ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပန်းရောင်စိန်တွေ နဲ့ အနက်ရောင်စိန် တွေအကြောင်း သိကောင်းစရာ

အခုတစ်ခါမှာတော့ ပရိသတ်ကြီးကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပန်းရောင် နဲ့ အနက်ရောင် စိန်တွေ အကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ပထမဦးဆုံးပြောပြပေးချင်တာကတော့ စိန် တွေထဲမှာ အခြေခံအားဖြင့် အရောင် ( ၁၂ ) မျိုးရှိပြီး အရောင်ပေါ် မူတည်ကာ စျေးနှုန်းကွာခြားမှုလည်းရှိပါသေးတယ် ။ ဒီတစ်ခေါက်ကတော့ စျေးကွက်ထဲမှာ တန်ဖိုးကြီးကြီးနဲ့ ရောင်းချခဲ့တဲ့ ပန်းရောင် နဲ့ အနက်ရောင် စိန်တွေ အကြောင်း ပြောပြပေးမှာမို့လို့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ The Spirit of de Grisogono

အခု ပထမဦးဆုံး ပြောပြပေးချင်တာကတော့ The Spirit of de Grisogono လို့ အမည်ပေးထားတဲ့ အနက်ရောင် စိန်အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီစိန်ကြီးဟာဆိုရင် ကမ္ဘာပေါ်က အကြီးဆုံး စိန်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပြီး တူးဖော်တွေ့ရှိခဲ့တဲ့ အနက်ရောင် စိန်တွေထဲမှာ ဒုတိယမြောက် အကြီးဆုံး စိန်အဖြစ် သတ်မှတ်ခံထားရပါတယ် ။ နာမည်ကြီး de Grisogono အနက်ရောင်စိန်ကြီးရဲ့ ပိုင်ရှင်ကတော့ ဆွစ်ဇာလန်နိုင်ငံက နာမည်ကြီး ကျောက်မျက်ရတနာ ရောင်းချသူ တစ်ဦးဖြစ်တဲ့ Fawaz Gruosi ဆိုသူပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

The Spirit of de Grisogono အနက်ရောင် စိန်ကြီးကို အာဖရိကတိုက် အလယ်ပိုင်းက မိုင်းတွင်းထဲမှာ ရှာတွေ့ခဲ့တာပါ ။ အရွယ်အစားကတော့ မိုင်းတွင်းထဲမှာ စတင်တွေ့ရှိချိန်တုန်းက စိန်ကြီးရဲ့ အလေးချိန်ဟာ ( ၉၈၇ ) ကာရက်အလေးချိန်ရှိပြီး အချောသတ် ပုံသွင်း ဖြတ်တောက်ပြီးချိန်မှာတော့ ( ၃၁၂.၂၄ ) ကာရက် ပဲ ရှိပါတော့တယ် ။ shwekhitonlinetv.com

အခုအခါမှာတော့ ပိုင်ရှင်ဖြစ်သူ Gruosi ဟာ သေးငယ်တဲ့ စိန်အဖြူအလုံးပေါင်း ( ၇၀၂ ) လုံး ပါဝင်တဲ့ လက်စွပ်ပေါ်မှာမှ The Spirit of de Grisogono အနက်ရောင် စိန်ကြီးကို တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ် ။ လက်ရှိအထိတော့ ဒီစိန်လက်စွပ်ကြီးရဲ့ တန်ဖိုးကို မသိရသေးပေမယ့်လည်း ကမ္ဘာ့စျေးအကြီးဆုံး စိန်တွေထဲက တစ်ခု ဖြစ်တယ်လို့ သတ်မှတ်ခံထားရပါတယ် ။ shwekhitonlinetv.com

