ကြောင်လေးတွေနဲ့ ပတ်သက်တဲ့ အံ့အားသင့်ဖွယ်အချက်များ

ရွှေခေတ်ပရိသတ်တွေ ထဲမှာ ကြောင်လေးတွေကို ချစ်တက်တဲ့သူတွေ ရှိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့​ဖော်ပြပေးမယ့် အကြောင်းအရာက ကြောင်လေးတွေနဲ့ ပတ်သက်တဲ့ အကြောင်း အရာလေးတွေဖြစ်နေလို့ပါပဲ။ ဘယ်လိုအကြောင်းအရာလေးတွေဖြစ်မလဲဆိုတာ ဆက်လက်လေ့လာ ကြည့်လိုက်ရအောင်နော် …. shwekhitonlinetv.com

၁။ ပထမဆုံးအနေနဲ့​ကြောင်လေးတွေရဲ့ သက်တမ်းကို ပြောပြချင်ပါတယ်။ များသောအားဖြင့်တော့ ကြောင်လေးတွေရဲ့ ပျှမ်းမျအသက်က အများဆုံး (၁၅) နှစ်အထိသာ ရှင်သန်နိုင်ကြပါတယ်။ ဒါပေမယ့်လည်း ဂင်းနစ်စံချိန်တင်ထားတဲ့ (Guinness World Record) Corduroy အမည်ရှိ ကြောင်ကတော့ အသက် (၂၆) နှစ်အထိတိုင်အောင် ရှင်သန်နေထိုင်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ကြောင်လေးတွေဟာ သူတို့ရဲ့ နားရွက်တွေကို ၁၈၀ ဒီဂရီအထိ လှည့်နိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့်သူတို့နားရွက်လေးတွေကို ပုံစံအမျိုးမျိုး လုပ်လို့ရတာပါ။ shwekhitonlinetv.com

၃။ ကြောင်လေးတွေရဲ့ အကြားအာရုံခံနိုင်စွမ်းက လူသားတွေထက် (၅) ဆလောက်ပိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူတို့နားမှာ အသံတိုးတိုးလေးနဲ့ ပြောမယ်ဆိုရင်တောင် သူတို့က ကြားနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၄။ ကြောင်တွေက ချိုတဲ့အရသာဆိုတာကို ဘာမှန်းမသိကြပါဘူး။ ဘာလို့လည်းဆိုတော့ ချိုတယ်ဆိုတဲ့ အရသာကို သူတို့ရဲ့ ဦးနှောက်က သိနားလည်နိုင်စွမ်း မရှိလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ တစ်ကယ်လို့သင့်အနေနဲ့ သင့်ရဲ့ကြောင်ကို အသားမကျွေးဘူးဆိုရင် သူ့အတွက် သက်တမ်းစေ့ နေရဖို့ အခွင့်အလမ်းနည်းပါး ပါတယ်။ ဘာလို့လည်းဆိုတော့ အသားတွေထဲမှာပါတဲ့ အမိုင်နိုအက်ဆစ်က သူတို့အသက်ရှင်သန်မှုအတွက် အချက်အချာဖြစ်တဲ့ လိုအပ်ချက်တစ်ခုဖြစ်နေလို့ပါပဲ။ shwekhitonlinetv.com

၆။ ကြောင်တွေဟာ မဆုတ်မနစ်ဇွဲလုံ့လ ရှိတဲ့ သတ္တဝါလေးတွေလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ သူတို့လိုချင်တာ မရမချင်း မရပ်မနား တညှောင်ညှောင်နဲ့ အော်နေတတ်ကြလို့ပါပဲ။ shwekhitonlinetv.com

၇။ လူသားတွေရဲ့ လက်ဗွေရာဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီဘဲ ကွဲပြားကြသလို ကြောင်တွေမှာလည်း သူတို့ရဲ့ နှာဖျားလေးတွေက တစ်ကောင်နဲ့တစ်ကောင် မတူညီကြပါဘူး။ shwekhitonlinetv.com

၈။ ဘာကြောင့်လဲတော့ သေချာစွာမသိပေမယ့် ကြောင်တိုင်းလိုလို စက္ကူဗူးခွံ၊ သေတ္တာဗူး စတာတွေကို အလွန်နှစ်သက်တတ်ကြပါသတဲ။ သူတို့နေဖို့နဲ့ ဆော့ကစားဖို့ပဲ ဖြစ်မယ်ထင်ပါရဲ့နော်။ shwekhitonlinetv.com

၉။ လူတွေလိုပဲ ကြောင်တွေကလည်း စိတ်ကောက်တက်တဲ့ သဘောသဘာဝ ရှိကြပါသတဲ့။ ဒါ့အပြင် အငြိုးအတေးလည်ကြီးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁၀။ နောက်ဆုံးတစ်ချက်ကတော့ လူအတော်များများ လက်ခံယုံကြည်ထားတဲ့ အယူအဆလေးတစ်ခုပါ။ အဲ့ဒါကတော့ ​ဖြူဆွတ်နေတဲ့ကြောင်လေးတွေဟာ ကံကောင်းခြင်းတွေကို ဆောင်ကျဥ်းပေးနိုင်ပါတယ်တဲ့။ အိပ်မက်ထဲမှာ မက်ရင်တောင်မှ ကံကောင်းစေတယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။