ဗြိတိသျှ တော်ဝင် စည်းကမ်းတွေကို (၅) ကြိမ်တိုင် ချိုးဖောက်ခဲ့တဲ့ ဒိုင်ယာနာ မင်းသမီးချောလေး

ဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဗြိတိသျှ တော်ဝင် စည်းမျဉ်းစည်းကမ်းတွေကို (၅) ကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့တဲ့ ဒိုင်ယာနာ မင်းသမီးလေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒိုင်ယာနာ မင်းသမီးဟာဆိုရင် ကမ္ဘာပေါ်မှာ မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ သူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူးနော်….သူမ နဲ့ ပတ်သတ်ပြီး နာမည်ကြီး ထင်ရှားခဲ့တဲ့ အကြောင်းအရာများစွာလည်း ရှိခဲ့သလို ယနေ့တိုင် လူတော်တော်များများ သတိရနေတဲ့ မင်းသမီး လို့လည်း ပြောလို့ရပါတယ်။ shwekhitonlinetv.com

ဒါကြောင့် အခုတစ်ခါမှာတော့ ဒိုင်ယာနာ မင်းသမီး ချိုးဖောက်ခဲ့တဲ့ တော်ဝင်စည်းမျဉ်း စည်းကမ်း (၅) ခုကို ပြောပြပေးမှာမို့လို့ အားလုံးပဲ ဖတ်ရှုပေးကြပါဦးနော် ….

၁။ သူမရဲ့ သားတွေကို ဆေးရုံမှာပဲ မွေးဖွားခဲ့ပါတယ်

ဒိုင်ယာနာ မင်းသမီး ပထဦးဆုံး ချိုးဖောက်ခဲ့တဲ့ တော်ဝင်စည်းကမ်းတစ်ခုကတော့ သူမရဲ့ သားတွေကို နန်းတော်ထဲမှာ မမွေးဖွားပဲ ဆေးရုံမှာ မွေးဖွားခဲ့တာပါ။ မင်းသမီးဟာဆိုရင် သူမရဲ့ သားတစ်ဦးဖြစ်တဲ့ မင်းသား ဝီလျံကို စံအိမ်ဖဲမှာ မမွေးဖွားပဲ လန်ဒန်မှာရှိတဲ့ စိန့်မေရီ ဆေးရုံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

သူမရဲ့ ဒုတိယ သားတစ်ဦး ဖြစ်တဲ့ မင်းသား ဟယ်ရီကို မွေးခဲ့တဲ့ အချိန်တုန်းကလည်း နာကျင်မှု ဒဏ်ကို ပြေပျောက်စေဖို့ သောက်ရမယ့်ဆေးတွေကို မသောက်ပဲ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီလို အဖြစ်အပျက်တွေ ကြောင့် ဒိုင်ယာနာ မင်းသမီးရဲ့ သားတွေဟာဆိုရင် ဒေသခံဆေးရုံတွေမှာ ပထမဦးဆုံး မွေးဖွားခဲ့တဲ့ တော်ဝင်မင်းသား (၂) ယောက် ဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ဒိုင်ယာနာမင်းသမီးဟာ သူမရဲ့ သားတွေကို ကျောင်းကိုပို့ပြီး စာသင်စေခဲ့ပါတယ်

ဒိုင်ယာနာ မင်းသမီး ချိုးဖောက်ခဲ့တဲ့ နောက်ထပ် စည်းမျဉ်းတစ်ခုကတော့ သူမရဲ့ သားတွေကို ပုဂ္ဂလိက ကျောင်းကို ပို့ပြီး စာသင်စေခဲ့တာပဲ ဖြစ်ပါတယ် ။ ဗြိတိသျှ တော်ဝင် စည်းမျဉ်းတွေအရ မွေးဖွားလာတဲ့ မင်းသား ၊ မင်းသမီး ကလေးတွေကို စံအိမ်ထဲမှာ ဆရာတွေနဲ့ သင်ကြားပေးဖို့ သတ်မှတ်ထားတာပါ။ shwekhitonlinetv.com

ဒါပေမယ့်လည်း ဒိုင်ယာနာ မင်းသမီးကတော့ သူမရဲ့ သားတွေကို ပုဂ္ဂလိက ကျောင်းကိုပို့ပြီး စာသင်စေခဲ့တာကြောင့် မင်းသားဝီလျံဟာဆိုရင်လည်း အပြင်က ပုဂ္ဂလိက ကျောင်းကို သွားပြီး စာသင်ခဲ့တဲ့ ပထမဦးဆုံး တော်ဝင်မင်းသားတစ်ယောက် ဖြစ်လို့လာခဲ့ပါတယ်။ shwekhitonlinetv.com

၃။ သူမရဲ့ တရားဝင် ခရီးစဉ်တွေမှာ သားတွေကို ခေါ်သွားခဲ့ပါတယ်

နောက်ထပ် ချိုးဖောက်ခဲ့တဲ့ တော်ဝင် စည်းမျဉ်းတစ်ခုကတော့ ဒိုင်ယာနာ မင်းသမီးဟာ သူမရဲ့ သားတစ်ဦးဖြစ်တဲ့ မင်းသား ဝီလျံကို မင်းသားလေး အသက် ( ၉ ) နှစ် အရွယ်မှာ သူမသွားတဲ့ တရားဝင်ခရီးတစ်ခုမှာ ခေါ်သွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီခရီးစဉ်ကတော့ ဩစတေးလျ နဲ့ နယူးဇီလန်ကို သွားရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး တော်ဝင်မိသားစုတွေမှာတော့ မိဘတွေဟာ တရားဝင် ခရီးစဉ် နဲ့ စီးပွားရေးအတွက် ခရီးထွက်ရတဲ့အခါ သူတို့ရဲ့ ကလေးတွေကို အိမ်မှာပဲ ထားလေ့ရှိကြပါတယ်။

ဒါပေမယ့် လည်း အခုလိုမျိုး အစဉ်အလာတွေဟာ မရှိတော့သလောက် နည်းသွားပြီး မင်းသား ဝီလျံနဲ့ မင်းသားဟယ်ရီတို့ဟာ သူတို့ရဲ့ ကလေးတွေကို တရားဝင် ခရီးစဉ်တွေ သွားတိုင်း ခေါ်သွားလေ့ ရှိနေပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ မင်းသမီး ဒိုင်ယာနာဟာ ကလေးသူငယ်တွေနဲ့ တွေ့ရင် မျက်လုံးချင်း ဆုံတဲ့ အနေအထားအထိ နေတာပါ

ဒိုင်ယာနာ မင်းသမီးဟာ ပြည်သူတွေရဲ့ ကလေးသူငယ်တွေကို တွေ့ဆုံတဲ့အခါမှာလည်း ရင်းရင်းနှီးနှီးနေပေးတဲ့အပြင် ကလေးတွေရဲ့ ရင်ထဲမှာ နွေးထွေးမှုကိုပါ ခံစားသွားအောင် လုပ်ပေးနိုင်သူတစ်ယောက်ပါ ။ ဒါ့အပြင် သူမ လေ့ကျင့်ခဲ့တဲ့ အမူအကျင့်ကောင်းလေးတစ်ခုကတော့ သူမရဲ့ သားသမီးတွေတင် မကပဲ တစ်ခြားကလေးတွေနဲ့လည်း စကားပြောတဲ့အခါ မျက်လုံးချင်း ဆုံပြီး ရင်းရင်းနှီးနှီး စကားပြောလေ့ ရှိတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုအပြုအမူမျိုးဟာဆိုရင် တော်ဝင်မိသားစုတွေထဲမှာ တွေ့ရခဲလှပြီး မင်းသမီး ဒိုင်ယာနာဟာ သူမရဲ့ သားသမီးတွေကိုလည်း အခုလို အမူအကျင့်ကောင်းလေးကို ရသွားအောင် သေချာပျိုးထောင်ပေးခဲ့သူ တစ်ယောက်လို့ပဲ ဆိုရမှာပါနော် … shwekhitonlinetv.com

၅။ ဒိုင်ယာနာ မင်းသမီးဟာ သူမရဲ့ သားတွေကို သာမန်ဘ၀တွေနဲ့ ထိတွေ့မှုရှိအောင် သင်ပေးခဲ့ပါတယ်

နောက်ထပ်တစ်ခုကတော့ မင်းသမီး ဒိုင်ယာနာဟာ သူမရဲ့ သား ( ၂ ) ဦး ဖြစ်တဲ့ မင်းသား ဝီလျံနဲ့ မင်းသား ဟယ်ရီတို့ကို သာမန်ဘ၀နဲ့ ထိတွေ့မှု ရှိအောင် သင်ကြားပေးခဲ့ပါသေးတယ် ။ မင်းသမီး ဒိုင်ယာနာဟာ တော်ဝင်မိသားစု အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့သူ တစ်ယောက် ဖြစ်ပေမယ့်လည်း သူမရဲ့ သားတွေကိုတော့ သာမန် ဘ၀ပုံစံနဲ့ သက်တောင့် သက်သာ ဖြစ်အောင် နေစေချင်ခဲ့သူတစ်ယောက်ပါ။ shwekhitonlinetv.com

တော်ဝင် အမှုထမ်း တစ်ချို့ရဲ့ ပြောစကားအရ မင်းသမီးဟာ သူမရဲ့ သားတွေကို ရုပ်ရှင်သွားပြီး ရုပ်ရှင် ကြည့်စေခြင်း ၊ မက်ဒေါ်နယ် ဆိုင်မှာ စားဖို့အတွက် တန်းစီ စောင့်စေခြင်းနဲ့ အပန်းဖြေ ဥယာဉ်ကို သွားလည်စေခြင်း စတဲ့ သာမန်လူနေမှုဘ၀ ပုံစံ လှုပ်ရှားမှုတွေနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် အစွမ်းကုန် ကြိုးစားပေးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။