လူသိအရမ်းနည်းလွန်းလှပြီး ထူးခြားတဲ့နောက်ခံသမိုင်းကြောင်းလေးတွေရှိနေတဲ့ ကျွန်းများ

ကမ္ဘာပေါ်မှာရှိတဲ့ကျွန်းအရေအတွက်ကတော့ မရေမတွက်နိုင်အောင်ပဲများပြားလှမယ်ထင်ပါတယ်။ ဒါပေမယ့် ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်မှာလူသိအရမ်းနည်းလွန်းလှပြီး ထူးခြားတဲ့နောက်ခံသမိုင်းကြောင်းလေးတွေရှိနေတဲ့ကျွန်းလေးတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ ကျိန်စာသင့်နေတဲ့ Gaiola ကျွန်းကလေး

ကြီးမားတဲ့ ကျောက်ဆောင်နှစ်ခုကို တံတားအိုလေးတစ်ခုနဲ့ဆက်သွယ်ထားတဲ့ Gaiola Island ကတော့ အီတလီနိုင်ငံနေပယ်ပင်လယ်ကွေ့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီကျွန်းကလေးကရုတ်တရက်ကြည့်ရင် လှပပြီး ရိုမန်းတစ်ဆန်တယ်လို့ထင်ရပေမယ့်အမှန်တစ်ကယ်တော့ကျိန်စာတွေနဲ့ပြည့်နှက်နေတဲ့ကျွန်းလေးလို့ လူသိများလှပါတယ်။ ဒီကျွန်းပေါ်မှာနေထိုင်ကြသူူတွေဟာ ရုတ်တရတ်နှလုံးဖောက်တာမျိုး၊ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာမျိုး၊ စည်းစိမ်ဥစ္စာတွေဆုံးရှုံးတာမျိုး၊ သူတစ်ပါးကိုရက်စက်ကြမ်းကြုတ်စွာ Tတ်ဖြတ်တာမျိုး၊ စိတ်ဖောက်ပြန်တာမျိုး၊ ထောင်ကျတာမျိုး အစရှိတဲ့မကောင်းတဲ့ဖြစ်စဉ်တွေကို တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ခဲ့ကြရပါတယ်။ shwekhitonlinetv.com

၂။ ဂဏန်းတွေကြီးစိုးထားတဲ့ ခရစ္စမတ်ကျွန်း

သြစတြေးလျနိုင်ငံပိုင်နက်ဖြစ်တဲ့ဒီကျွန်းကိုတော့ ၁၆၄၃ ခုနှစ် ခရစ္စမတ်နေ့မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ ခရစ္စမတ်ကျွန်းလို့နာမည်ပေးထားတာဖြစ်ပါတယ်။ ဒီကျွန်းပေါ်မှာမတူညီတဲ့ဂဏန်းမျိုးစိတ်ပေါင်း (၁၄) မျိုးရှိပြီးခန့်မှန်းခြေအားဖြင့် ဂဏန်းကောင်ရေ သန်း (၁၄၀) ကျော်ရှိတယ်လို့သိရပါတယ်။ ထူးခြားတာက ဒီဂဏန်းတွေဟာ မိတ်လိုက်ပြီးသားပေါက်ဖို့အတွက် ရာသီချိန်ဆိုရင် (၅) မိုင်လောက်ဝေးတဲ့ကမ်းခြေဆီကို အစုလိုက်အပြုံလိုက်ခရီးနှင်ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ရဲရင့်တဲ့ စူးစမ်းလိုသူတွေသွားရောက်သင့်တဲ့ကျွန်း

ဒီကျွန်းကိုတော့ Hashima ကျွန်းလို့လဲခေါ်သလို အချို့ကလည်း ဒီကျွန်းကို Gunkanjima လို့ခေါ်ကြပါတယ်။ တစ်ချိန်ကဒီကျွန်းလေးဟာ လူနေထူထပ်တဲ့နေရာတစ်ခုဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စွန့်ပစ်ခံနေရာတစ်ခုဖြစ်သွားခဲ့ပါပြီ။ ဒီကျွန်းနဲ့ပတ်သတ်တဲ့ထိတ်လန့်စရာနောက်ကြောင်းဇာတ်လမ်းတွေကတော့ ဒီကျွန်းကိုယနေ့ထက်တိုင် စူးစမ်းလိုသူတွေရောက်ရှိလာအောင်ဆွဲဆောင်နေတဲ့အချက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လူသူကင်းမဲ့နေတဲ့ စိတ္တဇကျွန်း

