အမှတ်တရ ဓာတ်ပုံတွေထဲမှာ မရည်ရွယ်ပဲ ပါသွားကြသူများ

အခုတစ်ခါပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ကင်မရာနဲ့ ဓာတ်ပုံရိုက်နေရင်း ပါသွားကြတဲ့ အပြင်က သူစိမ်းတွေ ရဲ့ ပုံလေးတွေကို‌ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်နော်။

တစ်ခါတစ်လေမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ အပြင်အတူထွက်တာပဲ ဖြစ်ဖြစ် ခရီးသွားတာပဲ ဖြစ်ဖြစ် အမှတ်တရ ဓာတ်ပုံရိုက်နေတုန်း ပုံထဲမှာ တစ်ခြားအပြင်က ကိုယ်မသိတဲ့သူတွေက ပိုစ့်ပေးနေတာမျိုး ကြုံဖူးကြမှာပါ ။ အခုဖော်ပြပေးမဲ့ အထဲမှာလည်း ဒီလို ပုံလေးတွေ ပါလို့ တစ်ပုံချင်းစီ အတူတူ ကြည့်လိုက်ရအောင်နော်….

၁ ။ မျက်စိလျှင်တဲ့ သူတွေသာ ရှာတွေ့မယ့် ဓာတ်ပုံ

ပုံလေးကတော့ အမှတ်တမဲ့ ကြည့်ရင် သာမန်ပုံလေးတစ်ပုံပါပဲ ။ တစ်ကယ် မျက်စိလျှင်တဲ့ သူတွေဆိုရင်တော့ ဒီပုံလေးမှာ ဘာထူးခြားနေလည်း ဆိုတာ ရှာတွေ့မှာပါနော်….

၂။ ရိုမန်တစ်ဆန်ချင်ပေမယ့် တလွဲဖြစ်သွားရတဲ့ စုံတွဲ

ဒီပုံထဲက စုံတွဲကတော့ လှပတဲ့ ရှုခင်းနေရာလေးမှာ နှစ်ယောက်သား ရိုနေတဲ့ ပုံလေးကို ရိုက်ဖို့ ပြင်ဆင်နေတာပါ ။ ဒါပေမယ့်လည်း ကင်မရာ ရိုက်နေစဉ်မှာ အရှေ့က လူတစ်ယောက် ဖြတ်လျှောက်သွားလို့ အခုလို လှလှပပ အတွဲပုံလေးထွက်လာတာပဲ ဖြစ်ပါတယ် ။

၃ ။ ကာယကံရှင်ထက် ပိုပြီး Surprise ဖြစ်သွားတဲ့ အမျိုးသမီး

အခုပုံလေးထဲမှာဆိုရင်တော့ အမျိုးသားတစ်ယောက်က သူ့ချစ်သူ ကောင်မလေးကို လက်ထပ်ခွင့် တောင်းနေတာပါ ။ ဒါပေမယ့် လက်ထပ်ခွင့်အတောင်းခံရတဲ့ ကောင်မလေးက အံ့ဩနေသော်လည်း အနောက်က အမျိုးသမီးကတော့ ကာယကံရှင်ထက် ပိုပြီး Surprise ဖြစ်သွားပုံ ရပါတယ် ။

၄။ ဘယ်သူ က ကိုယ်ဝန်ဆောင်သည်လဲ ?

အမျိုးသမီး တစ်ယောက်က သူမကိုယ်ဝန်လွယ်ထားရတဲ့ ပုံလေးကို အမှတ်တရ အဖြစ် ရိုက်ကူးထားတာပါ ။ ပိုပြီး အမှတ်တရ ဖြစ်သွားကတော့ သူမ အမျိုးသားရဲ့ ဗိုက်ကလည်း အ၀လွန်နေတာကြောင့် သူမ နီးတူ ဗိုက်ဖောင်းနေတာပဲ ဖြစ်ပါတယ် ။ ဒီပုံလေးကို ကြည့်ပြီး ဘယ်သူက ကိုယ်ဝန်ဆောင် အစစ်လည်း ဆိုပြီး မေးကြကာ Social Media ပေါ်မှာ စနောက်ခံကြရပါသေးတယ် ။

၅ ။ တစ်ယောက်တည်း အလှဓာတ်ပုံရိုက်ချင်သော်လည်း မျက်နှာ ပြောင်တဲ့ သူနဲ့ တွေ့သောအခါ….