၂ ။ The Gruosi Diamond

ဒုတိယ ပြောပြပေးမယ့် အနက်ရောင် စိန်ကတော့ The Gruosi Diamond လို့ အမည်ရတဲ့ စိန်ကြီးပဲ ဖြစ်ပါတယ် ။ ဒီစိန်ကြီးရဲ့ ပိုင်ရှင်ကတော့ နာမည်ကြီး ကျောက်မျက်ရောင်းချသူ ဖြစ်တဲ့ Fawaz Gruosi ပဲ ဖြစ်ပါတယ် ။ Gruosi က ( ၁၉၉၈ ) ခုနှစ်တုန်းက အိန္ဒိယနိုင်ငံကနေ အနက်ရောင် စိန် အရိုင်းတုံးကြီး တစ်တုံးကို ဝယ်လာခဲ့ပါတယ် ။ နောက်ပိုင်း ( ၃ ) နှစ်ကြာတဲ့ အခါမှာတော့ စိန်အရိုင်းတုံးကြီးကို ဂရုတစိုက် ဖြတ်တောက်ပြီး သွေးလိုက်တဲ့ အချိန်မှာတော့ The Gruosi Diamond လို့ အမည်ရတဲ့ အနက်ရောင် စိန်ကြီး ဖြစ်ပေါ်လာခဲ့ပါတယ် ။ shwekhitonlinetv.com

The Gruosi စိန်ရဲ့ အလေးချိန်ကတော့ မဖြတ်တောက်ခင် တုန်းက ( ၃၀၀.၁၂ ) ကာရက်ရှိပြီး ဖြတ်တောက်ပြီးချိန်မှာတော့ ( ၁၁၅.၃၄ ) ကာရက်ပဲ ရှိပါတော့တယ် ။ ဒါ့အပြင် The Gruosi စိန်ကြီးဟာ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံး အနက်ရောင် စိန်ကြီး ဖြစ်ပြီး အသည်းပုံစံ ထွင်းထားတဲ့ စိန်တွေထဲမှာတော့ အကြီးမားဆုံး စိန် အဖြစ် သတ်မှတ်ခံထားရပါတယ် ။ အခုအခါမှာတော့ ဒီစိန်ကြီးကို အရောင်မဲ့စိန် ( ၃၇၈ ) လုံး ၊ ( ၅၈.၇၇ ) ကာရက် ရှိတဲ့ အနက်ရောင် စိန်အသေးလေးတွေ အပြင် ( ၁၄.၁၀ ) ကာရက်ရှိတဲ့ ဂေါ်မုတ် ကျောက်တွေ နဲ့ ပေါင်းစပ်ပြီး လည်ဆွဲအဖြစ် ဖန်တီးထားပါတယ် ။ shwekhitonlinetv.com

၃ ။ The Korloff Noir Diamond

တတိယမြောက် နာမည်ကြီးတဲ့ အနက်ရောင် စိန်ကတော့ The Korloff Noir Diamond လို့ အမည်ရတဲ့ စိန်တုံးပဲ ဖြစ်ပါတယ် ။ Korloff စိန်ရဲ့ အလေးချိန်ကတော့ ( ၈၈ ) ကာရက်ရှိပြီး စိန်အကွက် မျက်နှာပြင်ပေါင်းကတော့ ( ၅၇ ) ခု ရှိပါတယ် ။ ဒီစိန်ရဲ့ ပိုင်ရှင်ကတော့ ပြင်သစ်နိုင်ငံ မှာ ရှိတဲ့ Korloff ကျောက်မျက်ရတနာဆိုင် က ဖြစ်ပြီး Korloff Noir စိန်ဟာ ကမ္ဘာ့အကြီးဆုံး အနက်ရောင် စိန်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ် ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ဒဏ္ဍာရီတွေအရ ဒီ Korloff Noir စိန်ကို ထိလိုက်မိတဲ့သူတိုင်းဟာ ပျော်ရွှင်ခြင်း ၊ ကံကောင်းခြင်း နဲ့ ဥစ္စာဓန ပေါများခြင်းတို့ကို ပေးစွမ်းနိုင်တယ်လို့ အဆိုရှိပါတယ်တဲ့ ။ shwekhitonlinetv.com

