(၂၄) နာရီပတ်လုံး နေဝင်ခြင်းမရှိတဲ့ ထူးထူးဆန်းဆန်း ဒေသများ

လူသားတွေနေထိုင်တဲ့ကမ္ဘာကြီးဟာနေကိုလှည့်ပတ်နေသလို မိမိဝင်ရိုးပေါ်မှာလဲ ၂၄ နာရီလောက်ကိုတစ်ပတ် ပြည့်အောင်လည်ပတ်နေတာကြောင့် နေ့တွေ ညတွေဖြစ်ပေါ်နေတာကတော့ အားလုံးသိပြီးသား အကြောင်းအရာတစ်ခုဖြစ်မှာပါနော်။

ဒါပေမယ့် ကမ္ဘာကြီးဟာ မိမိဝင်ရိုးပေါ်မှာ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းနေတာကြောင့် ချွင်းချက်အနေနဲ့ နေရာဒေသတိုင်းမှာတော့ အမြဲတမ်း ၂၄ နာရီကို နေ့ညတွေ ဖြစ်ပေါ်နေတာတော့မဟုတ်ပါဘူး။ shwekhitonlinetv.com

အဲ့လိုဖြစ်စဉ်တွေဖြစ်တဲ့ ကမ္ဘာပေါ်ကဒေသတွေမှာတော့ တစ်ရက်လုံးနေ့အတိုင်းနီးပါးဖြစ်နေတဲ့ဒေသတွေ ၊ တချို့လတွေမှာ ၂၄ နာရီနီးပါးနေမဝင်တဲ့ ဒေသတွေ ၊ ဝင်သွားလို့မှမကြာသေးတဲ့နေမင်းဟာ ချက်ချင်းပြန်ထွက်လာတတ်တဲ့ဒေသတွေ ဟာလည်းအများအပြားရှိနေပါတယ်။ ဒီလိုဒေသတွေထဲကမှ အသိသာဆုံး ကွဲပြားခြားနားနေတဲ့ ဒေသတွေကို အခု ဆောင်းပါးလေးမှာဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ရှဗားဘာ့ဂ် (Svalbard) – နော်ဝေနိုင်ငံ

အာတိတ်စက်ဝန်းအတွင်းမှာ တည်ရှိနေတဲ့ နော်ဝေနိုင်ငံဟာ သန်းခေါင်ယံအချိန်မှာ နေထွက်တဲ့ ဒေသလို့ ဥရောပမှာလူသိများထင်ရှားလှပါတယ်။ နော်ဝေနိုင်ငံရဲ့ နေရာအတော်များများမှာဆိုရင် မေလ ကနေ ဇူလိုင်လ အထိ ရက်ပေါင်း (၈၀) နီးပါးလောက်ဟာ နေမင်းရဲ့အလင်းရောင်ကို တစ်ရက်မှာ (၂၀) နာရီကြာလောက်ထိမြင်တွေ့နိုင်တယ်လို့ သိရပါတယ်။

ရှဗားဘာ့ဂ် (Svalbard) ကျွန်းမှာဆိုရင်တော့ ဧပြီလ (၁၀) ရက်နေ့ကနေ သြဂုတ်လ(၂၃) ရက်နေ့အထိ (၂၄) နာရီလုံး နေသာတာကြောင့် ဒီဒေသကို အလည်သွားရောက်သူတွေအနေနဲ့ ပထမဆုံးခံစားရမှာက ညဘက်အချိန်ဆိုတာမရှိတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အင်နူးဗစ် (Inuvik) – ကနေဒါနိုင်ငံ

မြောက်အမေရိကတိုက်မှာတည်ရှိတဲ့ ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယဧရိယာအကြီးမားဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့နေရာတော်တော်များ များဟာ တစ်နှစ်ပတ်လုံးနှင်းတွေကျဆင်းနေတာပါ။

ဒါကြောင့် အေးချမ်းမှုကို အမြဲခံစားနေရမယ်လို့ထင်နိုင်ပေမယ့်လည်း ကနေဒါနိုင်ငံရဲ့ အနောက်မြောက်ဘက်ဒေသမှာတည်ရှိတဲ့ အင်နူးဗစ် (Inuvik) မြို့မှာတော့ နွေရာသီဆိုရင် ရက်ပါင်း (၅၀) လောက်ဟာ (၂၄)နာရီလုံး နေသာတာကို မြင်တွေ့နိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အိုက်စလန်

အလွန်သာယာလှပတဲ့ အိုက်စလန်နိုင်ငံဟာ ဥရောပမှာ ဂရိတ်ဗြိတိန်ကျွန်းစုပြီးရင် ဒုတိယအကြီးမားဆုံးသော ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံမှာဆိုရင်လည်း မေလ (၁၀) ရက်နေ့ကနေ ဇူလိုင်လကုန်ပိုင်းလောက်ထိ နေရောင်ဟာ မိုးကုတ်စက်ဝိုင်းအပြည့် (၂၄)နာရီ လင်းထိန်နေတာကိုမြင်တွေ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒ့ါအပြင် မြောက်ဘက်က တိုးဝင်လာတဲ့ ဥတ္တရအလင်းတန်းတွေကလည်း အိုက်စလန်နိုင်ငံရဲ့ပုံရိပ်ကို ပိုမိုအံ့အားသင့်စေမှာ အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အလက်စကာ (Alaska) – အမေရိကန်

အလက်စကာဟာ အမေရိကန်နိုင်ငံရဲ့ အပိုင်ဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားပြီး တသီးတခြားရပ်တည်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အလက်စကာပြည်နယ်မှာလည်း မေလရဲ့နောက်ဆုံးရက်သတ္တပတ်ကနေ ဇူလိုင်လရဲ့နောက်ဆုံးသောရက်သတ္တပတ် တွေအထိ တစ်နေ့လုံး နေမဝင်ဘူးလို့သိရပါတယ်။

သာယာလှပပြီးအံံ့ဖွယ်ကောင်းတဲ့ ဒီဒေသဟာ အလွန် ကြမ်းတမ်းတဲ့ဆောင်းရာသီရောက်မှသာ အမှောင်ထုကိုမြင်တွေ့ရတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဖင်လန်နိုင်ငံ (Finland)

ကျွန်းထောင်ပေါင်းများစွာ၊ ရေကန်ပေါင်းများစွာတည်ရှိနေတဲ့ ဥရောပတိုက်က ဖင်လန်နိုင်ငံရဲ့ ဒေသအတော်များများမှာလည်း နွေရာသီမှာဆိုရင် ရက်ပေါင်း (၇၃) ရက်လောက်ဟာ နေဝင်လေ့မရှိပါဘူး။

ဒီဒေသမှာရှိတဲ့ ရေခဲပြင်တွေမှာမြောက်ဝင်ရိုးစွန်းကလာတဲ့ အလင်းတန်းတွေကို စောင့်ကြည့်နိုင်တဲ့အပြင် အက်စကီမိုလူမျိုးတွေနှင်းတုံး နဲ့တည်ဆောက်ထားတဲ့ သံခမောက်အိမ်တွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။