ပုံလေးထဲက အမျိုးသမီးကတော့ အိုက်စလန်ကျွန်းပေါ်ကို သွားရောလည်ပတ်နေတုန်းက အမှတ်တရ အဖြစ် ရိုက်ထားခဲ့တာပါ  ။ ဒါပေမယ့် ပုံကို သေချာ ပြန်ကြည့်လိုက်တော့ မျက်နှာ ပြောင်တတ်တဲ့ သူ တစ်ယောက်က သူမရဲ့ ပုံထဲမှာ စနောက်ပြီး ပိုစ့်ပေးထားတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ် ။

၆။ ထူးဆန်းလွန်းတဲ့ ဓာတ်ပုံ

ဇနီးမောင်နှံ နှစ်ယောက် သူတို့ရဲ့ မင်္ဂလာဆောင် နေ့မှာ နှစ်ယောက်သား အမှတ်တရ Selfie ပုံရိုက်ခဲ့ပါတယ် ။ နောက်ပိုင်း ပုံကို သေချာကြည့်တော့မှ သူတို့နှစ်ယောက်ကြားမှာ ပါနေတဲ့ အရာက ဘယ်သူလည်း ၊ ဘာကြီးလည်း ဆိုတာ မသိကြပါဘူးတဲ့ ။ ပရိသတ်ကြီးလည်း ဒီပုံလေးကို ကြည့်ပြီး ခန့်မှန်းပေးကြည့်လိုက်ပါဦးနော်….

၇။ မိမိမှာ ဓာတ်ပုံရိုက်တဲ့ထဲ ပါအောင် အမြန် ဝင်ရသောအခါ….

ဓာတ်ပုံ ရိုက်တဲ့အထဲ ပါချင်လို့ အမြန်ပြေးဝင်ပြီး အိုက်တင်ပေးရတဲ့ အချိန်မျိုး လူတော်တော်များများ ကြုံဖူးကြမှာပါ ။ ဒါပေမယ့် ပုံထွက်လာတဲ့အခါကျရင် အခုလို ဗရုတ်သုတ်ခ ပုံတွေပဲ ထွက်လာတာက များပါတယ်……

၈။ ဓာတ်ပုံ အရိုက်ခံချင်တဲ့ ကြောင်လေး

တစ်ခါတစ်လေ ကိုယ့်ဘာသာကို အေးအေး လူလူ ဓာတ်ပုံ ရိုက်မယ်လို့ ပြင်လိုက်ပြီ ဆိုရင် ဒီပုံထဲကလိုမျိုး ခဏ ခဏ ကြုံဖူးကြမှာပါ ။ အခုလည်း ကောင်မလေး က ဓာတ်ပုံရိုက်ဖို့ ပြင်ထားတာကို သူ မပါရလ်ို့ အရှေ့ကနေ ကွယ်ပြီး သူ့မျက်နှာကြီးပဲ ကွက်ရိုက်သွားတဲ့ ကြောင်ဆိုးလေးပဲ ဖြစ်ပါတယ် ။

၉။ ပုံကို သေချာ ကြည့်ပြီး ရယ်လိုက်ပါ ။

တစ်ကယ်လို့ သင်ဟာ မျက်စိ လျင်ပြီး သေချာကြည့်တတ်တဲ့ သူဆိုရင် ဒီပုံလေးကို ကြည့်ပြီး အူတက်နေအောင် ရယ်နေမိမှာ အသေအချာပါပဲ ။ သေချာ ကြည့်ပြီး ရယ်မောနိုင်ကြပါစေနော်….