Poveglia ကျွန်းကတော့တစ်ချိန်တုန်းက နေမကောင်းသူတွေ ဖျားနာနေသူတွေကို စုဝေးထားရှိရာကျွန်းတစ်ကျွန်းဖြစ်ခဲ့ဖူးပါတယ်။ ဒီအလေ့အထကိုတော့ ၁၉၂၂ ခုနှစ်ရောမလူမျိုးတွေက စတင်ခဲ့တာဖြစ်ပြီး ဒီကျွန်းပေါ်မှာစိတ်ကျန်းမာရေးဆေးရုံတစ်ရုံကိုပါတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ခေတ်မှာ လူသူကင်းမဲ့ပြီးဒေသခံတွေကိုယ်တိုင်တောင်သွားရောက်လည်ပတ်ဖို့သတ္တိမရှိဘူးဆိုတဲ့အချက်က ရဲရင့်တဲ့စွန့်စားရှာဖွေသူတွေကို ဒီကျွန်းကိုသွားရောက်ဖို့ ဆွဲဆောင်နေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အချိန်ဇုန်မရှိတဲ့ကျွန်း

နာမည်ကျော်အမျိုးသမီးလေယာဉ်ပိုင်းလော့တစ်ဦးဖြစ်တဲ့ အမ်မီလီယာအမ်းဟာ့ ရဲ့ကမ္ဘာပတ်ခရီးစဉ်အတွင်း ဒီကျွန်းမှာအရေးပေါ်ဆင်းသက်ခဲ့ဖူးပြီး သူမရောက်ရှိခဲ့ဖူးတဲ့ ကျွန်းတွေထဲမှာ အထူးဆန်းဆုံးကျွန်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ကျွန်းဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာအလယ်လောက်မှာတည်ရှိတဲ့ Howland ကျွန်းဟာသန္တာကျောက်တန်းတွေရှိနေတဲ့ကျွန်းဖြစ်ပြီး ဒီကျွန်းမှာလူသူနေထိုင်ခြင်းမရှိတာကြောင့် အချိန်ဇုန်သတ်မှတ်ထားခြင်းမရှိတဲ့နေရာတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၆။ ရေမျောနေတဲ့လူလုပ်ကျွန်း

ဒါကတော့ ပီရူးနိုင်ငံ တီတီကာကာရေကန်ကြီးထဲမှာရှိတဲ့ လူလုပ်ကျွန်းတစ်ခုဖြစ်ပါတယ်။ တိုတိုရာလို့ခေါ်တဲ့ ကျူပင်တစ်မျီုးကနေရက်လုပ်ထားတဲ့ဖျာတွေကို ကြိုးနဲ့ချည်နှောင်စုစည်းထားပြီး ရေပေါ်မှာ ပေါ်လောမျောနေအောင်ဖန်တီးပြီး ဆွေမျိုးတွေစုစည်းနေထိုင်ကြတာဖြစ်တယ်လို့သိရပါတယ်။ ဒီကျွန်းကလည်း လေ့လာချင်စရာကောင်းတဲ့ကျွန်းတစ်ကျွန်းဖြစ်နေတာအမှန်ပါပဲ။ shwekhitonlinetv.com

၇။ ကျွန်းအလယ်က ကျွန်းရဲ့အလယ်က ရေကန်ရှိတဲ့ ကျွန်း

ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းတစ်ကျွန်းရဲ့ အလယ်မှာရေကန်တစ်ကန်၊ အဲ့ဒီရေကန်ရဲ့အလယ်မှာကျွန်းတစ်ကျွန်း၊ အဲ့ဒီကျွန်းရဲ့အလယ်မှာနောက်ထပ်ရေကန်တစ်ကန်၊ ခေါင်းရှုပ်သွားပြီလားမသိဘူး။ ဒါပေမယ့် Vulcan Point ဟာအမှန်တစ်ကယ် အဲ့ဒီလိုကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ပုံကိုကြည့်ရင်တော့ စာဖတ်ပရိသတ်တွေအနေနဲ့ပိုပြီးရှင်းလင်းသွားမယ်လို့ထင်ပါတယ်။ ဒီလိုထူးခြားတဲ့ ပထဝီဝင်အနေအထားကြောင့် သွားရောက်လေ့လာသင့်တဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply