ကမ္ဘာ့သမိုင်းမှာ အချမ်းသာဆုံးဖြစ်ခဲ့တဲ့ နာမည်ကြီး ဂန်းစတားများ

ဂန်းစတားတစ်ယောက်လို့ ပြောလိုက်တာနဲ့ သွေးထွက်သံယို ဖြစ်တာတွေ ၊ သေနတ်တွေ ၊ တရားမဝင် ပိုက်ဆံတွေနဲ့ ဇိမ်ကျကျနေထိုင်တာလို့ပဲ တော်တော်များများက မြင်မိကြမှာပါ ။ ဂန်းစတားတွေရဲ့ အဓိက ငွေဝင်ပေါက်တော့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတာတွေနဲ့ တစ်ခြားသော တရားမဝင်တဲ့ လုပ်ငန်းတွေကနေ ရရှိကြတာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် အခုတစ်ခါမှာတောာ့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဖြစ်ခဲ့တဲ့ နာမည်ကြီးဂန်းစတားတွေ အကြောင်းကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Al Capone

Al Capone ဆိုတာ အမေရိကန် ဂန်းစတားတစ်ယောက်ဖြစ်ပြီး ချီကာဂို မာဖီးယား အဖြစ် နာမည်ကြီးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် ။ ၁၉၂၉ ခုနှစ်က Capone ရဲ့ ငွေကြေးအချိုးအစားကို စစ်တမ်းကောက်တဲ့အခါ တရားမဝင် အရက်လုပ်ငန်းကနေ ရတဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း ၆၀ အထိ ရခဲ့ပြီး လောင်းကစားလုပ်ငန်းတွေက နေ ဒေါ်လာ ၂၅ သန်း ၊ ဒုစရိုက်လုပ်ငန်းတွေက နေ ဒေါ်လာ ၁၀ သန်း နဲ့ အခြားသော တရားမဝင်လုပ်ငန်းတွေကနေ ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၀ သန်း အထိ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလို ငွေကြေးအမြောက်အမြား ရရှိခဲ့တာကြောင့် Capone ဟာ သူ့ရဲ့ လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ဂန်းစတားပေါင်း အယောက် ၆၀၀ ကျော်လောက်အထိ ထားရှိခဲ့ပါတယ် ။ ဒီလို အချက်တွေကြောင့်ပဲ ယနေ့ငွေကြေးတန်ဖိုးနဲ့ တွက်ကြည့်မယ်ဆိုရင် Capone ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁ ဘီလျံ လောက်အထိ ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၂။ Pablo Escobar

Pablo Escobar ကတော့ တစ်ချိန်က ကိုလမ်ဘီယာနိုင်ငံရဲ့ ကိုကင်းဖြန့်ချီတဲ့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သူဖြစ်ပြီး အမေရိကန် မှုးယစ်ဆေး ဈေးကွက်အထိ အင်ပါယာချဲ့ထွင်ခဲ့တဲ့ ဂန်းစတားတစ်ယောက်ပဲ ဖြစ်ပါတယ် ။ နာမည်ကြီး Forbes မဂ္ဂဇင်းရဲ့ အဆိုအရ Escobar ဟာ ခုနှစ်နှစ်ဆက်တိုက် ကမ္ဘာ့အချမ်းသာဆုံး လူအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁၉၈၇ ခုနှစ်မှာ Escobar ဟာ Cartel လုပ်ငန်းစုရဲ့ မှုးယစ်ဆေးဝါးဈေးကွက် ၄၀ ရာခိုင်နှုန်းလောက်အထိကို ပိုင်ဆိုင်လာခဲ့ပြီး ၁၉၈၉ ခုနှစ်မှာတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှူဟာ အမေရိကန် ဒေါ်လာ ၃ ဘီလီလျံအထိ ရှိလာခဲ့ပါတယ် ။ CelebrityNetWorth.com ရဲ့ ဖော်ပြချက်မှာတော့ Escobar ရဲ့ပိုင်ဆိုင်မှု စုစုပေါင်းဟာ ဒေါ်လာ ၃၀ ဘီလီလျံအထိရှိခဲ့ပြီး ဝင်ငွေအားလုံးဟာ ကိုကင်း လုပ်ငန်းကနေ ရရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ shwekhitonlinetv.com

၃။ Frank Lucas

Frank Lucas ကတော့ တစ်ခြား ဂန်းစတားတွေနဲ့ မတူတဲ့ စီးပွားရေးကို တည်ထောင်ထားသူ တစ်ဦးပါ ။ Lucas ဟာ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ဘိန်းဘုရင် ခွန်ဆာ ဆီကနေ ဟီးရိုးအင်းတွေကို တိုက်ရိုက်တင်သွင်းခဲ့ပြီး ခေါင်းတလားတွေထဲ ထည့်ပြီး ဗီယက်နမ်ကနေ အမေရိကန်နိုင်ငံထဲ ကို လျှို့ဝှက်သယ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကနေ Lucas ဟာ တစ်နေ့ကို ဒေါ်လာ ၁ သိန်းလောက် အထိ ရခဲ့ပြီး သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၅၂ သန်းလောက်ကို ကေမန် လို့ခေါ်တဲ့ ကျွန်းစုထဲမှာ လုံခြုံအောင် ဖွက်ထားတယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၄။ Griselda Blanco

Griselda Blanco ကို ဒုစရိုက်လောကမှာတော့ အနက်ရောင် စုန်းမလို့ လူသိများကြပြီး Escobar တည်ထောင်ထားတဲ့ Medellin cartel ဂိုဏ်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ Blanco ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ ဒေါ်လာ ၂ ဘီလီလျံလောက်အထိ ရှိခဲ့ပြီး ကြေးစားလူသတ်တဲ့ နေရာမှာ စာနာစိတ် လုံးဝမရှိတဲ့သူအဖြစ် နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။ ဖြစ်ချင်တော့ သူမကိုယ်တိုင် Medellin မြို့မှာ ကြေးစားလူသတ်သမား တစ်ချို့ရဲ့ သေနတ်နဲ့ ပစ်သတ်မှုကို ခံသွားခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ Dawood Ibrahim

Dawood Ibrahim ဟာ ၁၉၉၃ ခုနှစ်တုန်းက မွမ်ဘိုင်း ဗုံးပေါက်ကွဲမှုဟာ နောက်ကွယ်ကနေ ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ် ။ သူ့ဘဝရဲ့ အစောပိုင်းကာလတွေတုန်းက Hustler တစ်ယောက်အဖြစ် အချိန်အနည်းငယ်ကြာ လုပ်ကိုင်ခဲ့ပြီး အခုအချိန်မှာတော့ အကြမ်းဖက်အဖွဲ့ပေါင်းစုံနဲ့ ကွန်ရက်ရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

Ibrahim ရဲ့အဆိုအရ သူနဲ့ အနီးအစပ်ဆုံး အဖွဲ့ကတော့ အယ်ကေဒါး အကြမ်းဖက်အဖွဲ့စည်း ဖြစ်ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၆.၇ ဘီလီလျံအထိ ကြွယ်ဝတယ်လို့လည်း ဝန်ခံထားပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာ့အချမ်းသာဆုံး ဂန်းစတားတွေထဲက အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာ တွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။