ဒါ့အပြင် ထို စိန်တုံးကို Korloff-cut လို့ ခေါ်တဲ့ ထင်ရှားသော စိန်ဖြတ်နည်းပုံစံ နဲ့ ပုံသွင်းထားတာပဲ ဖြစ်ပါတယ် ။ စိန်ရဲ့ ပုံစံကတော့ ရှစ်ထောင့်ပုံစံ ဖြစ်ပြီး  မျက်နှာပြင်ပေါင်း ( ၆၅ ) ခု ရှိကာ စိန်ရဲ့ သရဖူနေရာမှာ ( ၄၁ ) ခုဖြစ်ပြီး အောက်ခြေမှာတော့ ( ၂၄ ) ခုရှိပါတယ် ။ ဒါ့အပြင် Korloff-cut နည်းပညာနဲ့ ဖြတ်တောက်ခြင်းရဲ့ ကောင်းကျိုးကတော့ စိန် ရဲ့ အရောင်ကို ပိုပြီး တောက်ပ ပြောင်လက်သွားစေတဲ့အပြင် အလင်းရောင် ဝင်နိုင်စွမ်းလည်း ပိုပြီး ကောင်းသွားစေတာပဲ ဖြစ်ပါတယ် ။ ဒီလို လှပမှုတွေနဲ့ ပြည့်စုံနေတဲ့ Korloff Noir စိန်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ( ၃၇ ) သန်း အထိ တန်ကြေးရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၄ ။ The Pink Star

The Pink Star လို့ နာမည်ပေးထားတဲ့ ပန်းရောင် စိန်တုံးကတော့ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ကျောက်မျက်ရတနာတွေထဲက တစ်ခုအဖြစ် စာရင်းဝင်ထားတာပဲ ဖြစ်ပါတယ် ။ The Pink Star စိန်ရဲ့ သမိုင်းကြောင်းကို ပြောရမယ်ဆိုရင် ( ၁၉၉၉ ) ခုနှစ် တုန်းက De Beers အဖွဲ့ဟာ ကျောက်တုံး တစ်တုံးပေါ်ကနေ ပန်းရောင်စိန်ကြီးကို ခက်ခက်ခဲခဲ ဖြတ်တောက်ခဲ့ရပြီး အချိန် လပေါင်း ( ၂၀ ) ကြာ မြင့်စွာ လုပ်ခဲ့ရပါတယ် ။  ၂၀၀၃ ) ခုနှစ်မှာတော့ The Pink Star စိန်ကို လန်ဒန် မြို့မှာ စတင်ပြသခဲ့ပြီး ( ၂၀၀၅ ) ခုနှစ်မှာတော့ သဘာ၀ သမိုင်းပြတိုက်တွင် ထပ်မံပြသခဲ့ရာကတော့ တစ်နေ့တည်းနဲ့ လာရောက် ကြည့်ရှုသူပေါင်း ( ၇၀၀၀၀ ) ကျော်တောင် ရှိခဲ့ပါတယ်တဲ့ ။ shwekhitonlinetv.com

( ၂၀၁၃ ) ခုနှစ် မှာတော့ ပထမဦးဆုံးအကြိမ် လေလံတင်ရောင်းချခဲ့ပြီး နယူးယော့ခ် မြို့က စိန် ဆိုင်ပိုင်ရှင် ဖြစ်တဲ့ Isaac Wolf ဆိုသူက ဒေါ်လာ ( ၈၃ ) သန်း နဲ့ ဝယ်ယူခဲ့ပါတယ် ။ ဒါပေမယ့်လည်း Isaac ဟာ ငွေပေးချေဖို့ပျက်ကွက်ခဲ့တဲ့အတွက် The Pink Star စိန် ကြီးဟာ Sotheby ကုမ္ပဏီကို ပြန်လည်ရောက်ရှိသွားပါတော့တယ် ။ ( ၂၀၁၇ ) ခုနှစ်မှာတော့ ဟောင်ကောင်နိုင်ငံမှာ ဒုတိယ အကြိမ် လေလံတင် ရောင်းချခဲ့ပြီး Chow Tai Fook လုပ်ငန်းစု က ဒေါ်လာ ( ၇၁.၂ ) သန်းနဲ့ ဝယ်ယူသွားခဲ့ပါတယ် ။ shwekhitonlinetv.com

၅ ။ The Pink Legacy

နောက်ထပ်ပြောပြပေးမှာကတော့ စိန်ပေါင်း တစ်သန်း ထဲမှာမှ တစ် ရောင် ထဲသာ တွေ့ရခဲတဲ့ The Pink Legacy အမည်ရှိ ပန်းရောင် စိန်အကြောင်းပဲ ဖြစ်ပါတယ် ။ The Pink Legacy စိန်ကို ( ၁၉၁၈ ) ခုနှစ် တုန်းက တောင်အာဖရိက မှာရှိတဲ့ မိုင်တွင်း တစ်ခုမှာ တူးဖော် တွေ့ရှိခဲ့တာ ဖြစ်ပြီး ( ၂၀၁၈ ) ခုနှစ်မှာတော့ လေလံပွဲတစ်ခုမှာ လူတွေရဲ့ ပထမဦးဆုံး စိတ်ဝင်စားခြင်း ခံလာခဲ့ ရပါတယ် ။ The Pink Legacy စိန်ရဲ့ အလေးချိန်ကတော့ ( ၁၈.၉၆ ) ကာရက် ရှိပြီး ( ၂၀၁၈ ) ခုနှစ် နိုဝင်ဘာလမှာတော့ Christie ကုမ္ပဏီ က Harry Winston လို့ ခေါ်တဲ့ ကျောက်မျက်ရတနာဆိုင် ကို ဒေါ်လာ သန်း ( ၅၀ ) နဲ့ ရောင်းချခဲ့ပါတယ် ။ shwekhitonlinetv.com

Harry Winston ဆိုင်ကတော့ ဒီပန်းရောင်စိန် ကြီးကို လက်စွပ် တစ်ကွင်း ပေါ်မှာ တပ်ဆင်ပေးထားပြီး နယူးယော့ခ် မှာ ရှိတဲ့ Harry Winston Store မှာ ပြသထားပါတယ် ။ နောက်ထပ်ပြောပြပေးချင်တဲ့ အချက်ကတော့ The Pink Legacy စိန်ရဲ့ မူလ ပိုင်ရှင်ကတော့ De Beers စိန်တူးဖော်ရေး အဖွဲ့ကို ဦးဆောင်တဲ့ Oppenheimer မိသားစုက ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

၆ ။ The Graff Pink

အခု နောက်ဆုံး ပြောပြပေးမယ့် ကမ္ဘာ့စျေးအကြီးဆုံး ပန်းရောင်စိန်တွေထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ The Graff Pink အမည်ရှိ စိန် အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီစိန်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ Sotheby ကျောက်မျက်ရတနာ အဖွဲ့အစည်းရဲ့ ဥက္ကဌ ဖြစ်သူကတော့ “ သူ တွေ့ဖူးခဲ့တဲ့ အကောင်းဆုံး စိန်တွေထဲက တစ်ခု ဖြစ်တယ်လို့ “ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် အမေရိကန် စိန်အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ GIA ကလည်း ထို ပန်းရောင် စိန်ကြီးကို ရှားပါး အဆင့်ရှိတယ်လို့ သတ်မှတ်ပေးခဲ့ပါသေးတယ် ။ shwekhitonlinetv.com

Graff Pink စိန်ရဲ့ အလေးချိန်ဟာ ( ၂၄.၇၈ ) ကာရက် ရှိပြီး ပလက်တီနမ် နဲ့ ပြုလုပ်ထားတဲ့ လက်စွပ်ပေါ်မှာမှ အဖြူရောင် စိန် တစ်ဖက်စီကို ခြံရံပြီး ဒီ ပန်းရောင် စိန် ကို တပ်ဆင်ပေးထားတာပါ ။ အစောပိုင်း တုန်းက ကျောက်မျက်ရတနာ စုဆောင်းသူ ဖြစ်တဲ့  Harry Winston ဆိုသူ ထံကို ( ၁၉၅၀ ) ခုနှစ်မှာ ပထမဦးဆုံး ရောင်းချခဲ့ပါတယ် ။ ( ၂၀၁၀ ) ခုနှစ်မှာတော့ Sotheby ကုမ္ပဏီဟာ ဗြိတိန် ကျောက်မျက်ရတနာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ Laurence Graff ဆီကို ဒေါ်လာ ( ၄၆.၂ ) သန်း နဲ့ ရောင်းခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပန်းရောင်စိန်တွေ နဲ့ အနက်ရောင်စိန် တွေအကြောင်း သိကောင်းစရာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com