အပြင်မှာတစ်ကယ်ရှိနေတယ်လို့ ယုံကြည်ရတဲ့ သတ္တဝါများနှင့် သဘာဝလွန်အဖြစ်အပျက်များ

သရဲ၊ တစ္ဆေနဲ့ ဝိညာဉ်တွေဆိုတာ လောကမှာတကယ်ရှိတယ်လို့ ယုံကြည်ကြပါသလား ? နောက်ပြီး သာမန်ထက်ထူးခြားတဲ့ လူ့ဘီလူးကြီးတွေ ကြောက်မက်ဖွယ်ရာ အမျိုးအမည်မသိ သတ္တဝါကြီးတွေကော အပြင်လောကမှာ တစ်ကယ်ရှိတယ်လို့ ထင်ပါသလား ? အခုဖော်ပြပေးမယ့် အကြောင်းအရာလေးတွေကို ဖတ်ရှုပြီးထင်မြင်ချက်လေးတွေကို ကွန်းမန့်မှာဖော်ပြပေးခဲ့ကြပါဦးနော် ….. shwekhitonlinetv.com

၁။ Alaska – The Bushman

Alaskan Bushman (သို့) Big Foot လို့ခေါ်ကြတဲ့ ဒီသတ္တဝါကြီးကတော့ တောနစ် (Tornits) လို့ခေါ်တဲ့ သတ္တဝါမျိုးနွယ်ကနေ ဆင်းသက်လာတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ပုံပြင်တွေအရတော့ ရှေးယခင်ကတည်းက ဒေသခံ အင်နျူးယစ် (Inuit) လူမျိုးတွေနဲ့ တောနစ် (Tornits) သတ္တဝါတွေဟာ အလက်စကာ (Alaska) ရဲ့အပေါ်ပိုင်းတွေမှာ အတူယှဉ်တွဲပြီး ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။  shwekhitonlinetv.com

တစ်နေ့မှာတော့ သူ့လှေကိုဖျက်ဆီးတယ်ဆိုပြီး အင်နျူးယစ် (Inuit) တစ်ယောက်က တော်နစ် (Tornit) တစ်ကောင်ကို သတ်ပစ်လိုက်ပါတယ်။ အဲဒါကြောင့် တော်နစ် (Tornit) တွေတော်တော်များများကတော့ အခြားနေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် တော်နစ် (Tornit) အချို့ကတော့ ဒေါသတကြီးနဲ့ လူတွေကိုလက်စားခြေဖို့အတွက် အဲဒီ့မှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်ပေါင်းရာချီတိုင်အောင် မုဆိုးတွေ ပျောက်ဆုံး၊ သေဆုံးတဲ့အဖြစ်အပျက်တွေကို အဲဒီ့နေရာမှာ ကြုံတွေ့နေခဲ့ရပါတယ်။ တစ်ချို့လူတွေပြောကြားချက်အရတော့ အခုအချိန်ထိတိုင်အောင် အဲဒီ့အကောင်တွေကို တောအုပ်ထဲမှာ မြင်တွေ့နိုင်ပါသေးတယ်တဲ့။ shwekhitonlinetv.com

၂။ Hawaii – The Night Marchers

ဟာဝိုင်အီကျွန်းမှာနေထိုင်ကြတဲ့ ဒေသခံတွေရဲ့အဆိုအရတော့ The Night Marchers တွေဆိုတာ က ဆုံးရှုံးသွားခဲ့တဲ့ သူတို့ရဲ့နယ်မြေတွေကို ပြန်သိမ်းယူဖို့နဲ့ သူတို့ရဲ့သေဆုံးမှုအတွက် လက်တုန့်ပြန်ချင်နေတဲ့ ရှေးဟောင်းစစ်သည်တော်တွေရဲ့ ဝိညာဉ်တွေဖြစ်တယ်လို့သိရပါတယ်။ သူတို့တွေကို အချို့သောညတွေဆိုရင် ကျွန်းပေါ်မှာ ချီတက်နေတာကို တွေ့ရတတ်ပါတယ်။ လူတွေရဲ့ပြောစကားတွေအရတော့ သူတို့ချီတက်နေတုန်း မျက်လုံးချင်းဆုံမိတဲ့လူဟာ သူကိုယ်တိုင် (ဒါမှမဟုတ်) သူချစ်ရတဲ့ သူတစ်ဦးဦးရဲ့ သေဆုံးခြင်းကို ကြုံတွေ့ရတတ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ဒေသခံတွေ အကြံပေးထားတာကတော့ သူတို့ရဲ့ စစ်ချီသံတွေကို ကြားရပြီဆိုတာနဲ့ တတ်နိုင်သမျှ အဝေးဆုံးကိုရှောင်ဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Maryland – The Goatman

