရာသီမှာဆိုရင် ရေတွေဟာ ရေတံခွန်ငယ်လေးတွေ ဆီ ကျယ်ပြန့်စွာ စီးဆင်းသွားပြီးမှ အောက်ခြေ ရေကန်ထဲကို စီးဆင်းကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ခြောက်သွေ့တဲ့ ရာသီရောက်ရင်တော့ ရေတွေဟာ မိုးတွင်းတုန်းကလောက် ရေစီးအား မသန်တော့ပေမယ့်လည်း ကြည့်ရတာ လှပနေဆဲပဲ ဖြစ်ပါတယ် ။ တစ်ကယ်လို့ သင်ဟာ Delat မြို့ကို မိုးရာသီအတွင်း ရောက်သွားခဲ့ပါက အခုဖော်ပြထားတဲ့ ရေတံခွန်နေရာလေးကို မဖြစ်မနေ သွားလည်သင့်တယ်လို့ တိုးရစ်တွေက အကြံပေးထားပါတယ် ။ shwekhitonlinetv.com

၅။ Prohodna ( ဘူဂေးလ်ရီးယား )

ဘူဂေးလ်ရီးယား နိုင်ငံထဲက လှိုဏ်ဂူတစ်ခုဟာဆိုရင် ထူးဆန်းတဲ့ သဘာ၀အလှတရားတွေနဲ့ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီ လှိုဏ်ဂူကိုတော့ Prohonda လို့ ခေါ်ကြပြီး လှိုဏ်ဂူရဲ့ အဓိက အလှတရားကတော့ ဂူရဲ့ အပေါ်မျက်နှာကျက်က မျက်လုံးလို အပေါက် ( ၂ ) ပေါက်ကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒေသခံတွေကတော့ ဒီအပေါက်တွေကို ဘုရားသခင်ရဲ့ မျက်လုံးလို့လည်း ခေါ်ကြသလို တစ်ခါတစ်ရံ နတ်ဆိုးရဲ့ မျက်လုံးလို့လည်း ခေါ်ကြပါတယ် ။ ညဘက် အချိန်တွေမှာဆိုရင် ဂူအတွင်းထဲကနေ အပေါက်ကြီးတွေကို လှမ်းကြည့်တဲ့အခါ ကောင်းကင်ယံက ကြယ်ရောင် ၊ လရောင် တွေရဲ့ အလှတရားကို လှပစွာ မြင်တွေ့နိုင်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ Arashiyama ( ဂျပန် )

ကျိုတိုမြို့ရဲ့ အနောက်ဘက် ဒေသမှာဆိုရင် Arashiyama လို့ခေါ်တဲ့ ဝါးရုံတောလေး တစ်ခုရှိပါတယ် ။ ဒီဝါးရုံတောလေးဆိုပေမယ့် ဆိတ်ငြိမ်အေးချမ်းမှုတို့နဲ့ အတူ သဘာ၀ အလှတရားကို တစိမ့်စိမ့်ခံစားချင်တဲ့ သူတွေအတွက်တော့ တစ်ကယ့်ကို သာယာလှတဲ့ နေရာတစ်ခုပါပဲ ။ shwekhitonlinetv.com

ဒီဝါးရုံတောလေးထဲမှာ လူသွားလမ်းလေးတစ်ခု လုပ်ပေးထားပြီး လမ်းလျှောက်နေရင်းနဲ့ လတ်ဆတ်သော လေထုကိုလည်း ခံစားမိမှာပဲ ဖြစ်ပါတယ် ။ လမ်းလေးအတိုင်း တည့်တည့် လျှောက်သွားမယ်ဆိုရင်တော့ Tenryuji အမည်ရှိတဲ့ ဘုရားကျောင်းတစ်ခုကို တွေ့ရနမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာကြီးပေါ်က သဘာ၀ အလှတရားတွေ စုဝေးနေတဲ့ သုခဘုံလို့ တင်စားကြတဲ့ နေရာအချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။