မြင်သမျှလူတိုင်းကို အရိုးထဲထိ စိမ့်အေးသွားစေနိုင်မယ့် ဆောင်းရာသီဓာတ်ပုံများ

ပူပြင်းလှတဲ့ နွေရာသီကို ကြုံတွေ့ရပြီးမှာတော့ လူတော်တော်များများဟာ အေးချမ်းလွန်းလှတဲ့ ဆောင်းရာသီကို မျှော်လေ့ရှိကြပါတယ်။ ကော်ဖီပူပူလေးနဲ့ စောင်ပုံထဲမှာကွေးပြီး ဆောင်းရာသီကို ကြုံတွေ့ချင်ကြတာ လူတိုင်းရဲ့ စိတ်ကူးလေးဖြစ်မယ်ထင်ပါတယ် ။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေထဲကလိုတော့ အေးခဲလွန်းလှတဲ့ ဆောင်းရာသီကို ဘယ်သူမှလိုချင်ကြမှာ မဟုတ်လောက်ပါဘူးနော်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အေးခဲကြမ်းတမ်းလွန်းလှတဲ့ ဆောင်းရာသီကာလတွေကို အံတုခဲ့ကြသူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ နှင်းတောထဲမှာတောင် အားပေးမပြတ်တဲ့ ပရိတ်သတ်

နှင်းကျနေတဲ့ အချိန်ကာလမှာတောင် အားကစားပွဲဟာ ဆက်လက်ကျင်းပနေခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုကြမ်းတမ်းလှတဲ့ ရာသီဥတုမှာတောင် ပရိတ်သတ်တွေဟာလည်း ဇွဲကောင်းကောင်းနဲ့ နှင်းတောထဲမှာ ဆက်လက်အားပေးနေတာကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၂။ မျက်တောင်တွေကိုပါ အေးခဲသွားစေတဲ့ဆောင်း

ပုံမှာတွေ့ရတဲ့ မိန်းကလေးကတော့ မျက်နှာတပြင်လုံးမှာ မျက်လုံးတွေကိုပဲ ဖော်ထားပြီး မျက်နှာအကာထူထူကို ဝတ်ဆင်ထားခဲ့တာပါ။ အေးခဲလွန်းတဲ့ ရာသီဥတုကြောင့် ဖော်ထားတဲ့ မျက်လုံးရဲ့ မျက်တောင်လေးတွေပါ အေးခဲသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ရေခဲပြင်စကိတ်စီးလို့ရမယ့် လမ်းများ

လမ်းမကြီးဟာ အေးခဲလွန်းတာကြောင့် ရေခဲပြင်တခုသဖွယ် ဖြစ်နေတာကို တွေ့ရမှာပါ။ အပြင်ထွက်မယ်ဆိုရင်တော့ ရိုးရိုးဖိနပ်မစီးပဲ ရေခဲပြင်စကိတ်စီးတဲ့ ဖိနပ်စီးတာ ပိုသင့်တော်မယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၄။ တောက်ပနေတဲ့ နှင်းထု

ပုံမှာတွေ့မြင်ရတာကတော့ တိမ်တိုက်တွေထဲကနေ မြင်ရတဲ့ နေရောင်ခြည်မဟုတ်ပါဘူးနော်။ လမ်းမီးတိုင်မှာ နှင်းတွေထုနဲ့ထည်နဲ့ ဖုံးလွှမ်းနေတာကြောင့် အခုလိုဖြစ်နေရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မှောက်ကျပြီးခဲသွားတဲ့ ကော်ဖီ

ကော်ဖီခွက်မှောက်ကျသွားခဲ့ပေမယ့်လည်း ပေပွသွားမှာ မစိုးရိမ်ရပါဘူးနော်။ ဘာလို့လဲဆိုတော့ အေးစက်လွန်းလှတဲ့ ရာသီဥတုကြောင့် ကော်ဖီအရည်မဟုတ်ပဲ ကော်ဖီအခဲဖြစ်သွားရလို့ပါ။ shwekhitonlinetv.com