The Goatman (ဆိတ်လူသား) ဆိုတာကတော့ Beltsville စိုက်ပျိုးမွေးမြူရေး သုတေသနဌာနမှာ တာဝန်ကျခဲ့တဲ့ သိပ္ပံပညာရှင် အရူးတစ်ယောက်ဖြစ်ပါတယ်။ ကောလဟာလတွေအရတော့ သူဟာ အူကြောင်ကြောင်နိုင်ပြီး အင်မတန်လဲရက်စက်လွန်းတဲ့ သုတေသနတွေကို ဆိတ်တွေနဲ့ ပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ကံဆိုးစွာနဲပပဲ လက်တွေ့စမ်းသပ်မှုတစ်ခုမှာတော့ အမှားအယွင်းဖြစ်သွားခဲ့ကာ သူ့ဦးနှောက်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အခုတော့ သူဟာ ပုဆိန်ကြီးကိုင်ပြီး တောထဲမှာသွားသွားနေတတ်တာကို မြင်ရတတ်ပြီးတော့ ထူးဆန်းပြီး ကြောက်လန့်ဖွယ်ကောင်းတဲ့ အိမ်မွေးတိရိစ္တာန်တွေ၊ တောကောင်အသေးလေးတွေနဲ့ လူအချို့ရဲ့ သေဆုံးမှုတွေဟာ သူလုပ်တာဖြစ်ကြောင်း ကောလဟာလတွေအများအပြားရှိနေပါတယ်။ သူ့ကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ ဆိုတဲ့သူတွေကလည်း အမြောက်အများရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ Indiana – The Crosley Monster

သင်က ဒဏ္ဍာရီပုံပြင်တွေကို ယုံကြည်တတ်သူတစ်ယောက်ဆိုရင်တော့ အင်ဒီယားနား (Indiana) ဒဏ္ဍာရီတစ်ခုက သင့်ကို ကြောက်ရွံ့ထိတ်လန့်စေမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ Indiana ပြည်နယ်မှာ အရပ်ခုနှစ်ပေလောက်ရှိပြီး မျက်လုံးအဝါရောင်ရှိတဲ့ သတ္တဝါကြီးတစ်ကောင်က တောအုပ်ထဲမှာ ပြေးလွှားနေတတ်ပြီး လူတွေကိုခြောက်လှန့်နေတတ်လို့ပဲဖြစ်ပါတယ်။ အဲဒီ့လို ခြောက်လှန့်ခံရတဲ့ လူတော်တော်များများရှိပြီး ဒီအကြောင်းကို ဒေသ သတင်းစာထဲမှာတောင် ထည့်သွင်းဖော်ပြခဲ့သေးတယ်ဆိုတော့ ဒဏ္ဍာရီလို့ပြောရမှာတောင် ခက်ပါတယ်။ shwekhitonlinetv.com

၅။ Idaho – Haunted High School

ပိုကာတယ်လို (Pocatello) အထက်တန်းကျောင်းမှာ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပေမယ့် (၂၀၁၄) ခုနှစ်တုန်းက လုံခြုံရေးကင်မရာမှာ တွေ့ခဲ့ရတဲ့ ရွေ့လျားနေတဲ့အရိပ်ကြီးလောက် ကြောက်ဖို့ကောင်းတာမရှိခဲ့ပါဘူး။ သရဲအကြောင်း လိုက်လံစုံစမ်းသူတွေကတော့ ဒါက နာမ်ရုပ်လောကနဲ့ပါတ်သတ်ပြီး တစ်ကယ့်ကိုခိုင်လုံတဲ့ သက်သေတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟုတ်ပါတယ် အရိပ်ကြီးကလဲ တစ်ကယ်ရွေ့လျားနေတာကို (Camera) မှာမြင်ခဲ့ရပါတယ်။ shwekhitonlinetv.com

အရိပ်ကြီးပေါ်လာခဲ့တဲ့အချိန်မှာ မီးချောင်းတွေဟာ ဖွင့်လိုက်၊ ပိတ်လိုက် အလိုလိုဖြစ်သွားခဲ့ရပြီး လုံခြုံရေးအသိပေးချက် Alarm တွေပါပွင့်သွားပြီး ရဲတွေဆီကိုပါ သတင်းပို့ချက်တွေ ရောက်သွားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ့ကျောင်းမှာ အခြား ကြောက်စရာများလဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။