၁၀ ။ မျက်နှာက တစ်ကယ့် ချစ်စရာလေး

ဒီခွေးလေးကတော့ သူ့သခင် စုံတွဲ အရှေ့မှာ အခန့်သား ထိုင်ပြီး ခပ်တည်တည်နဲ့ ဓာတ်ပုံ အရိုက်ခံနေတာပဲ ဖြစ်ပါတယ် ။ တစ်ကယ့်ကို ဓာတ်ပုံ ဝါသနာအိုးလို့ပဲ ပြောရမှာပါ ။

၁၁ ။ အိုက်တင် အပေးကောင်းတဲ့ ကလေးလေး 

ပုံထဲက ကလေးလေးကတော့ မင်္ဂလာဆောင်ပွဲတစ်ခုက သတို့သမီး အခန်းထဲမှာ ရှိနေတုန်း ရုပ်တည်တည် နဲ့ ဓာတ်ပုံ အရိုက်ခံနေတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သူမရဲ့ အိုက်တင်လေးကတော့ မြင်ရသူတွေကို ရယ်မောသွားစေခဲ့ပါတယ် ။

၁၂ ။ အဖမ်းခံရသော်လည်း ကင်မရာရှေ့ ဖြတ်ရသောအခါ….

ဒီပုံထဲက အမျိုးသားကတော့ ကမ်းခြေမှာ ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပေမယ့်လည်း ကင်မရာ အရှေ့ ဖြတ်လျှောက်သွားရတဲ့ အခါမှာတော့ အခုလိုမျိုး အူကြောင်ကြောင် မျက်နှာပုံစံ ဖြစ်သွားပါတယ် ….

၁၃ ။  အလွန်ကံကောင်းသွားတဲ့ အမျိုးသား

အခုမြင်နေရတဲ့ အမျိုးသားကတော့ ဓာတ်ပုံရိုက်နေတဲ့ အချိန်အထိ သူ ဘယ်လောက် ကံကောင်းလည်း ဆိုတာ သိချင်မှ သိမှာပါ ။ ဒါပေမယ့် သူရိုက်ခဲ့တဲ့ ဓာတ်ပုံကို ပြန်ကြည့်တဲ့ အချိန်ကျရင်တော့ သူ့ပုံအနောက်မှာ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဘီလ်ဂိတ် လည်းပါခဲ့တယ်ဆိုတာ သိရင်တော့ ထခုန်မိသွားမှာ အသေအချာပါပဲ……

၁၄ ။ ပွဲမဖျက်ချင်ပေမယ့်လည်း အချိန်မမှီတော့ သော အခါ……

ဒါကတော့ ဒစ္စနေးလန်းမှာ အထာကျကျ ကောင်မလေးကို ရိုမန်တစ် ဆန်ဆန် လက်ထပ်ခွင့် တောင်းဖို့ ကြံစည်နေတဲ့ ပုံပါ ။ ဖြစ်ချင်တော့ လူတစ်ယောက်က အရှေ့က ဖြတ်မိသလို ဖြစ်သွားပြီး သူ သတိထားမိသွားတဲ့ အချိန်မှာ ဓာတ်ပုံ ဆရာက ရိုက်မိပြီးသား ဖြစ်သွားတာကြောင့် ချစ်သူ နှစ်ဦးရဲ့ ရိုမန်တစ် ဆန်တဲ့ အခိုက်အတန့်ကို ဖျက်ဆီးမိသလို မျိုး ဖြစ်သွားတာပဲ ဖြစ်ပါတယ် ။

၁၅ ။ ခပ်ချေချေ ပုံစံနဲ့ ဓာတ်ပုံရိုက်တဲ့ အထဲ ပါခဲ့တဲ့ လိပ်ကလေး

ပုံထဲက ပင်လယ်လိပ်ကလေးကတော့ မိသားစု အမှတ်တရ ဓာတ်ပုံရိုက်တဲ့ ပုံထဲ အမှတ်မထင် ပါခဲ့တာပဲ ဖြစ်ပါတယ် ။ အမှတ်မထင် ပါတယ်ဆိုပေမယ့် တစ်ကယ့် ကင်မရာရှေ့ ရောက်သွားတဲ့ အခါမှာတော့ ပုံမှာ မြင်ရတဲ့ ခပ်ချေချေ မျက်နှာထားနဲ့ အိုက်တင် ပေးခဲ့တာပါ ။

အခုဖော်ပြပေးထားတာကတော့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ရင်းနဲ့ အမှတ်မထင် ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးတွေကို မှတ်တမ်းတင်ထားတဲ့ ပုံလေးတွေကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ကြည်နူး ပျော်ရွှင်စေမယ့် ပုံလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် ……

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။