၆။ ငါးလေးတွေတောင် မခံနိုင်တဲ့ ရာသီဥတု

လူတယောက်ဟာ ခဲနေတဲ့ရေပြင်ကို အပေါက်ဖောက်ထားခဲ့ပြီးနောက်မှာ တွေ့မြင်ရတဲ့ မြင်ကွင်းကို ရိိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့အတိုင်းပဲ ငါးလေးတွေဟာ အနွေးဓာတ်လိုချင်တာကြောင့် တခုတည်းသောအပေါက်မှာ အပြည့်အသိပ်တိုးဝှေ့နေခဲ့တာပါ။ shwekhitonlinetv.com

၇။ အေးခဲနေတဲ့အိမ်သာ

ဆောင်းရာသီမှာ ရင်ဆိုင်ရအခက်ခဲဆုံးကတော့ ရေချိုးတာနဲ့ အိမ်သာတက်တာပဲ ဖြစ်မယ်ထင်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ အိမ်သာကတော့ ဘယ်လိုမှဝင်လို့ အဆင်မပြေနိုင်တဲ့အထိ အေးခဲနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၈။ ဆက်တွန်းလို့မဖြစ်နိုင်တော့တဲ့ ကလေးတွန်းလှည်း

ကလေးငယ်လေးနဲ့အတူ လေကောင်းလေသန့်ရနိုင်ဖို့အတွက် နှင်းတောထဲမှာ လမ်းလျှောက်ထွက်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း တွေ့မြင်ရတဲ့အတိုင်း တွန်းလှည်းကို ဆက်တွန်းလို့မဖြစ်နိုင်တော့တဲ့အထိ နှင်းထုကြီးဟာ ဘီးလုံးမှာကပ်ညိနေခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ကားအမိုးတံခါးပိတ်ဖို့ မေ့ခဲ့သူ

ဆောင်းရာသီရဲ့ နှင်းထုထဲမှာ ကားအမိုးပိတ်ဖို့မေ့ခဲ့သူရဲ့ အဖြစ်ကိုတွေ့ရမှာပါ။ ကားရဲ့အတွင်းပိုင်း တခုလုံး နှင်းတွေနဲ့အပြည့်ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၁၀။ နှင်းထုထဲကထိုးထွက်နေတဲ့အရာ

နှင်းထုထဲကနေ ထိုးထွက်နေတဲ့ အချောင်းလေးနှစ်ခုကတော့ ကားရဲ့wipers နှစ်ခုဖြစ်ပါတယ်။ နှင်းတောထဲမှာ ကားရပ်ထားတဲ့နေရာကို ဒီလိုနည်းနဲ့မှပဲ တွေ့နိုင်တော့မှာပါ။ shwekhitonlinetv.com

၁၁။ လူတရပ်မကတဲ့ နှင်းအလွှာထု

မြှုပ်နေတဲ့ကားတွေကို နှင်းတောထဲကနေ တူးဖော်နေရတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းရာသီမျိုးကိုတော့ ဘယ်သူမှ ကြုံချင်ကြမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၂။ အပြိုင်အဆိုင်တူးဖော်ကြရတဲ့ပွဲ

ပုံမှာတွေ့မြင်ရတာကတော့ ရှေးဟောင်းပစ္စည်းတွေကို အပြိုင်အဆိုင် တူးဖော်နေကြတာ မဟုတ်ပါဘူးနော်။ နှင်းတောထဲမှာ မြှုပ်နေတဲ့ ကားတွေကို ဂေါ်ပြားကိုယ်စီနဲ့ အပြိုင်အဆိုင် ဖော်ထုတ်နေကြရသူတွေ ဖြစ်ပါတယ်။ ပျော်စရာလည်းကောင်း စိတ်ညစ်စရာလည်းကောင်းမယ့် ဆောင်းရာသီအားကစားတခုလိုပါပဲနော်။ shwekhitonlinetv.com

၁၃။ အိမ်ထဲကိုထိုးထွက်နေတဲ့ ရေခဲအချောင်းများ

အိမ်ရဲ့ခေါင်မိုးကနေတဆင့် တဖြေးဖြေးအိကျလာတဲ့ နှင်းထုကြီးကို တွေ့မြင်ရမှာပါ။ တကယ်လို့သာ မဖယ်ရှားနိုင်ခဲ့ရင် ရေခဲအချောင်းတွေဟာ အိမ်ထဲကို ထိုးဖောက်ဝင်ရောက်လာမယ် ထင်ရပါတယ်နော်။ shwekhitonlinetv.com

၁၄။ မုတ်ဆိတ်မွှေးတွေပါ အေးခဲစေတဲ့ရာသီ

ဘယ်လောက်တောင် အေးခဲလဲဆိုရင်တော့ ပုံကိုကြည့်တာနဲ့တင် ခံစားမိနိုင်မှာပါ။ ဆောင်းရာသီရဲ့ အေးခဲမှုကတော့ တကယ့်ကို ရက်ရက်စက်စက်ပါပဲနော်။ shwekhitonlinetv.com

၁၅။ နှင်းတောထဲမှာ ဒန်းစီးနေတဲ့ ကလေးငယ်

အနှုတ် ၄၉ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ အေးခဲနေတဲ့အချိန်မှာ ကစားကွင်းအတွင်းတယောက်ထဲ ဒန်းစီးနေတဲ့ ကလေးငယ်လေးကို တွေ့မြင်ရမှာပါ။ တကယ့်သတ္တိခဲလေးပါပဲ။ shwekhitonlinetv.com

၁၆။ အေးခဲနေတဲ့ကား

နှင်းထုထဲရောက်နေတာ မဟုတ်ပေမယ့်လည်း လုံးဝကိုအေးခဲသွားရတဲ့ ကားရဲ့အဖြစ်ပဲ ဖြစ်ပါတယ်။ ဆောင်းရာသီကတော့ ကားပိုင်ရှင်တွေအတွက် ဘယ်လိုမှ အဆင်ပြေနိုင်မယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၇။ လေထဲပျံနေတဲ့ ဆီထည့်တဲ့ပန့်

အေးခဲနေတဲ့ ဆောင်းရာသီကို ခန့်မှန်းလို့ရနိုင်တဲ့ နောက်ထပ်ဓာတ်ပုံတခုပဲ ဖြစ်ပါတယ်။ ဆီထည့်တဲ့ပန့်တခုလုံးကိုတောင် အေးခဲတောင့်တင်းသွားစေတဲ့ ရာသီဥတုကတော့ တကယ့်ကို ကြမ်းတမ်းလွန်းလှပါတယ်။ shwekhitonlinetv.com

၁၈။ လေပေါ်ဝဲခေါက်ဆွဲ

ခေါက်ဆွဲရော တူရောကိုပါ လေထဲဝဲသလို ဖြစ်စေတဲ့ ရာသီဥတုပါ။ အေးခဲသွားတာကြောင့် ခေါက်ဆွဲပျံနေသလို ဖြစ်သွားစေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၉။ ဆောင်းရာသီပျော်ပွဲစား

နွေရာသီမဟုတ်လည်း ဆောင်းရာသီမှာပဲ ပျော်ပွဲစားထွက်လို့ရကြောင်း ပြသနေသလိုပါပဲနော်။ အေးခဲပြီးရွေ့လျားနေတဲ့ ရေခဲပြင်ပေါ်မှာ အကျအနထိုင်ပြီး စားသောက်ကြရင်း ကြမ်းတမ်းလွန်းတဲ့ရာသီဥတုမှာ ကြံဖန်ပျော်ရွှင်နေကြတဲ့ သူတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂၀။ ကားအမိုးလေးပဲတွေ့ရတော့တဲ့နှင်းထု

တွေ့မြင်ရတဲ့ နှင်းထုကတော့ ကားတစီးလုံးနစ်မြုပ်သွားနိုင်တဲ့အထိ ထူထဲနေပါတယ်။ ဒီလိုနှင်းထုထဲကို ခုန်ချလိုက်မယ်ဆိုရင်တော့ လူတကိုယ်လုံးတောင် ပျောက်သွားမယ်ထင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။