ကမ္ဘာတဝှမ်းက လက်ခံယုံကြည်ထားတဲ့ အမျိုးသားတွေရဲ့ မတူကွဲပြားတဲ့ အလှအပ စံချိန်စံညွှန်းများ

နိုင်ငံအလိုက် အမျိုးသားတွေရဲ့ အလှအပစံချိန်စံညွှန်းသတ်မှတ်ချက်များဟာ ကွဲပြားခြားနားကြပါတယ်။ အမျိုးသမီးတွေလိုပဲ အမျိုးသားတွေဟာလည်း ဆွဲဆောင်မှုရှိစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားလေ့ရှိကြပါတယ်။ ရိုးရာယဥ်ကျေးမှုကိုလိုက်ပြီး ကွဲပြားခြားနားသွားတဲ့ အလှအပစံချိန်စံညွှန်းများဟာ နိုင်ငံအလိုက် မတူညီကြပါဘူး။ ဒါ့ကြောင့် ကမ္ဘာ့နိုင်ငံအနှံ့အပြားက မတူညီတဲ့ စံချိန်စံညွှန်းများကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ United States and Canada

အမေရိကန်နဲ့ ကနေဒါနိုင်ငံများမှ အမျိုးသားတွေနဲ့ ပက်သက်တဲ့ အလှအပစံသတ်မှတ်ချက်တွေကတော့ ကြွက်သားတွေအပြည့်နဲ့ အသွင်အပြင် ၊ ရွှေအိုရောင်အသားအရည်နဲ့ ကြမ်းတမ်းတဲ့ သွင်ပြင်ရှိတဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေကြောင့် လွန်ခဲ့တဲ့နှစ်တွေမှာ ငယ်ရွယ်သူတွေကြား အလှအပစံညွှန်းတွေဟာ ပြောင်းလဲလာကြပါတယ်။ ပြောင်းလဲလာတဲ့ စံညွှန်းကတော့ ပျော့ပျောင်းနူးညံ့တဲ့ ပုံစံရှိတဲ့ အမျိုးသားတွေကိုလည်း ဒီနေ့ခေတ်မှာတော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေအဖြစ် သတ်မှတ်လာကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ India

အိန္ဒိယနိုင်ငံရဲ့ အဓိကအလှအပသတ်မှတ်ချက်ကတော့ ဖြူဖျော့တဲ့ အသားအရည်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ နာမည်ကြီးချင်တယ်ဆိုရင်တော့ အသားဖြူဖို့ အဓိက လိုအပ်ပါတယ်နော်။ တခြားသတ်မှတ်ချက်တွေအနေနဲ့ကတော့ အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ စံသတ်မှတ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကြွက်သားအပြည့်နဲ့ ရုပ်ရည်သွင်ပြင် ၊ ဆံပင်ထူထူနဲ့ ကြည်လင်တဲ့ အသားအရည် စတဲ့ အရည်အချင်းတွေဟာ အိန္ဒိယနိုင်ငံရဲ့ အလှအပစံသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ United Kingdom

စစ်တမ်းများအရ အင်္ဂလိပ်လူမျိုးတွေကတော့ အားကစားသမားတွေလို တောင့်တင်းတဲ့ ခန္ဓာကိုယ် ၊ အညိုရောင်မျက်ဝန်း ၊ အညိုရင့်ရောင်ဆံပင်တိုနဲ့ ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးရှိသူတွေကို ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးရှိသူတွေဟာ သာမန်လူတွေထက် ၆၀% ခန့် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ လက်ခံထားကြပါတယ်။ shwekhitonlinetv.com

၄။ Philippines

ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသားအလှအပစံသတ်မှတ်ချက်တွေဟာ ပြောင်းလဲနေကြပါတယ်။ ထိုနိုင်ငံမှာရှိတဲ့ အမျိုးသားတွေဟာ ပိုမိုဆွဲဆောင်မှုရှိစေဖို့အတွက် အလှပြင်ဆိုင်များကို သွားရောက်ကာ ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးတွေရရှိစေဖို့ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။ အခြားသောအလှအပ စံညွှန်းများကတော့ အရပ်အမြင့်အနေနဲ့ အနည်းဆုံး ၅ ပေ ၉ လက်မရှိဖို့နဲ့ ဆံပင်အနက်ရောင် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ထို့အပြင် “Mestizo” လို့ခေါ်တဲ့ အနောက်နိုင်ငံသားတွေနဲ့ ရောယှက်နေတဲ့ သွင်ပြင် ( နိုင်ငံခြားသွေးနှော ) ဖြစ်ပေါ်နေဖို့လည်း လိုပါတယ်။ shwekhitonlinetv.com

၅။ South Korea

အမျိုးသားတွေရဲ့ အလှအပစံချိန်စံညွှန်းကို သတ်မှတ်တဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံဟာ အနောက်နိုင်ငံရဲ့ စံသတ်မှတ်ချက်တွေနဲ့ ကွဲပြားလွန်းလှပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဖြူဖျော့တဲ့ အသားအရည်ရှိပြီး မပိန်လွန်းမဝလွန်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်အမျိုးသားတွေကို ပိုမိုဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ယောကျ်ားလေးတွေအတွက် အလှအပသတ်မှတ်ချက်ကတော့ အနည်းငယ်နူးညံ့တဲ့ မျက်နှာသွင်ပြင် ၊ ထင်ရှားတဲ့မျက်ရစ် နဲ့ ဖြူဖျော့တဲ့အသားအရည် ပိုင်ဆိုင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

တောင်ကိုရီးယား အနုပညာရှင်အမျိုးသားတွေဟာ မိတ်ကပ်လိမ်းကာ နှုတ်ခမ်းနီဆိုးလေ့ရှိကြပြီး အခုလိုလုပ်ရတာကိုလည်း ရှက်ကြောက်မနေကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသားအနုပညာရှင်တွေဟာ ဆံပင်အရောင်မကြာခဏပြောင်းလဲလေ့ရှိကြပြီး ပိုမိုနုပျိုတဲ့ပုံစံ ဖြစ်နေဖို့အတွက် ဆံပင်အရောင်နုတွေကို ဆိုးလေ့ရှိကြပါတယ်။ shwekhitonlinetv.com

၆။ Mexico

မက်ဆီကိုနိုင်ငံရဲ့ အလှအပသတ်မှတ်ချက်ကတော့ တောင်ကိုရီးယားနိုင်ငံနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ မက်ဆီကိုနိုင်ငံမှာတော့ အမျိုးသားတွေအနေနဲ့ ယောက်ျားဆန်ဆန် တောင့်ဖြောင့်နေတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်မှသာ ပိုမိုဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။​ shwekhitonlinetv.com

၇။ Germany

ဂျာမနီနိုင်ငံမှာရှိတဲ့ အမျိုးသားတွေအနေနဲ့ကတော့ အနက်ရောင် သို့မဟုတ် အညိုရောင် ဆံပင်တိုရှိပြီး အရပ်ရှည်နေမှသာ ဆွဲဆောင်မှုရှိတယ်လို့ ထိုနိုင်ငံက အမျိုးသမီးများက သတ်မှတ်ကြပါတယ်။ ကြွက်သားတွေနဲ့ ကြံ့ခိုင်တဲ့ အမျိုးသားတွေကို နှစ်သက်ကြသလို ပိန်ပါးတဲ့ ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသားတွေကိုလည်း နှစ်သက်ကြတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၈။ Italy

အီတလီနိုင်ငံသား အမျိုးသားတွေအနေနဲ့ကတော့ အားလုံးဟာကြည့်ကောင်းပြီး ရုပ်ရည်ချောမောတဲ့အတွက် အလှအပစံသတ်မှတ်ချက်တွေ မရှိဘူးလို့ ဆိုပါတယ်။ ထိုနိုင်ငံမှာရှိတဲ့ အမျိုးသားအများစုကတော့ ဆံပင် နှုတ်ခမ်းမွှေးနဲ့ ခန္ဓာကိုယ်အမွှေးအမျှင်တွေနဲ့ ပက်သက်ပြီး အထူးဂရုစိုက်ပြင်ဆင်လေ့ရှိကြပါတယ်။ သူတို့ဟာ မိန်းမဆန်လွန်းတဲ့ ခရမ်းရောင် ၊ ပန်းရောင်လို အရောင်နုတွေ ဝတ်ဆင်ရမှာလည်း ရှက်ကြောက်မနေကြပါဘူး။ shwekhitonlinetv.com

၉။ Australia

သြစတေးလျနိုင်ငံမှာရှိတဲ့ အမျိုးသားတွေအတွက် အလှအပစံနှုန်းသတ်မှတ်ချက်ကတော့ ခန္ဓာကိုယ်အတိုင်းအတာပဲ ဖြစ်ပါတယ်။ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသားတွေဟာ ပိုမိုဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။ shwekhitonlinetv.com

၁၀။ The Netherlands

နယ်သာလန်နိုင်ငံသားများဟာ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးလူမျိုးတွေအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ပျမ်းမျှအားဖြင့် နယ်သာလန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ၅ပေ ၇လက်မ အထိ ရှိကြပြီး အမျိုးသားတွေဟာ ၆ပေအထိ အရပ်ရှည်ကြပါတယ်။ ဒါ့ကြောင့် နယ်သာလန်နိုင်ငံရဲ့ အလှအပသတ်မှတ်ချက်ကတော့ အမျိုးသမီးတွေထက် အရပ်ပိုရှည်တဲ့ အမျိုးသားတွေဟာ ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။